အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၅ ခုနှစ် ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ အုပ်စုပွဲစဥ်များ ဆက်လက်ကျင်းပ

တောင်ကြီး၊ ဇွန်လ ၆

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန မှ တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးနှင့် ဘော်လီဘောအားကစားအဆင့်အတန်းတိုးတက်မြင့်မားလာစေရေး၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးရှိ တိုင်းရင်းသားများအချင်းချင်း ချစ်ကြည်ရင်းနှီးမှုပိုမိုရရှိစေရေး၊ မျိုးဆက်သစ်ရွက်ပုန်းသီး ဘော်လီဘောအားကစားသမားများ ပေါ်ထွက်လာစေရေးတို့ကိုရည်ရွယ်ပြီး ကျင်းပပြုလုပ်သော၂၀၂၅ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ရှမ်းပြည်နယ်အသင်းရဲ့ အုပ်စုပထမ ပွဲစဥ်အဖြစ် ရှမ်းပြည်နယ်အသင်း နှင့် တနင်္သာရီတိုင်းဒေသကြီးအသင်းတို့သည် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ၌ ယှဥ်ပြိုင်ကစားလျက်ရှိရာ အဆိုပါပွဲစဥ်သို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဇင်မိုး၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်း၊ ရှမ်းပြည်နယ်ဘောလုံးအဖွဲ့ချုပ်ဥက္ကဌ ဦးစိုးလင်းနှင့် ရှမ်းပြည်နယ်ဘော်လီဘောအားကစားဝါသနာရှင် မိဘပြည်သူများတက်ရောက်ကြည့်ရှုအားပေးခဲ့ကြောင်းသိရှိခဲ့ရပါသည်။

ယနေ့ ယှဥ်ပြိုင်ကစားလျက်ရှိသော ရှမ်းပြည်နယ်အမျိုးသမီးအသင်းက တနင်္သာရီတိုင်းဒေသကြီးအသင်ကို ၂၅:၂၂ မှတ်၊ ၂၅:၂၃ မှတ်၊ ၂၅:၁၁ မှတ်ဖြင့် (၃)ပွဲ ပြတ်ဖြင့်အနိုင်ရရှိခဲ့ကြောင်းသိရှိရကာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်က ဂုဏ်ပြုချီးမြှင့်ငွေကျပ် (၁၀)သိန်းကိုပေးအပ်ခဲ့ကာ ရှမ်းပြည်နယ်အတွင်းရှိ ဘော်လီဘောအားကစားနည်းကို စိတ်ပါဝင်စားသူ မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်း သိရှိရပါသည်။