အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် တည်ဆောက်ရေးလုပ်ငန်း ၂၃ ခု နှင့် QA/QC လုပ်ငန်း ၆ ခုအတွက် တင်ဒါဖွင့်ဖောက် စစ်ဆေးခြင်းအခမ်းအနားကျင်းပ
အားကစားနှင့လွူငယရွေးရာဝနကွှီးဌာန၏ ၂၀၂၅-၂၀၂၆ ဘဏဍြာရေးနှဈ ပှညထွောငစွု ငှလေုံးငှရငွေးရနပွုံငှဖှငေ့ွ ဆောငရွှကမွည့ွ တညဆွောကရွေးလုပငွနွး ၂၃ ခုနှင့ွ Third Party (QA/QC) ငှားရမွးခှငွးလုပငွနွး ၆ ခုအတှကွ တငဒွါတငသွှငွးသည့ွ ကုမပြဏီမှား၏ အိတဖွှင့တွငဒွါ ဖှင့ဖွောကစွဈဆေးခှငွးအခမွးအနားကို ယနေ့နံနကွ(၉)နာရီတှငွ ဝဏဏြသိဒိဓ Sports Complex ရှိ အလေးမအားကစားရုံတှငွ ကငွှးပခဲ့သညွ။
ဦးစွာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ တင်ဒါကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးထိန်လင်းမှ အဖွင့်အမှာစကားပြောကြားရာတွင် တင်ဒါလုပ်ငန်းများကို စိစစ်ရွေးချယ်ရာတွင် နိုင်ငံတော်မှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး၏ နောက်ဆုံး ထုတ်ပြန်ထားသည့် ညွှန်ကြားချက်တို့နှင့်အညီ စိစစ်ရွေးချယ်သွားမည်ဖြစ်ကြောင်း၊ Lot လုပ်ငန်း များအလိုက် ကြမ်းခင်းဈေးများ ဖွင့်ဖောက်စစ်ဆေးသွားမည်ဖြစ်ကြောင်း၊ တင်ဒါအောင်မြင်သူများအား ကျွမ်းကျင်မှုဆိုင်ရာစာအိတ်-A( Technical Proposal Envelope )များကို နိုင်ငံတော်ဘဏ္ဍာ ရန်ပုံငွေ တောင်းခံခြင်းနှင့် တင်ဒါဆိုင်ရာ စံသတ်မှတ်ထားသည့် လုပ်ထုံးလုပ်နည်းဆိုင်ရာ ညွှန်ကြားချက်နှင့် အညီ စိစစ်ရွေးချယ်သွားမည်ဖြစ်ကြောင်း၊ အရည်အသွေးပြည့်မီသော ကျွမ်းကျင်မှုဆိုင်ရာ Profile နှင့် Technical အောင်မြင်သော ကုမ္ပဏီများကိုသာ ဈေးနှုန်းအဆိုပြုလွှာ စာအိတ်-B( Financial Proposal Envelope )ကို ကြမ်းခင်းဈေး တွက်ချက်ရေးကော်မတီမှ သတ်မှတ်ထားသော ကြမ်းခင်းဈေး များနှင့် တိုက်ဆိုင်စစ်ဆေး၍ ကြမ်းခင်းဈေးအောင်မြင်သော ကုမ္ပဏီများကို စိစစ်ရွေးချယ်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ ကျွမ်းကျင်မှုဆိုင်ရာစာအိတ်-A နှင့် ဈေးနှုန်းအဆိုပြုလွှာစာအိတ်-B နှစ်ခုလုံး အောင်မြင်သော ကုမ္ပဏီ ၅ ခုကိုသာ တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီမှ ထပ်မံစိစစ်၍ တင်ဒါ ကော်မတီသို့ တင်ပြပြီး ကော်မတီမှရွေးချယ်ထားသူများအား အားကစားနှင့်လူငယ်ရေးရာဝန်ကြီး ဌာန၊ အလုပ်အမှုဆောင်ကော်မတီ အစည်းအဝေး၏ အတည်ပြုချက်ဖြင့် ရွေးချယ်ထုတ်ပြန်ကြေညာ သွားမည်ဖြစ်ကြောင်း၊ Lot အလိုက် ကုမ္ပဏီများမှ တင်သွင်းလာသည့် အဆိုပြု ကြမ်းခင်းဈေးများထဲမှ Lot-6 ရွှေကြာပင်အားကစာကွင်း၌ မီတာ ၄၀၀ ပြေးလမ်း Synthetic ခင်းခြင်းလုပ်ငန်း အား မြန်မာနိုင်ငံတွင် Synthetic ပြေးလမ်း ဆောင်ရွက်ဖူးသည့်လုပ်ငန်း အတွေ့အကြုံရှိပြီး ခိုင်မာစိတ်ချ ယုံကြည်မှုရှိသည့်အချက်များပါရှိမှသာ စိစစ်ရွေးချယ်သွားမည် ဖြစ်ကြောင်း၊ Lot-7 ကြမ်းခင်းခြင်း လုပ်ငန်းကို အားကစားရုံကြမ်းခင်း ဆောင်ရွက်ခဲ့ဖူးသည့် အတွေ့အကြုံရှိပြီး ပစ္စည်းအရည်အသွေး ကောင်းမွန်သည့်နမူနာများကိုပါ ကြည့်ရှုစစ်ဆေးသွားမည်ဖြစ်ကြောင်း၊ Lot-22 အားကစားနှင့် ကာယပညာသိပ္ပံ(ပုသိမ်) တည်ဆောက်ခြင်းလုပ်ငန်းများတွင် (၁၀)ခန်းတွဲ (၃)ထပ် အဆောက်အဦ ဖြစ်သည့်အတွက် Soil Test စစ်ဆေး၍ Soil Test Result ပေါ်မူတည်ပြီး Structure Design ဖြင့် တည်ဆောက်နိုင်ရေး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ အားကစားကွင်း/အားကစားရုံ တည်ဆောက်ရေး လုပ်ငန်းများနှင့် Third Party (QA/QC) လုပ်ငန်းများမှာ အရေးကြီး လုပ်ငန်းများ ဖြစ်သောကြောင့် အားကစားသမားများနှင့် ပရိတ်သတ်များ ဘေးအန္တရာယ်ကင်းရှင်းစေရန် အရည်အသွေးကောင်းမွန်သော၊ ငွေကြေးခိုင်မာပြီး စိတ်ချရသောကုမ္ပဏီများကို ဦးစားပေး ရွေးချယ် သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး အခမ်းအနားအား ရုပ်သိမ်းခဲ့သည်။
အဆိုပါ အခမ်းအနားသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ တင်ဒါတင်သွင်းသည့် ကုမ္ပဏီများမှတာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။


