၂၀၂၅ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် တိုက်ကွမ်ဒိုပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ
၂၀၂၅ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် တိုက်ကွမ်ဒိုပြိုင်ပွဲဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ( ၁၁ : ၀၀)နာရီအချိန်တွင် ရန်ကုန်မြို့ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)သုဝဏ္ဏ၌ ကျင်းပ ပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း၊ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း ၊ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံတိုက်ကွမ်ဒိုအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ နှင့်တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ဆုရအားကစား သမားများ တက်ရောက်ခဲ့ကြပါသည်။
ဦးစွာ ပြိုင်ပွဲ ဗိုလ်လုပွဲများအဖြစ် အမျိုးသား (၅၄-၅၈)ကီလိုတန်းပြိုင်ပွဲ ၊ အမျိုးသမီး(၄၃-၄၆) ကီလိုတန်းပြိုင်ပွဲ ၊ အမျိုးသား(၇၄-၈၀)ကီလိုတန်းပြိုင်ပွဲယှဉ်ပြိုင်ကစားနေမှုများနှင့် ပြင်ဦးလွင် (တိုက်ဂါး ကလပ်)မှ မောင်ကျော်သူရ ၏ က ကွက်ပုံစံ သရုပ်ပြသနေမှုတို့အား ကြည့်ရှုအားပေးခဲ့ပါသည်။
ဆက်လက်၍ ပြိုင်ပွဲအပြီး ဆုများပေးအပ်ချီးမြှင့်ရာ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး က အမျိုးသား (၆၈-၇၄)ကီလိုတန်းပြိုင်ပွဲတွင် ပထမဆုရရှိသော ထက်မြတ်နိုင် (ရှမ်းပြည်နယ်) ၊ ဒုတိယဆုရရှိသော နရဏီဖြိုး (ရန်ကုန်တိုင်းဒေသကြီး) ၊ တတိယဆု ရရှိသော ညေးရယ် (ကယားပြည်နယ်)၊ ပူးတွဲတတိယဆုရရှိသော ဇေရဲနိုင် (ဧရာဝတီတိုင်းဒေသကြီး) တို့အားလည်းကောင်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဆန်း က အမျိုးသမီး (၅၇-၆၂)ကီလိုတန်းပြိုင်ပွဲတွင် ပထမဆုရရှိသော မေမြတ်နိုးဦး (ရန်ကုန်တိုင်းဒေသကြီး) ၊ ဒုတိယဆုရရှိသော ဇူလိုင်မို့မို့ကျော် (စစ်ကိုင်းတိုင်းဒေသကြီး) ၊ တတိယဆု ရရှိသော မေရီယံ (ကချင်ပြည်နယ်)၊ ပူးတွဲတတိယ ဆုရရှိသော ငိုင်ရှင်းနွမ်း (ချင်းပြည်နယ်)တို့အား လည်းကောင်း၊ မြန်မာနိုင်ငံတိုက်ကွမ်ဒိုအဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ ဦးဂျေဂမ်ဖန် က အမျိုးသား (+၈၇) ကီလိုအထက် ပြိုင်ပွဲတွင် ပထမဆုရရှိသော ကောင်းပြည့်စုံ (ရန်ကုန်တိုင်းဒေသကြီး)၊ ဒုတိယဆုရရှိသော ဝေယံမိုး
(ကယားပြည်နယ်)၊ တတိယဆုရရှိသော ဇေယျာရဲရင့်ဝင့် (နေပြည်တော်) ၊ ပူးတွဲ တတိယဆု ရရှိသော နေမင်းအုပ်စိုး (မန္တလေးတိုင်းဒေသကြီး)တို့အားလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အတွင်းရေးမှူး ဦးခင်မောင်ဆန်း က အမျိုးသမီး (၆၂-၆၇) ကီလိုတန်းပြိုင်ပွဲတွင် ပထမဆု ရရှိသော အိသန္တာမျိုးမြတ် (ရန်ကုန်တိုင်းဒေသကြီး)၊ ဒုတိယဆုရရှိသော ငုဝါခိုင် (ဧရာဝတီတိုင်း ဒေသကြီး)၊ တတိယဆုရရှိသော ချစ်မြတ်နိုး (နေပြည်တော်)၊ ပူးတွဲတတိယဆုရရှိသော ခေါန်ဆန့်ဆဲန် (ကချင်ပြည်နယ်) တို့အားလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဥပဒေချုပ် ဒေါ်ဖြူမာဝေ က အမျိုးသား (၈၀-၈၇)ကီလိုတန်းပြိုင်ပွဲ တွင် ပထမဆုရရှိသော ယဉ်မင်းထိုက် (ရန်ကုန်တိုင်း ဒေသကြီး) ၊ ဒုတိယဆုရရှိသော သော်ဇင်အောင် (မန္တလေးတိုင်းဒေသကြီး)၊ တတိယဆုရရှိသော သက်နောင်စိုး(မွန်ပြည်နယ်)၊ ပူးတွဲတတိယဆုရရှိသော သားညီ (ကရင်ပြည်နယ်)တို့အားလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကျော်ကျော်စိုး