အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ယာယီဝန်ထမ်းအိမ်ယာ ဘာရှာတည်ဆောက်ရေးကိစ္စရပ်များ ညှိနှိုင်းဆွေးနွေးပြီး ဝန်ထမ်းအိမ်ယာများအား လိုက်လံကြည့်ရှုစစ်ဆေး

နေပြည်တော်၊ ဧပြီ ၁၈

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီးများ တာဝန်ရှိသူများနှင့်အတူ ယာယီဝန်ထမ်းအိမ်ယာ ဘာရှာတည်ဆောက်ရေး ကိစ္စရပ်များနှင့် ပတ်သက်၍ ရုံးအမှတ်(၃၁)၌ ညှိနှိုင်းဆွေးနွေးခဲ့ပါသည်။

ထို့နောက် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ၂၈-၃-၂၀၂၅ ရက်နေ့၌ လှုပ်ခတ်ခဲ့သည့် ငလျင်ဒဏ်ကြောင့် ဝန်ထမ်းအိမ်ယာများ ပျက်စီးယိုယွင်းသွားသည့် နေပြည်တော်၊ ဇမ္ဗူသီရီမြို့နယ်၊ ဝဏ္ဏသိဒ္ဓိရပ်ကွက်အတွင်းရှိ တိုက်အမှတ် ၅၃၅၀ နှင့် ၅၃၅၁ တို့အားလည်းကောင်း၊ ဉာဏသိဒ္ဓိ ရပ်ကွက်အတွင်းရှိ တိုက်အမှတ် ၃၃၉၉ အားလည်းကောင်း ငလျင်ဒဏ်ကြောင့် ဝန်ထမ်းအိမ်ယာများ ကွဲအက်ပျက်စီးမှုများအား လိုက်လံ ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားခဲ့သည်။