အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် နေပြည်တော်ကောင်စီလူငယ်ရေးရာကော်မတီတို့ ပူးပေါင်းကျင်းပသည့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ

နေပြည်တော် ၃၀ ရက်

မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် နေပြည်တော်ကောင်စီလူငယ်ရေးရာကော်မတီတို့ ပူးပေါင်းကျင်းပသည့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲအား နေပြည်တော်၊ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်း၊ ဇမ္ဗူသီရိမြို့နယ်တွင် ကျင်းပပြုလုပ်ရာ နေပြည်တော်ကောင်စီ လူငယ်ရေးရာဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် မြန်မာနိုင်ငံလူငယ်ရေးရာ ဗဟိုကော်မတီအတွင်းရေးမှူး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးတို့ တက်ရောက်ခဲ့ကြပါသည်။

ရှေးဦးစွာ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း၊ ဇမ္ဗူသီရိမြို့နယ်မှ ကျောင်းသား/ ကျောင်းသူလေးများက ဇာတိမာန်သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးမှ အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့ကျင်းပတဲ့ အခမ်းအနားကတော့ နေပြည်တော်အတွင်းမှာရှိတဲ့ ကျောင်းသား/ကျောင်းသူ လူငယ်တွေ အသိဉာဏ်ပညာဖွံ့ဖြိုးတိုးတက် ပြီး ဗလငါးတန်နှင့်ပြည့်စုံကာ ယဉ်ကျေးလိမ္မာပြီး စဉ်းစားတွေးခေါ်၊ ဉာဏ်ပညာမြင့်မား၍ အမှားနှင့် အမှန် ဝေဖန်ပိုင်းခြားနိုင်တဲ့ လူငယ်တွေဖြစ်စေဖို့နဲ့ နောင်တချိန် နိုင်ငံတော်ကအားထားရမယ့် အသိ ပညာရှင်၊ အတတ်ပညာရှင် သားကောင်း/သမီးကောင်းရတနာတွေ ဖြစ်လာစေဖို့ ရည်ရွယ်ကျင်းပရ တဲ့ ကျောင်းသား/ကျောင်းသူ လူငယ်အသိပညာပေးဟောပြောပွဲပဲဖြစ်ပါတယ်။

ယနေ့အခမ်းအနားကို တက်ရောက်လာကြတဲ့ ကျောင်းသား/ကျောင်းသူတွေ အပါအဝင် တစ်နိုင်လုံးမှာရှိတဲ့ ကျောင်းသား/ကျောင်းသူ လူငယ်တွေဟာဆိုရင် နိုင်ငံရဲ့ အနာဂတ်ကို ဖန်တီး တည်ဆောက်ကြမယ့် လူ့စွမ်းအားအရင်းအမြစ်တွေပဲဖြစ်ပါတယ်။

နိုင်ငံရဲ့အနာဂတ် ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် လက်ရှိလူငယ်တွေကို အသိပညာ၊ အတတ်ပညာ ပြည့်ဝအောင် လေ့ကျင့်သင်ကြားပေးယုံသာမကပဲ ငယ်စဉ်ကတည်းက လူကောင်းတစ်ဦးမှာရှိသင့်တဲ့ ရိုးသားဖြောင့်မတ်၊ စေတနာ၊ သဒ္ဓါတရားရှိပြီး တာဝန်ယူမှု၊ တာဝန်ခံမှုစိတ်နဲ့ တစ်ဖက်သားအပေါ် လေးစားမှု၊ ခွင့်လွှတ်တတ်မှု၊ ကျေးဇူးတရားသိရှိမှုဆိုတဲ့ ပညာပြည့်ဝနှလုံးလှတဲ့ လူကောင်း တစ်ယောက်ဖြစ်အောင် ပြုစုပျိုးထောင်ကြရမှာပဲဖြစ်ပါတယ်။ ဒါ့အပြင် နိုင်ငံ့သမိုင်း အမှန်တရားတွေ ဝေဖန်ပိုင်းခြားနိုင်တဲ့ လူငယ်တွေဖြစ်ဖို့လည်းလိုအပ်ပါတယ်။

ဆက်လက်ပြီး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇင်မင်းထက်မှ လူငယ်များအား နိုင်ငံ့အနာဂတ်၏ မျိုးဆက်သစ်များဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ပညာရည်မြင့်မား၍ တွေးခေါ်စဉ်းစားဝေဖန်ပိုင်းခြားနိုင်ဖို့ ပညာတတ်များ ဖြစ်ပေါ်ရန် လိုအပ်ပါကြောင်း ပြောကြားပါ သည်။

ဆက်လက်၍ စာရေးဆရာမောင်ရည်ကျော်(ရူပဗေဒ)မှ “ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ဖို့ လူငယ်များကြိုးစားကြပါစို့” ခေါင်းစဉ်ဖြင့် ဟောပြောခဲ့ပါသည်။

ဆက်လက်၍ နေပြည်တော်လူငယ်ရေးရာတာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဦးကြည်စိုးလင်းမှ ကျောင်းသား/ ကျောင်းသူများအား ဉာဏ်စမ်းပဟေဠိမေးမြန်းခြင်း ဆောင်ရွက်ခဲ့ပါသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌမှ ဟောပြောသူစာရေးဆရာ မောင်ရည်ကျော် (ရူပဗေဒ)အား အမှတ်တရဂုဏ်ပြုလက်ဆောင် ပေးအပ်၍၎င်း၊ ဒုတိယဝန်ကြီးမှ အမှတ်(၅)အခြေခံ ပညာအထက်တန်းကျောင်း၊ ဇမ္ဗူသီရိမြို့နယ်သို့ အားကစားပစ္စည်းများနှင့် စာအုပ်စာပေများ လှူဒါန်း၍ ၎င်းအခမ်းအနားတက်ရောက်လာကြသော ဌာနဆိုင်ရာအကြီးအကဲများမှ ဆုရကျောင်းသား/ ကျောင်းသူများ အားဆုများကို အသီးသီးချီးမြှင့်ခဲ့ကြပါသည်။