၂၀၂၅ ခုနှစ် ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံအသက် (၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့်ဆုပေးပွဲ အခမ်းအနားကျင်းပ
တောင်ကြီး၊ဇွန်လ ၇
၂၀၂၅ခုနှဈ ၊ ရှမွးပှညနွယအွစိုးရအဖှဲ့ ပှညနွယဝွနကွှီးခှုပဖွလား မှို့နယအွလိုကွ အသကွ(၁၈)နှဈအောကွ အမှိုးသားဘောလုံးပှိုငပွှဲ ဗိုလလွုပှဲနှင့ဆွုခှီးမှှင့ခွှငွးအခမွးအနားကွို ယနေ့ညနေ(၁၅း၀၀)နာရီအခှိနတွှငွ တောငကွှီးမှို့၊ပှညနွယအွားကစားကှငွး၌ ကငွှးပပှုလုပခွဲ့ပါသညွ။
အဆိုပါအခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင် ၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးစိုင်းလိတ် ၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင် ၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း ၊ ပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံ ၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်း ၊ အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးမျိုးသက် ၊ ရှမ်းပြည်နယ်ဘောလုံးအဖွဲ့ချုပ်ဥက္ကဌ ဦးစိုးလင်း နှင့် ပြည်နယ်၊ခရိုင်၊မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ သားဖွားသင်တန်းကျောင်းမှ သင်တန်းသူများ ၊ အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး)ကျောင်းသား/ကျောင်းသူများ၊ ဆုရအသင်းများမှ အုပ်ချုပ်သူ / နည်းပြများနှင့် ပြိုင်ပွဲဝင်အားကစားသမားများ ၊ ဘောလုံးအားကစားဝါသနာရှင်မိဘပြည်သူများက တက်ရောက်ကြည့်ရှုအားပေးခဲ့ကြပါသည်။
ရှေးဦးစွာ ဆုချီးမြှင့်ခြင်းအခမ်းအနားမစတင်မီ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက တာချီလိတ်မြို့နယ်အသင်း နှင့် ရပ်စောက်မြို့နယ်အသင်းတို့၏ယှဥ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေးခဲ့ကြပြီး တာချီလိတ်မြို့နယ်အသင်းက ရပ်စောက်မြို့နယ်အသင်းကို (၄) ဂိုး ၊ (၁) ဂိုးဖြင့် အနိုင်ရဗိုလ်စွဲသွားကာ ဆက်လက်၍ဆုချီးမြှင့်ပွဲအခမ်းအနားကိုကျင်းပရာ ပူးတွဲတတိယဆုရရှိသော ဟိုပုံးမြို့နယ်အသင်းကို ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ်ကျော်ကျော်ဟန်မှ တစ်ဦးချင်းဆုတံဆိပ်နှင့်ငွေသားဆု (၅၀၀,၀၀၀ိ/-)ကျပ်အားလည်းကောင်း ၊ ပူးတွဲတတိယဆုရရှိသော ပင်းတယမြို့နယ်အသင်းကို ပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံမှ တစ်ဦးချင်းဆုတံဆိပ်နှင့်ငွေသားဆု (၅၀၀,၀၀၀ိ/-)ကျပ်အားလည်းကောင်း ၊ ဒုတိယဆုရရှိသော ရပ်စောက်မြို့နယ်အသင်းကို ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး မှ တစ်ဦးချင်းဆုတံဆိပ်နှင့်ငွေသားဆု (၇၀၀,၀၀၀ိ/-)ကျပ်အားလည်းကောင်း ၊ ဆက်လက်ပြီးနေရာအလိုက်အကောင်းဆုံးအားကစားသမားဆုများကို ပေးအပ်ချီးမြှင့်ခဲ့ရာ ဂိုးသမားအကောင်းဆုံးအားကစားသမားဆုရ ကျောနံပါတ် (၁၈) တာချီလိတ်မြို့နယ်အသင်းမှ မောင်သိန်းထက်ဇော်အား ရုပ်တုနှင့် ငွေသားဆုကျပ် (၁)သိန်း နှင့် နောက်တန်းအကောင်းဆုံးအားကစားသမားဆုရ ကျောနံပါတ် (၁၄) တာချီလိတ်မြို့နယ်အသင်းမှ မောင်ဇေမြင့်မြတ်အလယ်တန်းအကောင်းဆုံးအားကစားသမားဆုရ ကျောနံပါတ် (၅) ရပ်စောက်မြို့နယ်အသင်းမှ မောင်ပြည့်စုံဦးတို့အား ပြည်နယ်လူမှုရေးရာဝန်ကြီးဦးမင်းမင်းလွင်မှလည်းကောင်း ၊ ရှေ့တန်းအကောင်းဆုံးအားကစားသမားဆုရ ကျောနံပါတ် (၉) ရပ်စောက်မြို့နယ်အသင်းမှ မောင်ဇေစိုးစံနှင့် ပွဲစဥ်တစ်လျှောက်အကောင်းဆုံးအားကစားသမားဆုရ ကျောနံပါတ် (၁၇) တာချီလိတ်မြို့နယ်အသင်းမှ မောင်ခင်မောင်ထွေးတို့ကို ရုပ်တုနှင့် ငွေသားဆုကျပ် (၁)သိန်းစီအား ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးစိုင်းလိတ်မှ လည်းကောင်း ၊ ပထမဆုရရှိသော တာချီလိတ်မြို့နယ်အသင်းကို တစ်ဦးချင်းဆုတံဆိပ် ၊ ပထမဆုဖလားကြီးနှင့် ငွေသားဆု ကျပ် (၁,၀၀၀,၀၀၀ိ/-)သိန်းတိတိတို့အား ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်မှလည်းကောင်းအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကာရှမ်းပြည်နယ်ဘောလုံးအဖွဲ့ချုပ်ဥက္ကဌ ဦးစိုးလင်း နှင့် ရှမ်းပြည်နယ်ဘော်လီဘောဆပ်ကော်မတီဒုတိယဥက္ကဌ ဦးမင်းဟန်တို့မှ ပထမဆုရရှိသွားသောအသင်းအား ကျပ် (၅)သိန်းစီ ၊ ဒုတိယဆုရရှိသွားသောအသင်းအား ကျပ် (၃)သိန်းစီ ၊ ပူးတွဲတတိယဆုရရှိသွားသောအသင်းများအား ကျပ် (၂)သိန်းစီ တို့အား ထပ်ဆောင်းဂုဏ်ပြုချီးမြှင့်ပေးအပ်ခဲ့ပြီး အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံအားရိုက်ကူးခဲ့ကြကြောင်း သိရှိခဲ့ရပါသည်။


