အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်ကာယပညာသိပွံ(လွိုင်ကော်) ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ အားကစားနှင့်ပညာရေးပေါင်းစပ်လေ့ကျင့်ရေးသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

လွိုင်ကော်၊ ဇွန် ၃

အားကစားနှင့်ကာယပညာသိပွံ(လွိုင်ကော်) ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ အားကစားနှင့်ပညာရေးပေါင်းစပ်လေ့ကျင့်ရေးသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၁၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ ကယားပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မျိုးတင့် တက်ရောက် အဖွင့်အမှာစကားပြောကြား၍ ငွေကျပ် (၂၁၉၂၁၀၀၀) တန်ဖိုးရှိ GYMပစ္စည်း (၅)မျိုးနှင့် ဆန်အိတ် (၃၀)၊ ဆီ (၃၀)ပိဿာ တို့ကိုထောက်ပံချီးမြှင့်ခဲ့ပါသည်။

ဆက်လက်ပြီး တရားလွှတ်တော်တရားသူကြီးချုပ် မှ ကယားပြည်နယ်အစိုးရအဖွဲ့မှ‌ ကျောင်းအကျိုးတော်ဆောင်ရန်ပုံငွေသို့ထောက်ပံ့ချီးမြှင့်သည့် (၂၀)သိန်းကိုပေးအပ်ခဲ့ပြီး၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးမှ ကျောင်းသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ပြီး၊ ကျောင်းအကျိုးတော်ဆောင်များမှလှူဒါန်းသည့် ငွေကျပ် (၁၇)သိန်းကို လူမှုရေးရာဝန်ကြီးမှ လက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းများ ပြန်လည်ပေးအပ်ခဲ့ပါပြီး အခမ်းအနားကိုအောင်မြင်စွာကျင်းပခဲ့ပါသည်။

အခမ်းအနားအပြီးတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များသည် အားကစားနည်းအလိုက် အသုံးအဆောင်ပစ္စည်းများနှင့် မှတ်တမ်းဓါတ်ပုံများကို လိုက်လံကြည့်ရှု၍ စုပေါင်းမှတ်တမ်းဓါတ်ပုံရိုက်ကူးခဲ့ပြီး၊ စာသင်‌ကျောင်းသို့ လိုက်လံကြည်ရှုခဲ့ပြီး ကျောင်းစာကြည့်တိုက်အတွက် အလှူငွေ(၂)သိန်းကျပ်ပေးအပ်ခဲ့ပါသည်။

ဆက်လက်ပြီး GYM အားကစားခန်းမနှင့် ဂျူဒိုအားကစားခန်းမတို့တွင် ပြည်နယ်နှင့်တိုင်းဒေသကြီးပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန် လေ့ကျင့်လျက်ရှိသည့် ဂျူဒိုနှင့် တိုက်ကွမ်ဒိုအားကစားနည်းလေ့ကျင့်နေမှုအား ကြည့်ရှု့အားပေး၍ အားကစားနည်း(၁)နည်းလျင်(၅)သိန်းနှင့်စုစုပေါင်း(၁၀)သိန်းအားထောက်ပံ့ပေးအပ်ခဲ့ပါသည်။

ဆက်လက်ပြီးပြည်နယ်ဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များသည် ကျောင်းစားရိပ်သာတွင် သင်တန်းသား/သူ၊ကျောင်းသား မိဘများ၊ ဌာနဆိုင်ရာများ ဆရာ/မများနှင့်အတူ အထူးနေ့လယ်စာကို အတူတကွသုံးဆောင်ခဲ့ပြီး အခမ်းအနားကိုအောင်မြင်စွာကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။