အာရှလူငယ်သက်တန်းကြက်တောင်ပြိုင်ပွဲသို့ မြန်မာနိုင်ငံကြက်တောင်အဖွဲ့ချုပ်မှ လူငယ်လက်ရွေးစင်များကမ္ဘောဒီးယားနိုင်ငံသို့ထွက်ခွာ
ရန်ကုန် ၊ ဇူလိုင်လ( ၅)ရက်။
ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့တွင် ဇူလိုင် ၇ ရက်မှ ၁၂ ရက်အထိ ကျင်းပပြုလုပ်မည့် BADMINTON ASIA REGIONAL CHAMPIONSHIPS 2025 (Southeast Asia) Mixed Team & Individual Event ပြိုင်ပွဲသို့ ၀င်ရောက်ယှဥ်ပြိုင်ရန်မြန်မာနိုင်ငံကြက်တောင်အဖွဲ့ချုပ်မှ လူငယ်လက်ရွေးစင်များသည် ယနေ့နံနက်က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှကမ္ဘောဒီးယားနိုင်ငံသို့ထွက်ခွာသွားရာ မြန်မာနိုင်ငံကြက်တောင်အဖွဲ့ချုပ်မှ တာ၀န်ရှိသူများပို့ဆောင်နှုတ်ကြသည်။
အဆိုပါပြိုင်ပွဲသို့ မြန်မာနိုင်ငံကြက်တောင်အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးအောင်ပိုင် ၊ အုပ်ချုပ် ၊ နည်းပြနှင့်လူငယ်လက်ရွေးစင်ကစားသမားအမျိုးသားခြောက်ဦး ၊ အမျိုးသမီးခြောက်ဦး စုစုပေါင်း ၁၇ဦးတို့၀င်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။
ယင်းပြိုင်ပွဲတွင် လူငယ်လက်ရွေးစင်ကစားသမားများသည်U-15 ၊ U-17 ၊ U-23 တို့ ၀င်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီးအိမ်ရှင်ကမ္ဘာဒီးယား၊ မြန်မာ၊ လာအို၊ တီမော၊ ဘရူနိုင်နိုင်ငံများ ၀င်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရှိရသည်။

