အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ဝန်ထမ်းများ တွေ့ဆုံဆန္ဒဖော်ထုတ်ပွဲ အခမ်းအနားကျင်းပ

နေပြည်တော်၊ ဇူလိုင် ၃၀

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် နှင့် အရာထမ်း/ အမှုထမ်းများ တွေ့ဆုံဆန္ဒဖော်ထုတ်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း(Gold Camp)ရှိ Gold Medal Hall ၌ ကျင်းပခဲ့ရာ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းဦး၊ ဌာနခွဲများမှ ညွှန်ကြားရေးမှူးများနှင့် အရာထမ်း/အမှုထမ်းများ တက်ရောက်ခဲ့သည်။

ဦးစွာ ညွှန်ကြားရေးမှူးချုပ်က အမှာစကားပြောကြားရာတွင် မိမိတို့ဝန်ကြီးဌာနတွင် တာဝန် ထမ်းဆောင်လျက်ရှိသည့် အရာထမ်း/အမှုထမ်း မိသားစုဝင်အားလုံး၏ အခက်အခဲများကို တစ်ပြိုင် တည်း၊ တစ်ချိန်တည်း ဖြေရှင်းကူညီဆောင်ရွက်ပေးနိုင်ရန်အတွက် ယနေ့အခမ်းအနားအား ကျင်းပ ပေးရခြင်းဖြစ်ပါကြောင်း၊ အရာထမ်း/ အမှုထမ်းများအနေဖြင့် မိသားစုစိတ်ဓာတ်ထားရှိပြီး လုပ်ငန်း တာဝန်များကို အချိန်နှင့် တစ်ပြေးညီ အောင်မြင်အောင် ဆောင်ရွက်နိုင်ရန်နှင့် မိမိတို့၏ ဝန်ကြီးဌာန တိုးတက်စေရန်အတွက် ဝိုင်းဝန်းအကြံပြု ဆွေးနွေးတင်ပြပေးစေလိုကြောင်း၊ နိုင်ငံဝန်ထမ်းများ ဖြစ်သည့်အတွက် ဝန်ထမ်းစည်းမျဉ်း/ စည်းကမ်းများကို လေးစားလိုက်နာကြရန်နှင့် အခက်အခဲများ ရှိပါက တင်ပြပေးစေလိုကြောင်း ပြောကြားခဲ့သည်။

ဆက်လက်ပြီး ဌာနခွဲများအလိုက် ဝန်ထမ်းများက အသီးသီး တင်ပြခဲ့ကြရာ ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ညှိနှိုင်းဖြေရှင်းဆောင်ရွက်ပေးခဲ့ပြီး ညွှန်ကြားရေးမှူးချုပ်က ဝန်ထမ်းများ၏ အခက်အခဲများ အဆင်ပြေစေရေးအတွက် အကြီးအကဲများထံ ဆက်လက်တင်ပြ၍ ဖြေရှင်းကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ နောင်တွင်ထပ်မံကျင်းပမည့် ဝန်ထမ်းဆန္ဒဖော်ထုတ်ပွဲ အခမ်းအနားတွင် တင်ပြမည့်သူနှင့် တင်ပြချက်များအား စနစ်တကျရှိစေရေး အတွက် အချက်အလက်များအား မှတ်တမ်းများ ပြုလုပ်ဆောင်ရွက်ပြီး သက်ဆိုင်ရာ တာဝန်ရှိသူများ အနေဖြင့် စိစစ်ကြပ်မတ် ဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားခဲ့ပြီး အခမ်းအနားအား ရုပ်သိမ်း ခဲ့ကြောင်း သိရသည်။