အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် AFC Women’s Championship League (AWCL) 2025/2026 ပြိုင်ပွဲ၏ Preliminary Stage ပြိုင်ပွဲသို့ တက်ရောက်ကြည့်ရှုအားပေး

ရန်ကုန်၊ ဩဂုတ်လ ၂၅ ရက်

AFC Women’s Championship League(AWCL)2025/2026 ပြိုင်ပွဲ၏ Preliminary Stage ပြိုင်ပွဲကို ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့ ဝေဇယန္တာလမ်းရှိ လူငယ်အားကစားလေ့ကျင့်ရေးစခန်း သုဝဏ္ဏဘောလုံးကွင်းတွင် ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ ၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့် တာဝန်ရှိသူများ ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။

အဆိုပါ ဘောလုံးပြိုင်ပွဲသည် ၂၀၂၅-၂၀၂၆ ရာသီအာရှချန်ပီယံလိဂ် အမျိုးသမီးကလပ်ခြေစစ်ပွဲ ဖြစ်ပြီး ယနေ့တွင် အုပ်စုပထမနေ့ပွဲစဉ်အဖြစ် မြန်မာနိုင်ငံမှ I.S.P.E FC အမျိုးသမီးဘောလုံး အသင်းနှင့် ဂူအမ်နိုင်ငံမှ Strykers FC အမျိုးသမီးဘောလုံးအသင်းတို့ယှဉ်ပြိုင်ကစားရာ ပထမပိုင်း (၄၅)မိနစ်တွင် I.S.P.E FC အမျိုးသမီးဘောလုံးအသင်းက(၇)ဂိုးသွင်းယူနိုင်ခဲ့ပြီး ဒုတိယပိုင်းဆက်လက် ယှဉ်ပြိုင်ကစားရာတွင် I.S.P.E FC အမျိုးသမီးဘောလုံး အသင်းက ထပ်မံ၍ ( ၂ )ဂိုး သွင်းယူနိုင်ခဲ့ကာ ပြိုင်ပွဲပြီးဆုံးချိန်တွင် I.S.P.E FC အမျိုးသမီးဘောလုံးအသင်းက Strykers FC အမျိုးသမီးဘောလုံး အသင်းကို ( ၉ )ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရှိရသည်။