အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၅ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် ပိုက်ကျော်ခြင်း (အမျိုးသား/အမျိုးသမီး) လေးယောက်တွဲ အဖွဲ့လိုက် အုပ်စုပတ်လည်ပြိုင်ပွဲများနှင့် ကွာတားဖိုင်နယ်ပြိုင်ပွဲများ ဆက်လက်ကျင်းပ

နေပြည်တော်၊ ဩဂုတ် ၅

ပိုက်ကျော်ခြင်းအားကစားအဆင့်အတန်း ပိုမိုတိုးတက်မြင့်မားလာစေရန်နှင့် မျိုးဆက်သစ် အားကစားသမားများစွာ ပေါ်ထွက်လာစေရန် ရည်ရွယ်ပြီး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ကြီးမှူး၍ တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရအဖွဲ့နှင့် မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်တို့ ပူးပေါင်း ကျင်းပသည့် ၂၀၂၅ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် ပိုက်ကျော်ခြင်း(အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲ များကို ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ ကိုးသိန်းအားကစားရုံ၌ ကျင်းပ ခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ပြိုင်ပွဲကျင်းပရေးဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များနှင့် အားကစား ဝါသနာရှင်များ လာရောက်ကြည့်ရှုအားပေးခဲ့ကြသည်။

ယနေ့ (အမျိုးသား) လေးယောက်တွဲ အဖွဲ့လိုက် အုပ်စုပတ်လည် ပြိုင်ပွဲ ပွဲစဉ်များတွင် မကွေး တိုင်းဒေသကြီးအသင်းက ရှမ်းပြည်နယ်အသင်းကို နှစ်ပွဲပြတ်ဖြင့်လည်းကောင်း၊ မွန်ပြည်နယ်အသင်းက ဧရာဝတီတိုင်းဒေသကြီးအသင်းကို နှစ်ပွဲ တစ်ပွဲဖြင့်လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးအသင်းက ရန်ကုန်တိုင်းဒေသကြီးအသင်းကို နှစ်ပွဲ တစ်ပွဲဖြင့်လည်းကောင်း၊ ပြည်ထောင်စုနယ်မြေ နေပြည်တော် အသင်းက ကယားပြည်နယ်အသင်းကို နှစ်ပွဲပြတ်ဖြင့်လည်းကောင်း၊ ကရင်ပြည်နယ်အသင်းက ချင်း ပြည်နယ်အသင်းကို နှစ်ပွဲပြတ်ဖြင့်လည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီးအသင်းက ပဲခူးတိုင်း ဒေသကြီးအသင်းကို နှစ်ပွဲ တစ်ပွဲဖြင့်လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအသင်းက ရခိုင်ပြည်နယ် အသင်းကို နှစ်ပွဲပြတ်ဖြင့်လည်းကောင်း၊ (အမျိုးသမီး) လေးယောက်တွဲ အဖွဲ့လိုက် အုပ်စုပတ်လည် ပြိုင်ပွဲ ပွဲစဉ်များတွင် စစ်ကိုင်းတိုင်းဒေသကြီးအသင်းက မကွေးတိုင်းဒေသကြီးအသင်းကို နှစ်ပွဲ တစ်ပွဲဖြင့် လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီးအသင်းက မန္တလေးတိုင်းဒေသကြီးအသင်းကို နှစ်ပွဲပြတ်ဖြင့် လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအသင်းက ပဲခူးတိုင်းဒေသကြီးအသင်းကို နှစ်ပွဲပြတ်ဖြင့် လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအသင်းက ရှမ်းပြည်နယ်အသင်းကို နှစ်ပွဲပြတ်ဖြင့်လည်းကောင်း အသီးသီး ယှဉ်ပြိုင်အနိုင်ရရှိခဲ့ကြသည်။

