ဒုတိယဝန်ကြီး ဦးဇင်မင်းထက် ၂ဝ၂၅ခုနှစ်၊ (၁၁)နှစ်မြောက်အပြည်ပြည်ဆိုင်ရာ ယောဂနေ့ အခမ်းအနားသို့ တက်ရောက်ပြီး အပြည်ပြည်ဆိုင်ရာ အိုလံပစ်နေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲ တက်ရောက်ကြည့်ရှုအားပေး
ရန်ကုန်၊ ဇွန်လ(၂၁)ရက်။
၂ဝ၂၅ခုနှစ်၊ (၁၁)နှစ်မြောက်အပြည်ပြည်ဆိုင်ရာ ယောဂနေ့အခမ်းအနားကို ရန်ကုန်မြို့ ၊ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)သုဝဏ္ဏ၌ ကျင်းပပြုလုပ်ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဇင်မင်းထက် ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး H.E Mr. AbhayThakur ၊ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။
ဦးစွာ Emcee, Director, Dr. Ashish Kumarက နှုတ်ခွန်းဆက်စကားပြောကြားပြီး မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E Mr. Abhay Thakur က မိန့်ခွန်းပြောကြားပြီးနောက် ယောဂကျင့်စဉ်သမိုင်းကြောင်းအား Video Clip ဖြင့်ပြသကာ ယောဂသင်တန်းကျောင်းမှဆရာမ နှစ်ဦးက ယောဂကျင့်စဉ်များအား ဦးဆောင်သရုပ်ပြသခဲ့ပါသည်။ ဆက်လက်၍ Emcee, Director Dr Ashish Kumar က ကျေးဇူးတင်စကား ပြန်လည်ပြောကြား၍ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E Mr. Abhay Thakur မှ အမှတ်တရ လက်ဆောင်ပေးအပ်ပြီး မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့သည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မင်္ဂလာတောင်ညွန့်မြို့နယ်၊ အောင်ဆန်းအားကစား ပြိုင်ဝင်းအတွင်းရှိ မိုးလုံလေလုံ အားကစားရုံသို့ ရောက်ရှိရာ မြန်မာနိုင်ငံဘော်လီဘော အဖွဲ့ချုပ်ဥက္ကဋ္ဌ ၊ ဒုတိယဥက္ကဋ္ဌနှင့် အမှုဆောင်တို့က ကြိုဆိုနှုတ်ဆက်ကြပြီး အပြည်ပြည်ဆိုင်ရာအိုလံပစ်နေ့အထိမ်းအမှတ် ဘော်လီဘောပြိုင်ပွဲတွင် ပဏာမလက်ရွေးစင်ဘော်လီဘော (ခ) အသင်း နှင့် (ဂ)အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုတို့အား ကြည့်ရှုအားပေးပြီးနောက် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိပုဂ္ဂိုလ်တို့က ဆုရရှိသည့်အသင်းတို့မှ အားကစားသမားများအား တစ်ဦးချင်းဆုတံဆိပ်၊ ဂုဏ်ပြုချီးမြှင့်ငွေနှင့်ဆုဖလားတို့အား အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်းသိရှိရသည်။




