အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

မြန်မာနိုင်ငံအိုလံပစ်ကော်မတီအတွင်းရေးမှူး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း ၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အမျိုးသား ဖူဆယ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတက်ရောက်ခဲ့ပြီး အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး)ရှိ တည်ဆောက်ရေးလုပ်ငန်းများကြည့်ရှုစစ်ဆေး

တောင်ကြီး၊ ဩဂုတ် ၂၀

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင်ရောက်ရှိနေသော မြန်မာနိုင်ငံအိုလံပစ်ကော်မတီအတွင်းရေးမှူး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းသည် ယနေ့နံနက်ပိုင်းက ရှမ်းပြည်နယ်လေ့ကျင့်ရေးအားကစားရုံ၌ကျင်းပပြုလုပ်သည့် ၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အမျိုးသား ဖူဆယ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး အခမ်းအနားသို့ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယအမြဲတမ်း အတွင်းဝန် ဦးကျော်ဆန်းနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်က နှုတ်ခွန်းဆက်အမှာစကား ပြောကြားခဲ့ပြီး မြန်မာနိုင်ငံအိုလံပစ်ကော်မတီအတွင်းရေးမှူး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းက အဖွင့်အမှာစကားပြောကြားရာတွင် ဖူဆယ်အားကစားသမားများ အချင်းချင်း ပြည်ထောင်စုစိတ်ဓာတ်ဖြင့် ချစ်ကြည်ရင်းနှီးမှုခိုင်မာလာစေရေး၊ မျိုးဆက်သစ်အားကစား သမားများ ပေါ်ထွက်လာစေရေးနှင့် ဖူဆယ်အားကစားနည်းကို နိုင်ငံအနှံ့ ကျယ်ကျယ်ပြန့်ပြန့် လှုပ်ရှား ကစားကြစေခြင်းဖြင့် ဖူဆယ်အားကစား အဆင့်အတန်း တိုးတက်မြင့်မားလာစေရေးတို့အတွက် တိုင်းဒေသကြီးနှင့်ပြည်နယ် အမျိုးသား ဖူဆယ်ပြိုင်ပွဲကို ကျင်းပပေးရခြင်းဖြစ်ပါကြောင်း၊ ယခုပြိုင်ပွဲသည် အောင်နိုင်သူကို ရွေးချယ်ရန်သက်သက်မဟုတ်ဘဲ တစ်နိုင်ငံလုံးက အားကစားသမားများ ချစ်ကြည် ရင်းနှီးမှုရယူရန်၊ အားကစားစိတ်ဓာတ်ကိုမြှင့်တင်ရန်နှင့် အားကစားလောက ညီညွတ်မှုကိုပြသရန် အတွက်ဖြစ်ကြောင်း၊ ဖူဆယ်အားကစားနည်းသည် တုန့်ပြန်မှုမြန်ဆန်ခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းနှင့် အဖွဲ့လိုက်ဆုံးဖြတ်ခြင်းတို့ကိုတိုးတက်စေသည့် အားကစားနည်းတစ်ရပ်ဖြစ်ပါကြောင်း ပြောကြား၍ ပြိုင်ပွဲအားဖွင့်လှစ်ပေးခဲ့ပြီး ပြိုင်ပွဲဝင်အားကစားသမားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကာ အုပ်စုပထမပွဲစဉ်အဖြစ် အိမ်ရှင် ရှမ်းပြည်နယ်အသင်းနှင့် မွန်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားနေမှု များအား ကြည့်ရှုအားပေးခဲ့သည်။

ဆက်လက်ပြီး ဒုတိယဝန်ကြီးသည် အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး)ရှိ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း တည်ဆောက်ရေးလုပ်ငန်းများ၊ ဆိုလာတပ်ဆင်ပြီးစီးမှုများနှင့် စားရိပ်သာ၊ ဆေးပေးခန်းတို့အား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး ကျောင်းလုံခြုံရေးအတွက် အုတ်တံတိုင်းကာရံမှု လုပ်ငန်းအား သတ်မှတ်ကာလအတွင်း အရည်အသွေးပြည့်မီစွာ တည်ဆောက်နိုင်ရေးအတွက် တာဝန်ရှိ သူများက ကြပ်မတ်စစ်ဆေးဆောင်ရွက်သွားရန်လိုကြောင်း၊ သဘာဝဘေးဒဏ်များခံနိုင်အောင် ရေရှည် မျှော်မှန်းတည်ဆောက်သွားရန်လည်းလိုကြောင်း တာဝန်ရှိသူများအား မှာကြားသွားကာ လိုအပ်သည် များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။