အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

(၁၉)ကြိမ်မြောက် အရှေ့တောင်အာရှ ကာယဗလနှင့်ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်

နေပြည်တော်၊ ဩဂုတ် ၂၁

၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၁၈ ရက်မှ ၂၅ ရက်အထိထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့တွင် ကျင်းပပြုလုပ်သည့် (၁၉)ကြိမ်မြောက် အရှေ့တောင်အာရှကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲနှင့် (၅၇)ကြိမ်မြောက် အာရှကာယဗလနှင့် ကာယကြံ့ခိုင်မှုပြိုင်ပွဲသို့ မြန်မာနိုင်ငံကာယဗလနှင့်ကာယကြံ့ခိုင်မှုအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒုတိယမြို့တော်ဝန် ဦးညီညီမှ အဖွဲ့ခေါင်းဆောင်အဖြစ် ဦးဆောင်လျက်အုပ်ချုပ်သူ ၁ ဦး၊ နည်းပြ ၃ ဦး၊ ဒိုင်လူကြီး ၂ ဦးနှင့် အားကစားသမား ၂၀ ဦးစုစုပေါင်းအားကစားအဖွဲ့ဝင် ၂၆ ဦးဖြင့် သွားရောက်ယှဉ်ပြိုင်လျက်ရှိပါသည်။

ဩဂုတ်လ ၁၈ ရက်မှ ၂၁ ရက်အထိကျင်းပသော(၁၉)ကြိမ်မြောက် အရှေ့တောင်အာရှ ကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲတွင် ချမ်းမြေ့ထွန်းသည် (၇၀)ကီလိုတန်းအမျိုးသားကာယဗလပြိုင်ပွဲ၌ ရွှေတံဆိပ် ဆုကိုလည်းကောင်း၊ စိုင်းသက်နောင်ဦးသည် (၁၇၅)စင်တီမီတာကိုယ်ခန္ဓာအလှ အမျိုးသားကာယကြံ့ခိုင်မှုပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုကိုလည်းကောင်း၊ မျိုးသူရကျော်သည် (၁၇၅) စင်တီမီတာအထက် ကိုယ်ခန္ဓာအလှ အမျိုးသားကာယကြံ့ခိုင်မှုပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုကိုလည်းကောင်း၊ ဆုမွန်လှိုင်သည် (၁၆၀) စင်တီမီတာအထိကိုယ်ခန္ဓာအချိုးအစားအလှ အမျိုးသမီးကာယကြံ့ခိုင်မှုပြိုင်ပွဲတွင် ငွေတံဆိပ်ဆုကိုလည်းကောင်း၊ ဇူးဇူးသန့်သည် (၁၇၀) စင်တီမီတာအထိကိုယ်ခန္ဓာအချိုးအစားအလှ အမျိုးသမီးကာယကြံ့ခိုင်မှုပြိုင်ပွဲတွင် ငွေတံဆိပ်ဆုကိုလည်းကောင်း၊ မောင်မောင်မြင့်သည် (၇၀)ကီလိုတန်းအမျိုးသားကာယဗလပြိုင်ပွဲတွင် ကြေးတံဆိပ်ဆုကိုလည်းကောင်း၊ သန်းဇော်ထိုက်သည် (၁၆၇) စင်တီမီတာအထိအားကစားသမားဆန်သောအမျိုးသားကာယကြံ့ခိုင်မှုပြိုင်ပွဲတွင် ကြေးတံဆိပ်ဆုကိုလည်းကောင်း၊ လင်းလင်းစိုးသည် (၁၆၅) စင်တီမီတာအထိကိုယ်ခန္ဓာအချိုးအစားအလှ အမျိုးသမီးကာယကြံ့ခိုင်မှုပြိုင်ပွဲတွင် ကြေးတံဆိပ် ဆုကိုလည်းကောင်းအသီးသီးဆွတ်ခူးရရှိခဲ့ကြသဖြင့် မြန်မာအားကစားအဖွဲ့သည် ရွှေတံဆိပ် ၃ ခု၊ ငွေတံဆိပ် ၂ ခုနှင့် ကြေးတံဆိပ် ၃ ခုစုစုပေါင်းဆုတံဆိပ် ၉ ခုရရှိခဲ့ပြီး၊ အမျိုးသားအသင်းအနေဖြင့် နိုင်ငံအလိုက် တတိယဆုကိုလည်းကောင်း၊ အမျိုးသမီးအသင်းသည် နိုင်ငံအလိုက်တတိယဆုကိုလည်းကောင်းအသီးသီးရရှိခဲ့ကြပါသည်။

ပြိုင်ပွဲအားလုံးတွင် ရွှေတံဆိပ်ဆုရရှိသူများအားလုံးပြန်လည်ယှဉ်ပြိုင်သည့် ၂၀၂၅ အရှေ့တောင်အာရှ ကာယဗလနှင့်ကာယကြံ့ခိုင်မှူ ပြိုင်ပွဲတွင် မောင်ချမ်းမြေ့ထွန်းမှ ထပ်မံဆွတ်ခူးရရှိပါသည်။

မြန်မာကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားအဖွဲ့သည် (၅၇)ကြိမ်မြောက် အာရှကာယဗလနှင့် ကာယကြံ့ခိုင်မှုပြိုင်ပွဲအားဆက်လက်ယှဉ်ပြိုင်သွားမည်ဖြစ်ပါကြောင်းသတင်းရရှိပါသည်။