အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက် (၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲ အခမ်းအနားကျင်းပ

တောင်ကြီး၊ ဇွန်လ ၁၂

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်လူငယ်ရေးရာဦးစီးဌာနမှ မြန်မာ့ဘော်လီဘောအားကစားအဆင့်အတန်း တိုးတက်လာစေရေးနှင့် တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်စေရေးကို အလေးထားဆောင်ရွက်ကာ ၂၀၂၅ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ဘောလီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို တောင်ကြီးမြို့၊ သစ်တောရပ်ကွက်ရှ ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ၌ ယနေ့ ၁၂-၆-၂၀၂၅ရက်နေ့ နံနက် (၀၈:၀၀)နာရီအချိန်တွင် အမျိုးသမီးဗိုလ်လုပွဲ ပွဲစဉ်အဖြစ်လည်းကောင်း၊ (၁၀:၀၀)နာရီအချိန်တွင် အမျိုးသားဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ကျင်းပြုလုပ်ခဲ့ရာ အဆိုပါအခမ်းနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး၊ ပြည်နယ်လူမှုရေးရာဝန်ကြီး၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၏ဇနီးနှင့် ပြည်နယ်ဝန်ကြီးများ၏ ဇနီးများ၊ အားကစားနှင့်ကာယာပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်း၊ အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး)မှ ကျောင်းအုပ်ကြီး ဦးမျိုးသက်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူအကြီးအကဲများနှင့် ဖိတ်ကြားထားသူများ၊ ပြိုင်ပွဲတွင် ဆုရရှိသည့် အားကစားသမားများ၊ နည်းပြအုပ်ချုပ်သူများ တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တာဝန်ရှိသူများက အမျိုးသားပထမဆုရရှိသည့် ရှမ်းပြည်နယ်အသင်း၊ ဒုတိယဆုရရှိသည့် မန္တလေးတိုင်းဒေသကြီးအသင်း၊ ပူးတွဲတတိယဆုရရှိကြသည့် စစ်ကိုင်း တိုင်းဒေသကြီးအသင်းနှင့် ရန်ကုန်တိုင်းဒေသကြီးအသင်းတို့အားလည်းကောင်း၊ ဆက်လက်ပြီး အမျိုးသမီးပထမဆုရရှိသည့် မန္တလေးတိုင်းဒေသကြီးအသင်း၊ ဒုတိယဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီးအသင်း၊ ပူးတွဲတတိယဆုရရှိကြသည့် ကချင်ပြည်နယ်အသင်းနှင့် ရှမ်းပြည်နယ်အသင်းတို့အားလည်းကောင်း၊ ပြိုင်ပွဲတွင် စပေး/ပင့်ထောင်/ရိုက်ခုတ်/ဆယ်မ/ပိတ်ဆို့အကောင်းဆုံးဆုရရှိခဲ့ကြသော အားကစားသမားများနှင့် ပြိုင်ပွဲတွင်ပွဲစဥ်တစ်လျှောက် အကောင်းဆုံးအားကစားသမားဆုရရှိသည့် အားကစားသမားများအား ဂုဏ်ပြုဆုဖလားနှင့် ဆုငွေများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီး ရှမ်းပြည်နယ်အမျိုးသားအသင်းနှင့် တတိယဆုရအမျိုးသမီးအသင်းတို့အား ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မြန်မာနိုင်ငံဘော်လီဘောအဖွဲ့ချုပ်ဥက္ကဌနှင့် ဒုဥက္ကဌ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၏ ဂုဏ်ပြုချီးမြှင့်ငွေကျပ်စုစုပေါင်း (၁၆၆)သိန်းအားဂုဏ်ပြုချီးမြှင့်ပေးခဲ့ပါကြောင်း သိရှိရကာ အမှတ်တရစုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြကြောင်း သိရှိရပါသည်။