အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် အောင်မြင်မှုရရှိစေရေးအတွက် အောင်နိုင်ရေး၊ လေ့ကျင့်ရေးနှင့် နည်းစနစ်ပိုင်းဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်ပြီး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော်၊ ဧပြီ ၃၀

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် သည် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် အောင်မြင်မှု ဆုတံဆိပ်များ ရရှိစေရေးအတွက် အောင်နိုင်ရေး၊ လေ့ကျင့်ရေးနှင့် နည်းစနစ်ပိုင်းဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်ပြီး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်၊ ရုံးအမှတ် (၃၁)ရှိ စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ လတွင် ထိုင်းနိုင်ငံ၌ ကျင်းပပြုလုပ်မည့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် အောင်မြင်မှုဆုတံဆိပ်များ ရရှိစေရေးအတွက် အောင်နိုင်ရေးကိုရှေ့ရှုပြီး လေ့ကျင့်ရေးပိုင်း၊ နည်းစနစ်ပိုင်းဆိုင်ရာကိစ္စရပ်များနှင့် နေပြည်တော်နှင့် ရန်ကုန်တွင် စခန်းဝင်လေ့ကျင့်လျက်ရှိသည့် အားကစားအဖွဲ့များ၏ နေထိုင်စားသောက်မှုများ၊ လေ့ကျင့်နေမှုအခြေအနေများနှင့် ပတ်သက်ပြီး အသေးစိတ်တင်ပြဆွေးနွေးပေးသွားရန်လိုကြောင်း၊ ငလျင်ဘေးဒဏ်သင့် ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ နေထိုင်စားသောက်မှုများ အဆင်ပြေစေရေးအတွက် ကျယ်ကျယ်ဝန်းဝန်းဖြင့် ရေရှည်နေနိုင်အောင်၊ လေဝင်လေထွက်ကောင်းအောင် နိုင်ငံတော်အကြီးအကဲ၏ ညွှန်ကြားချက်ဖြင့် ဘာရှာများဆောက်လုပ်နေမှုအား သတ်မှတ်ချက်နှင့်အညီ ဖြစ်စေရေးအတွက် ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိပတ်ဝန်းကျင် သန့်ရှင်းသပ်ရပ်မှုရှိစေရေးနှင့် ဝန်ထမ်းများအချင်းချင်း စည်းစည်းလုံးလုံးဖြင့် တစ်ပိုင်တစ်နိုင် သီးပင်စားပင်များကို စိုက်ပျိုးခြင်းဖြင့် ဝန်ထမ်းသက်သာချောင်ချိစေရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်ပြီး အစီအစဉ်အရ ယခင်ကျင်းပြီးစီးခဲ့သည့် အစည်းအဝေးဆုံးဖြတ်ချက်များအား ဖတ်ကြားတင်ပြခဲ့ပြီးနောက် ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ခံညွှန်ကြားရေးမှူးများက သက်ဆိုင်ရာကဏ္ဍများအလိုက် ရုံးလုပ်ငန်းဆောင်ရွက်နေမှုများ၊ ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများနှင့် ပတ်သက်ပြီး အသီးသီးတင်ပြဆွေးနွေးခဲ့ကြရာ ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးထိန်လင်းနှင့် ဦးဇင်မင်းထက်တို့က တင်ပြဆွေးနွေးခဲ့မှုများ အပေါ် ဖြည့်စွက်ပြောကြားခဲ့ပြီး အားကစားအောင်နိုင်ရေးအတွက် အားကစားလေ့ကျင့်မှုများနှင့် အောင်မြင်မှုများ အရှိန်အဟုန်မပျက် ဆက်လက်လေ့ကျင့်ဆောင်ရွက်နိုင်စေရန် အားကစားကွင်း/ အားကစားရုံများ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများနှင့် မျိုးဆက်သစ် အားကစားသမားများ မွေးထုတ်လေ့ကျင့်ပေးနိုင်မှုအတွက် တာဝန်ရှိသူများက ကြပ်မတ်စီစဉ်ဆောင်ရွက်သွားရန် မှာကြားခဲ့ပြီးနောက် အစည်းအဝေးအား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။