အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး ပဲခူးတိုင်းဒေသကြီး အားကစားဥယျာဉ်အတွင်းရှိ မိုးလုံလေလုံအားကစားရုံ၌ တိုင်းဒေသကြီးနှင့်ပြည်နယ် ဂျူဒိုပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပရန်အတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများအား လိုက်လံကြည့်ရှုစစ်ဆေး
နေပြည်တော်၊ ဇွန် ၁၆
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးသည် ဇွန်လ(၁၆)ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ် အားကစားဥယျာဉ် အတွင်းရှိ မိုးလုံလေလုံအားကစားကွင်း၌ တိုင်းဒေသကြီးနှင့်ပြည်နယ် ဂျူဒိုပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပရန်အတွက် အခမ်းအနားကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများ၊ စတိတ်စင်နှင့် နောက်ခံဆိုင်းဘုတ် ပြင်ဆင်ထားရှိမှုများ၊ အကြီးအကဲများနှင့် ပရိသတ်နေရာထိုင်ခင်း စီစဉ်ဆောင်ရွက်ထားမှု အစီအမံများ၊ ယာဉ်အဝင်/အထွက်လမ်း ခင်းကျင်းဆောင်ရွက်ထားရှိမှုများ၊ ပြိုင်ပွဲကွင်း ပြင်ဆင်ဆောင်ရွက်ထားရှိမှုများ နှင့် အားကစားရုံအတွင်း/အပြင် ဆောင်ရွက်ထားရှိမှုများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး အဆောက်အဦ ရေရှည်တည်တံ့စေရေး သန့်ရှင်းသပ်ရပ်မှုရှိစေရေးအတွက် ဝန်ထမ်းများကို စနစ်တကျ တာဝန်ခွဲဝေ ပေးအပ်သွားရန်နှင့် လိုအပ်သည်များကို ထပ်မံပြင်ဆင်ဆောင်ရွက်သွားရန် တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။


