အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

စင်ကာပူ တာတိုဖလား ကနူး/ကယက်လှေလှော်ပြိုင်ပွဲ၌ ရွှေ(၁၀)ခု ၊ ငွေ(၁)ခု ၊ ကြေး(၄)ခု ဆွတ်ခူးရရှိခဲ့သည့်အောင်ပွဲရ မြန်မာလှေလှော်အဖွဲ့ ရောက်ရှိကြိုဆို

ရန်ကုန်၊ ဇူလိုင်လ(၁၅)ရက်။

စင်ကာပူနိုင်ငံ၌ ဇူလိုင်၁၂ရက်နေ့ မှ ၁၃ရက်နေ့အထိ ကျင်းပ‌ခဲ့သော စင်ကာပူ တာတိုဖလား ကနူး / ကယက်လှေလှော်ပြိုင်ပွဲ (2025 Singapore Sprint Cup) တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် စင်ကာပူ၊ ဩစတြေးလျ ၊ဟန်ဂေရီ၊ မြန်မာ၊မလေးရှား၊ တရုတ်(တိုင်ပေ) ပြိုင်ပွဲဝင်နိုင်ငံပေါင်း(၆)နိုင်ငံ မှ ပြိုင်ပွဲဝင် အသင်းပေါင်း(၁၀)သင်တို့ ယှဉ်ပြိုင်ခဲ့ရာ မြန်မာနိုင်ငံလှေလှော် အဖွဲ့ချုပ်မှ ကနူး / ကယက်လှေလှော် အားကစားအဖွဲ့သည် ရွှေတံဆိပ်(၁၀)ခု ၊ ငွေတံဆိပ်(၁)ခု ၊ ကြေးတံဆိပ်(၄)ခု စုစုပေါင်း ဆုတံဆိပ်(၁၅)ခုဖြင့် ထိုက်ထိုက်တန်တန် ဆုတံဆိပ်များ ရယူခဲ့သည်။

ပြိုင်ပွဲပထမနေ့တွင် အမျိုးသားကနူးတစ်ယောက်လှော် မီတာ(၁၀၀၀)ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုကိုလည်းကောင်း၊ U-18 အမျိုးသားတစ်ယောက်လှော် မီတာ(၁၀၀၀)ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုကို လည်းကောင်း ၊ U-18 အမျိုးသား ကနူး တစ်ယောက်လှော် မီတာ(၅၀၀)ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုကို လည်းကောင်း ၊ U-18 အမျိုးသား ကယက် တစ်ယောက်လှော် မီတာ(၅၀၀)ပြိုင်ပွဲတွင် ငွေတံဆိပ်ဆုနှင့် ကြေးတံဆိပ်ဆုကို လည်းကောင်း ၊ ပြိုင်ပွဲဒုတိယနေ့တွင် အမျိုးသား ကနူး နှစ်ယောက်လှော် မီတာ (၂၀၀) ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုကိုလည်းကောင်း၊ အမျိုးသား ကနူး လေးယောက်လှော် မီတာ (၂၀၀) ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုကိုလည်းကောင်း၊ အမျိုးသား ကနူး တစ်ယောက်လှော် မီတာ (၂၀၀) ပြိုင်ပွဲတွင် ရွှေတံဆိပ် ဆုကိုလည်းကောင်း၊ U-18 အမျိုးသား ကနူး တစ်ယောက်လှော် မီတာ(၂၀၀)ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုကို လည်းကောင်း ၊ အမျိုးသား ကနူး တစ်ယောက်လှော် မီတာ (၅၀၀) ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုကိုလည်းကောင်း၊ အမျိုးသား ကနူး နှစ်ယောက်လှော် မီတာ (၅၀၀) ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုကိုလည်းကောင်း၊ အမျိုးသား ကနူး လေးယောက်လှော် မီတာ (၅၀၀) ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုကိုလည်းကောင်း၊ အမျိုးသား ကယက် လေးယောက်လှော် မီတာ (၅၀၀) ပြိုင်ပွဲများတွင် ကြေးတံဆိပ်ဆုများကို အသီးသီးဆွတ်ခူးရရှိခဲ့ကြပြီး နိုင်ငံအလိုက် ပထမ ရရှိခဲ့သည်။

အဆိုပါ အောင်ပွဲရအားကစားအဖွဲ့မှ အဖွဲ့ခေါင်းဆောင်း ဒေါက်တာ ကျော်ရဲဟိန်း ဦးဆောင်၍ အသင်းအုပ်ချုပ်သူ ၊ နည်းပြအပါအဝင် အားကစားသမား စုစုပေါင်း (၁၁)ဦးတို့သည် ယမန်နေ့ည(၁၀)နာရီ(၃၀)မိနစ်အချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း နှင့် အစိုးရအဖွဲ့ဝန်ကြီးများ ၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး နှင့် အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ အားကစားအထောက်အကူပြုအဖွဲ့ ဥက္ကဌနှင့်တာဝန်ရှိသူများ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်မှတာဝန်ရှိသူများနှင့်အားကစားသမားများ ၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) မှ သင်တန်းသား /သင်တန်းသူများ ၊မိဘ ပြည်သူများက သောင်းသောင်းဖျဖျကြိုဆိုခဲ့ကြသည်။