ပထမအကြိမ် နိုင်ငံအလိုက် အားကစားအဖွဲ့ခေါင်းဆောင်များဆွေးနွေးပွဲသို့ တက်ရောက်ရန် ပြည်ပထွက်ခွာ
ရန်ကုန်၊ ဩဂုတ်လ(၁၉)ရက်။
၂၀၂၅ခုနှစ်၊ ဩဂုတ်လ(၁၉)ရက်နေ့မှ (၂၂)ရက်နေ့အထိ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ကျင်းပပြုလုပ်မည့် ပထမအကြိမ် နိုင်ငံအလိုက် အားကစားအဖွဲ့ခေါင်းဆောင်များ ဆွေးနွေးပွဲသို့ တက်ရောက်ရန် မြန်မာနိုင်ငံအိုလံပစ်ကော်မတီ တွဲဖက်အတွင်းရေးမှူး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး ဦးဆောင်သည့်အဖွဲ့ဝင်(၄)ဦးတို့သည် ယနေ့ ညနေ(၁၆:၂၅) နာရီအချိန် တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာရာ ၊ ရန်ကုန်တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မင်းသန်းနှင့် တာဝန်ရှိသူတို့က လိုက်လံပို့ဆောင် နှုတ်ဆက်ခဲ့ကြောင်းသိရှိရသည်။

