အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၅ ခုနှစ် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန (၄)နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ် ဂေါက်သီးရိုက်ပြိုင်ပွဲ ကျင်းပ

နေပြည်တော်၊ ဩဂုတ် ၂

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် နေပြည်တော် (ရုံးချုပ်)နှင့် တိုင်းဒေသကြီးနှင့်ပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ခံ ညွှန်ကြားရေးမှူး များအားလုံး ကျန်းမာကြံ့ခိုင်ပြီး စိတ်လက်ပေါ့ပါးစေရန်၊ ချစ်ကြည်ရင်းနှီးမှုပိုမိုရရှိစေရန်နှင့် အချင်းချင်း ပူးပေါင်းဆောင်ရွက်တတ်စေရန် ရည်ရွယ်၍ ၂၀၂၅ ခုနှစ် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန (၄)နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ် ဂေါက်သီးရိုက်ပြိုင်ပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် မြို့တော်ဂေါက်ကွင်း၌ ကျင်းပခဲ့သည်။

ယနေ့ ပြိုင်ပွဲ ပွဲစဉ်များအဖြစ် အမျိုးသား 2 Coner 18 ကျင်း ပြိုင်ပွဲတွင် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ တာဝန်ခံ ညွှန်ကြားရေးမှူးများကလည်းကောင်း၊ အမျိုးသမီး ကျင်းစိမ်ပြိုင်ပွဲတွင် အကြီးအကဲများ၏ ဇနီးများ၊ လက်ထောက်အတွင်းဝန်များ၊ တာဝန်ခံ ညွှန်ကြားရေးမှူးများနှင့် ညွှန်ကြားရေးမှူးများ၏ ဇနီးများ ပျော်ပျော်ပါးပါး ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

အဆိုပါ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန (၄)နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ် ဂေါက်သီးရိုက်ပြိုင်ပွဲတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးထိန်လင်း၊ ဦးဇင်မင်းထက်နှင့်ဇနီး၊ ဦးဖြိုးဇော်စိုး၊ ညွှန်ကြားရေးမှူးချုပ်များနှင့်ဇနီးများ၊ ဒုတိယ အမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ဇနီးများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ တာဝန်ခံ ညွှန်ကြားရေးမှူးများနှင့်ဇနီးများ ပျော်ပျော်ပါးပါး ပါဝင်ဆင်နွှဲယှဉ်ပြိုင် ခဲ့ကြသည်။

ထို့နောက် (၄)နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ် ဂေါက်သီးရိုက်ပြိုင်ပွဲ ဆုချီးမြှင့်ခြင်းနှင့် ညစာစားပွဲအခမ်းအနားအား ဆက်လက်ကျင်းပခဲ့ရာ ပြိုင်ပွဲတွင် အမျိုးအစားအလိုက် ဆုရရှိခဲ့ကြသူများကို ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများက ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပြီး အခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်းသိရသည်။