ဆက်လက်ပြီး အုပ်စုပတ်လည်ပြိုင်ပွဲများအပြီးတွင် (အမျိုးသား/အမျိုးသမီး) လေးယောက်တွဲ အဖွဲ့လိုက် ကွာတားဖိုင်နယ် ပြိုင်ပွဲ ပွဲစဉ်များကို ဆက်လက်ယှဉ်ပြိုင်ကစားခဲ့ရာ (အမျိုးသား) လေးယောက်တွဲ အဖွဲ့လိုက် ကွာတားဖိုင်နယ် ပြိုင်ပွဲ ပွဲစဉ်များတွင် မွန်ပြည်နယ်အသင်းက ကရင်ပြည်နယ် အသင်းကို နှစ်ပွဲပြတ်ဖြင့်လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးအသင်းက စစ်ကိုင်းတိုင်းဒေသကြီး အသင်းကို နှစ်ပွဲပြတ်ဖြင့်လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီးအသင်းက ပဲခူးတိုင်းဒေသကြီးအသင်း ကို နှစ်ပွဲ တစ်ပွဲဖြင့်လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအသင်းက ကချင်ပြည်နယ်အသင်းကို နှစ်ပွဲပြတ် ဖြင့်လည်းကောင်း၊ (အမျိုးသမီး) လေးယောက်တွဲ အဖွဲ့လိုက် ကွာတားဖိုင်နယ် ပြိုင်ပွဲ ပွဲစဉ်များတွင် ဧရာဝတီတိုင်းဒေသကြီးအသင်းက မကွေးတိုင်းဒေသကြီးအသင်းကို နှစ်ပွဲ တစ်ပွဲဖြင့်လည်းကောင်း၊ မွန်ပြည်နယ်အသင်းက ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းကို နှစ်ပွဲပြတ်ဖြင့်လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအသင်းက မန္တလေးတိုင်းဒေသကြီးအသင်းကို နှစ်ပွဲပြတ်ဖြင့် လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအသင်းက ရခိုင်ပြည်နယ်အသင်းကို နှစ်ပွဲ တစ်ပွဲဖြင့် လည်းကောင်း အသီးသီး ယှဉ်ပြိုင်အနိုင်ရရှိခဲ့ကြသည်။

၂၀၂၅ ခုနှစ် ဩဂုတ်လ ၆ ရက်နေ့နံနက် ၉ နာရီမှစတင်၍ (အမျိုးသား) လေးယောက်တွဲ အဖွဲ့လိုက် အကြိုဗိုလ်လုပွဲ ပြိုင်ပွဲ ပွဲစဉ်များအဖြစ် မွန်ပြည်နယ်အသင်းနှင့် မန္တလေးတိုင်းဒေသကြီးအသင်း၊ ဧရာဝတီတိုင်းဒေသကြီးအသင်းနှင့် ရန်ကုန်တိုင်းဒေသကြီးအသင်း၊ (အမျိုးသမီး) လေးယောက်တွဲ အဖွဲ့လိုက် အကြိုဗိုလ်လုပွဲ ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ဧရာဝတီတိုင်းဒေသကြီးအသင်းနှင့် မွန်ပြည်နယ် အသင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအသင်းနှင့် ရန်ကုန်တိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားသွားကြ မည်ဖြစ်ပြီး အကြိုဗိုလ်လုပွဲ ပွဲစဉ်များအပြီးတွင် တတိယလုပွဲ ပွဲစဉ်များကို ဆက်လက်ကျင်းပသွားမည် ဖြစ်သည်။

အဆိုပါ ၂၀၂၅ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် ပိုက်ကျော်ခြင်း(အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲများကို ၂၀၂၅ ခုနှစ် ဇူလိုင်လ ၃၀ ရက်နေ့မှ ဩဂုတ်လ ၇ ရက်နေ့အထိ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ ကိုးသိန်းအားကစားရုံ၌ ကျင်းပပြုလုပ်သွားမည်ဖြစ်၍ အားကစားဝါသနာရှင် မိဘပြည်သူ များအနေဖြင့် မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်း သိရသည်။