က အမျိုးသမီး (+၇၃)ကီလိုအထက်ပြိုင်ပွဲတွင် ပထမဆုရရှိသော သက်ထားသူဇာ(ရန်ကုန်တိုင်းဒေသကြီး) ၊ ဒုတိယဆု ရရှိသော ဖြူစင်ချမ်း (ကချင်ပြည်နယ်) ၊ တတိယဆုရရှိသော ရွှေရည်အောင် (စစ်ကိုင်းတိုင်းဒေသကြီး)၊ ပူးတွဲတတိယ ဆုရရှိသော ဝင်းပြည့်ပြည့်ထွန်း (မွန်ပြည်နယ်)တို့ အားလည်းကောင်း၊ ရန်ကုန်တိုင်း အားကစားနှင့်ကာယပညာ ကော်မတီဥက္ကဋ္ဌ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးဌေးအောင် က အမျိုးသမီး (၄၉-၅၃)ကီလိုတန်းပြိုင်ပွဲတွင် ပထမဆုရရှိသော ဆုလေပြေထွန်း (ရှမ်းပြည်နယ်) ၊ ဒုတိယဆုရရှိသော ခင်ငြိမ်းငြိမ်းဇော် (တနင်္သာရီတိုင်းဒေသကြီး) ၊ တတိယဆုရရှိသော နှောင်ကြိုးခိုင် (ပဲခူးတိုင်းဒေသကြီး)၊ ပူးတွဲတတိယ ဆုရရှိသော ခိုင်ဇာလွင်(ဧရာဝတီတိုင်းဒေသကြီး)တို့ အား လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးအရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင် က အမျိုးသား(၅၄-၅၈)ကီလိုတန်းပြိုင်ပွဲတွင် ပထမဆုရရှိသော စွမ်းနောင် (ရန်ကုန်တိုင်းဒေသကြီး)၊ ဒုတိယဆု ရရှိသော ခန့်ထူးလျှံမိုးနေ (ရခိုင်ပြည်နယ်)၊ တတိယဆုရရှိသော ရဲမင်းဦး (ချင်းပြည်နယ်) ၊ ပူးတွဲတတိယ ဆုရရှိသော နိုင်လင်းဦး (မန္တလေးတိုင်းဒေသကြီး) တို့အားလည်းကောင်း၊ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး မြို့တော်ဝန် ဦးဗိုလ်ဌေး က အမျိုးသမီး (၄၃-၄၆) ကီလိုတန်းပြိုင်ပွဲတွင် ပထမဆုရရှိသော အိဖြူခိုင်(မန္တလေးတိုင်းဒေသကြီး) ၊ ဒုတိယဆုရရှိသော အေးမြတ်သူ(ကချင်ပြည်နယ်)၊တတိယဆုရရှိသော ဒီမြာ(ကယားပြည်နယ်)၊ ပူးတွဲတတိယဆုရရှိသော သီတာထွေး(ဧရာဝတီတိုင်းဒေသကြီး) တို့အား လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင့်က အမျိုးသား(၇၄-၈၀)ကီလိုတန်းပြိုင်ပွဲတွင် ပထမဆု ရရှိသော အောင်ကိုကိုပြည့် (ရန်ကုန်တိုင်းဒေသကြီး) ၊ ဒုတိယဆုရရှိသော အောင်ဖြိုးကျော် (စစ်ကိုင်းတိုင်းဒေသကြီး)၊ တတိယဆုရရှိသောတင်ကိုလင်း(ပဲခူးတိုင်းဒေသကြီး)၊ ပူးတွဲတတိယဆု ရရှိသော ကျော်ကျော်ဇင် (တနင်္သာရီတိုင်းဒေသကြီး) တို့အား တစ်ဦးချင်းဆုတံဆိပ်များနှင့် ငွေသားဆု များအား အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ယင်းနောက် မြန်မာနိုင်ငံအိုလံပစ်ကော်မတီဒုတိယဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း က အမျိုးသမီးအကောင်းဆုံးအားကစား သမားဆုရရှိသော (၅၇-၆၈) ကီလိုတန်းမှ မေမြတ်နိုးဦး (ရန်ကုန်တိုင်းဒေသကြီး)အားလည်းကောင်း၊ အမျိုးသား အကောင်းဆုံး အားကစားသမားဆုရရှိသော (၅၀-၅၄)ကီလိုတန်းမှ စောရန်ထူး (မန္တလေးတိုင်းဒေသကြီး)နှင့် ရွှေတံဆိပ် (၇)ခု၊ ငွေတံဆိပ်(၁)ခုဖြင့် အမျိုးသမီးတံခွန်စိုက်ဆုဖလားရရှိသော (ရန်ကုန်တိုင်းဒေသကြီး)အသင်းအား တံခွန်စိုက် ဆုဖလားကိုပေးအပ်ချီးမြှင့်ခဲ့သည်။
ထို့နောက်ရန်ကုန်တိုင်းအားကစားနှင့်ကာယပညာကော်မတီ နာယက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းက ရွှေတံဆိပ်(၉)ခု၊ ငွေတံဆိပ်(၁)ခု၊ ကြေးတံဆိပ်(၁)ခုဖြင့် အမျိုးသား တံခွန်စိုက်ဆုဖလားရရှိသော (ရန်ကုန်တိုင်းဒေသကြီး)အသင်းနှင့် စုစုပေါင်း ရွှေတံဆိပ်(၁၆)ခု၊ ငွေတံဆိပ်(၂)ခု၊ကြေးတံဆိပ်(၁)ခုဖြင့်စုပေါင်းတံခွန်စိုက်ဆုဖလားရရှိသွားသော(ရန်ကုန်တိုင်းဒေသကြီး) အသင်းအားစုပေါင်းတံခွန်စိုက်ဖလားကိုပေးအပ်ချီးမြှင့်ပြီးနောက် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူး ခဲ့ကြောင်းသိရှိရသည်။





