မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ရန်ကုန်မြို့ရှိ အားကစားကွင်း/အားကစားရုံနှင့် (၁၃)ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲအတွက် စခန်းဝင်လေ့ကျင့်နေသော အားကစားသမားများအားကြည့်ရှုစစ်ဆေး
ရန်ကုန်၊ ဇူလိုင်လ (၆)ရက် ။
မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး နှင့် တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့က ရန်ကုန်မြို့ ဒဂုံမြို့သစ်တောင်ပိုင်းရှိ ဘောလုံးကွင်းသို့ရောက်ရှိပြီး ပြည်နယ်နှင့်တိုင်းဒေသကြီး U-18 ဘောလုံး ပြိုင်ပွဲကျင်းပပြုလုပ်နိုင်ရန် ဂိုးတိုင် ၊ ဂိုးပိုက်များနှင့် အားကစားသမားအရံထိုင်ခုံများ ကောင်းမွန် စေရေး၊ ပွဲကြည့်စင်များ ကောင်းမွန်စေရေး၊ ဘောလုံးကွင်းစိမ်းလန်းစိုပြေစေရေးနှင့် သန့်ရှင်း သပ်ရပ်မှုရှိစေရေးတို့ကို တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ပြီး တိုက်ကွမ်ဒိုအားကစားသမား များလေ့ကျင့်နေမှုကို ကြည့်ရှုအားပေးခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဒဂုံမြို့သစ်တောင်ပိုင်းရှိ Multipurpose Stadium သို့ ရောက်ရှိ၍ အားကစားရုံအတွင်း လိုက်လံကြည့်ရှုစစ်ဆေးပြီး အားကစားရုံသန့်ရှင်း သပ်ရပ်လှပ သာယာစေရေး၊ ရေရှည်တည်တံ့ကြံ့ခိုင်စေရေးနှင့် အဆောက်အဦများအား စနစ်တကျ ထိန်းသိမ်း ဆောင်ရွက်သွားရန်မှာကြားခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့ချုပ် သို့ ရောက်ရှိပြီး (၁၃)ကြိမ်မြောက်အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲအတွက် စခန်းဝင်လေ့ကျင့်နေ သော အားကစားသမားများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အမှာစကားပြောကြားရာတွင် ပြိုင်ပွဲ၌ နိုင်ငံ့ဂုဏ်ဆောင်နိုင်ရေးကို ဆက်လက်ကြိုးစားကြရန်၊ စိတ်ဓာတ် ၊ စည်းကမ်းကောင်းမွန်ပြီး စွမ်းအားများတိုး၍ စည်းလုံးမှုရှိစွာဖြင့် စံချိန် ၊ စံညွှန်း ၊ စံနှုန်းများ ကောင်းမွန်အောင်ကြိုးစားကြရန်၊ နိုင်ငံတော်က အားကစားသမားများ အင်အားပြည့်ဝစေရန် ထပ်ဆောင်းကျွေးမွေးစရိတ် တိုးမြှင့် ပေးခဲ့ရာ အားကစားသမားများအား (၁)ဦးလျှင်ရှိရမည့် ကယ်လိုရီများအတိုင်း ဂရုစိုက်ကျွေးမွေးရန်၊ ပြိုင်ပွဲတွင် စနစ်တကျပါဝင်ယှဉ်ပြိုင်နိုင်ပြီး နိုင်ငံတော်အတွက်ဆုတံဆိပ်များ ရရှိအောင်ကြိုးစားကြ ရန်မှာကြားပြီးနောက် ထိုင်လျှက်ဘော်လီဘောအားကစားသမားများ လေ့ကျင့်ယှဉ်ပြိုင်နေမှုအား ကြည့်ရှုအားပေးခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ထမင်းစားဆောင်အတွင်းအားကစားသမားများ ကျွေးမွေးရန် ပြင်ဆင်ထားရှိမှုများအား ကြည့်ရှုစစ်ဆေး၍ အဖွဲ့ချုပ်မှတာဝန်ရှိသူများက ပြိုင်ပွဲ အတွက် လက်ရှိဆောင်ရွက်နေမှုအခြေအနေများနှင့် ပြိုင်ပွဲသုံးအထာက်အကူပြုပစ္စည်းများ၊ ခြေတုများ ဝယ်ယူနိုင်ရေးကိုတင်ပြရာ ညွှန်ကြားရေးမှူးချုပ်မှ ဖြည့်စွက်ဆွေးနွေးပြီး ပြည်ထောင်စု ဝန်ကြီး မှ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်းသိရှိရသည်။
ယင်းနောက်ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ယနေ့ နေ့လယ်တွင် ရန်ကုန်မြို့ စမ်းချောင်း မြို့နယ်ရှိ ပဒုမ္မာအားကစားကွင်းသို့ ရောက်ရှိပြီး ဘောလုံးကွင်းအတွင်းလှည့်လည်ကြည့်ရှုစစ်ဆေး၍ အလံတိုင်၊ ဂိုးတိုင်နှင့် ဂိုးပိုက်များ ကောင်းမွန်စွာတပ်ဆင်ထားရှိရန် ၊ ဘောလုံးကွင်းမြက်ခင်းပြင် စိမ်းလန်းစိုပြေစေရန် ၊ ကွင်းပတ်လည်နံရံများ၊ ခြံစည်းရုံးများ ၊ ပွဲကြည့်စင်ထိုင်ခုံများ ဆေးသုတ်ရန်၊ ရေနုတ်မြောင်းအဖုံးများ စနစ်တကျထားရှိရန်၊ သန့်ရှင်းသပ်ရပ်မှုရှိစေရန်နှင့် လုံခြုံရေးသတိရှိပြီး ဂရုစိုက်ရန် တာဝန်ရှိသူတို့အား လမ်းညွှန်မှာကြားခဲ့ပါသည်။
ထို့မှတဆင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဝေဇယန္တာလမ်းရှိ လူငယ်အားကစား လေ့ကျင့်ရေးစခန်း သုဝဏ္ဏဘောလုံးကွင်းတွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ၊ မြန်မာနေရှင်နယ် လိဂ်က ကြီးမှူးကျင်းပသည့် MNL LEAGUE CUP 2025 ဘောလုံးပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲ ဖြစ်သည့် Yangon United အသင်းနှင့် Shan United အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုအား ကြည့်ရှု အားပေးခဲ့ပါသည်။
ပြိုင်ပွဲအပြီးတွင် Yangon United အသင်း က Shan United အသင်းကို ( ၁ )ဂိုး ၊ ဂိုးမရှိ ဖြင့် အနိုင်ရရှိခဲ့ပြီး ဆုများပေးအပ်ချီးမြှင့်ရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစား နှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ၊ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ၊ အာရှဘောလုံးအဖွဲ့ချုပ်အကြီးတန်းဒုတိယဥက္ကဋ္ဌ၊မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ၊ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် တို့ကဆုရရှိခဲ့သောပြိုင်ပွဲဝင်အသင်းမှအားကစားသမားများအားတစ်ဦးချင်းဆုတံဆိပ်၊ ဂုဏ်ပြုချီးမြှင့် ငွေနှင့် ဆုဖလားတို့ကို အသီးသီးပေး အပ်ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။





