အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

(၃၃) ကြိမ်မြောက် အရှေ့တောင်အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် နေပြည်တော်နှင့်ရန်ကုန်မြို့တို့တွင် စခန်းသွင်းလေ့ကျင့်လျက်ရှိသော အားကစားအဖွဲ့များအား အသံဆန်းစစ်ခြင်းပြိုင်ပွဲကျင်းပ

နေပြည်တော်၊ စက်တင်ဘာ ၇

၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင် ထိုင်းနိုင်ငံ၌ ကျင်းပပြုလုပ်မည့် (၃၃) ကြိမ်မြောက် အရှေ့တောင်အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် နေပြည်တော်နှင့်ရန်ကုန်မြို့တို့တွင် စခန်းသွင်းလေ့ကျင့်လျက်ရှိရာ အားကစားအဖွဲ့များ စိတ်အ‌ပြောင်းအလဲဖြစ်‌စေရန်နှင့် စိတ်ကြည်လင်အပန်း‌ပြေစေရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အပံ့ဖြစ်စေရန် ရည်ရွယ်၍ အုပ်ချုပ်/ နည်းပြများနှင့် အားကစားသမားများအား သီချင်းဆိုပြိုင်ပွဲအတွက် နောက်ဆုံးလူရွေးချယ်ခြင်းကို ကျင်းပသွားမည်ဖြစ်၍ ကြိုတင်စာရင်းပေးသွင်းထားသူများအား အသံဆန်းစစ်ခြင်းကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)ရှိ ဘက်စုံသုံးခန်းမ (Multipurpose Hall)နှင့် ရန်ကုန်မြို့၊ ကျိုက္ကဆံကွင်းရှိ ပြည်ထောင်စုခန်းမတို့၌ ကျင်းပခဲ့သည်။

အဆိုပါ သီချင်းဆိုပြိုင်ပွဲအတွက် ဆန်ကာတင်ရွေးချယ်ထားသူ ၂၀ ဦးအနက်မှ ၁၀ ဦးအား ထပ်မံရွေးချယ်ခြင်းကို စက်တင်ဘာလ ၂၁ ရက်နေ့တွင်လည်းကောင်း၊ နောက်ဆုံးလူရွေးချယ်ခြင်းနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို အောက်တိုဘာလ ၁၂ ရက်နေ့တွင်လည်းကောင်း ကျင်းပသွားမည်ဖြစ်သည်။

(၃၃) ကြိမ်မြောက် အရှေ့တောင်အားကစားပြိုင်ပွဲတွင် အောင်မြင်မှုရရှိပြီး နိုင်ငံဂုဏ်ဆောင်နိုင်အောင်နှစ်လုံးပေါက် ကြိုးစားလေ့ကျင့်လျက်ရှိသည့် စခန်းဝင်အားကစားအဖွဲ့များ စိတ်ပျော်ရွှင်ပြီး ခဏတာ ဘဝအမောများပြေပျောက်၍ စိတ်သစ်လူသစ်၊ အားအင်အသစ်များဖြင့် အားကစားနည်းအလိုက်လေ့ကျင့်မှုများကို အရှိန်အဟုန်မပျက် ဆက်လက်လေ့ကျင့်နိုင်ရန်အတွက် ယခုလို သီချင်းဆိုပြိုင်ပွဲ ပျော်ပွဲရွှင်ပွဲအခမ်းအနားအား ကျင်းပပေးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။