အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ပြည်ထောင်စုနယ်မြေ နေပြည်တော် အားကစားဖွံ့ဖြိုးတိုးတက်စေရေးအတွက် အားကစားကွင်း/အားကစားရုံများအား လိုက်လံကြည့်ရှုစစ်ဆေး

နေပြည်တော်၊ ဇူလိုင် ၂

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးထိန်လင်း၊ ဦးဇင်မင်းထက်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စု နယ်မြေ နေပြည်တော် အားကစားဖွံ့ဖြိုးတိုးတက်စေရေးအတွက် အခြေခံကျသည့် အားကစားကွင်း/ အားကစာရုံများကို ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ်ရန် လျာထားသည့် မြေနေရာများ အား လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ပျဉ်းမနားမြို့နယ်၊ ဘောဂဝတီအားကစားကွင်းရှိ ဘောလုံးကွင်း ပတ်လည် ခြံစည်းရိုးအုတ်တံတိုင်း ကာရံထားရှိမှုအခြေအနေများ၊ ဂိုးတိုင်နှင့် ဂိုးပိုက်များ တပ်ဆင် ထားရှိမှုအခြေအနေများအားလည်းကောင်း၊ ဘောလုံးကွင်းမြက်ခင်း ရေဖြန်းပိုက်(Sprinkler) တပ်ဆင်ထားမှုနှင့် ရေနုတ်မြောင်း ဖောက်လုပ်ထားမှုအခြေအနေများနှင့် ရေသုံးစွဲမှု အဆင်ပြေစေရေး အတွက် ရေစင်တည်ဆောက်ထားရှိမှုအခြေအနေများအားလည်းကောင်း လိုက်လံကြည့်ရှုစစ်ဆေး ခဲ့ပြီး ပြည်ထောင်စုနယ်မြေ နေပြည်တော် အားကစားဖွံ့ဖြိုးတိုးတက်စေရေးအတွက် ခရိုင်၊ မြို့နယ် များတွင် အားကစားကွင်း/အားကစားရုံများ ပြည့်ပြည့်စုံစုံဖြစ်အောင် တည်ဆောက်ပေးနိုင်ရေးအတွက် လာမည့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် Synthetic ပြေးလမ်းပါဘောလုံးကွင်းနှင့် ပွဲကြည့်စင်များ ထည့်သွင်းလျာထားနိုင်ရန် တင်ပြနိုင်ရေး စီမံဆောင်ရွက်သွားရန်၊ ပြည်သူများ လာရောက်လေ့ကျင့် ကစားနိုင်စေရေးနှင့် ဘောလုံးအားကစားကွင်းစိမ်းလန်းစိုပြေစေရေး၊ ရေရှည်တည်တံ့စေရေး၊ အဆောက်အဦများ ပြုပြင်ထိန်းသိမ်းရေးနှင့် ရေရရှိစေရေးတို့အတွက် စနစ်တကျ ထိန်းသိမ်းဆောင်ရွက် သွားရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။

ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ် ပြည်သူ့ အားကစားကွင်းသို့ သွားရောက်ပြီး ဘောလုံးအားကစားကွင်းတွင် ဂိုးတိုင်၊ ဂိုးပိုက်များနှင့် ကွင်းထောင့် ဧရိယာများတွင် Coner တိုင်များ စနစ်တကျ တပ်ဆင်ထားရန်၊ လာမည့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေး နှစ်တွင် ခြံစည်းရိုးအုတ်တံတိုင်းကာရံခြင်းနှင့် ပွဲကြည့်စင်တည်ဆောက်ခြင်းလုပ်ငန်းအား ဦးစားပေး လျာထားရေးဆွဲတင်ပြသွားရန်လိုကြောင်း၊ ဘောလုံးကွင်းစိမ်းလန်းစိုပြေစေရေးနှင့် သန့်ရှင်းသပ်ရပ်မှု ရှိစေရေးတို့အတွက် တာဝန်ပေးဆောင်ရွက်သွားရန် တာဝန်ရှိသူများကို လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။