အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ရန်ကုန်မြို့တွင် စခန်းဝင်လေ့ကျင့်နေသော အားကစားအဖွဲ့များအား လိုက်လံကြည့်ရှုစစ်ဆေး

ရန်ကုန်၊ ဧပြီလ (၁၂)ရက် ။

မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဌ ၊အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများနှင့်အတူ ၂၈.၃.၂၀၂၅ ရက်နေ့၌ တိုက်ခတ်ခဲ့သည့် ငလျင်ဒဏ်ကြောင့် ရန်ကုန်မြို့သို့ ပြောင်းရွှေ့စခန်းဝင်လေ့ကျင့်ရန် ရောက်ရှိနေသည့် ဘတ်စကက်ဘော၊ ပြေးခုန်ပစ်၊ ဝူရှူး၊ ဘော်လီဘော၊ ရိုးရာခြင်းလုံး၊ ပန်ကြပ်ဆီလပ်၊ ပိုက်ကျော်ြခင်း၊ ဘိလိယက် ပဏာမလက်ရွေးစင်အားကစားအဖွဲ့များထားရှိရာ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျိုက္ကဆံကွင်းရှိ အမျိုးသား/ အမျိုးသမီး (၄)ထပ်အိပ်ဆောင်သို့ ယမန်နေ့ည(၈)နာရီအချိန်တွင် ရောက်ရှိပြီး နေထိုင်စားသောက်မှုများ၊ ရေ၊ မီး၊ အဆင်ပြေရရှိစေရေးတို့အား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာ ဝန်ကြီး ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် (၈ :၀၀)နာရီအချိန်တွင် ကျိုက္ကဆံကွင်း အတွင်း ရှိ Synthetic ပြေးလမ်းပါ ဘောလုံးလေ့ကျင့်ရေးကွင်း(၁)၌ ပဏာမ လက်ရွေးစင် ပြေးခုန်ပစ်တာလတ်အားကစားသမားများလေ့ကျင့်နေမှုအားလည်းကောင်း၊ အမြင့်ခုန်အားကစားသမားများလေ့ကျင့်နေမှုအားလည်းကောင်း၊ အလျားခုန်အားကစားသမားများ လေ့ကျင့်နေမှုများကိုလည်းကောင်း၊ ပြေးခုန်ပစ်အားကစားသမားများ လေ့ကျင့်နေမှုများ အပြီးအကြောလျှော့ ကစားနေမှုများကို လည်းကောင်း ကြည့်ရှု စစ်ဆေးပြီး အားပေးစကား ပြောကြားကာ လိုအပ်သည်များ မှာကြားခဲ့သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဘောလုံးလေ့ကျင့်ရေးကွင်း (၂)၌ (ISPE U-21) ဘောလုံးအသင်းနှင့် ရတနာပုံဘောလုံးအသင်းတို့ချစ်ကြည်ရေး ခြေစမ်းပွဲ ကစားနေမှုများကို ကြည့်ရှုအားပေးပြီး တာဝန်ရှိသူများကို လိုအပ်သည်များ မှာကြားခဲ့ပါသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ပဏာမလက်ရွေးစင် ခြင်းလုံး အားကစားသမားများ လေ့ကျင့်ရေးရုံသို့ရောက်ရှိရာ မြန်မာနိုင်ငံခြင်းလုံးအဖွဲ့ချုပ်ဥက္ကဌနှင့် တာဝန်ရှိသူများက ကြိုဆိုကြပြီး (၃၃)ကြိမ်မြောက်အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင်အောင်မြင်မှုဆုတံဆိပ်များရရှိရေးအတွက် ဆောင်ရွက်နေမှုများ၊ လိုအပ်ချက်များ တင်ပြမှုအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးပြီး အားကစားသမားများ လေ့ကျင့်နေမှုများကို ကြည့်ရှုအားပေးခဲ့ပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပဏာမလက်ရွေးစင် ပန်ကြပ်ဆီလပ် အားကစားသမားများစခန်းဝင်လေ့ကျင့်ရေးရုံသို့ ရောက်ရှိရာ မြန်မာနိုင်ငံ ပန်ကြပ်ဆီလပ်အဖွဲ့ချုပ်ဥက္ကဌနှင့် တာဝန်ရှိသူများက ကြိုဆိုကြပြီး အားကစားသမားများလေ့ကျင့်နေမှုများကိုကြည့်ရှုအားပေးကာ ပြည်ထောင်စုဝန်ကြီးက စိန်ခေါ်မှုအားလုံးကို ရင်ဆိုင်ကျော်ဖြတ်နိုင်ပြီး စိတ်ဓာတ်ကောင်းမွန်၍ စွန့်လွှတ် စွန့်စားရဲတဲ့ စိတ်ဓာတ်မြင့်မြင့်မားမားရှိရန်လိုကြောင်း၊ (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၌ အောင်မြင်မှုဆုတံဆိပ်များရရှိအောင် ကြိုးစားကြရန်လိုကြောင်းမှာကြားခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကရာတေးလေ့ကျင့်ရေးရုံ သို့ရောက်ရှိပြီး ပဏာမလက်ရွေးစင်ကရာတေး အားကစားသမားများ စခန်းဝင် လေ့ကျင့်နေမှုများကိုလည်းကောင်း၊ GYM အားကစားခန်းမကိုလည်းကောင်း၊ ပြည်ထောင်စုခန်းမတွင် ပဏာမလက်ရွေးစင် ဝူရှူး အားကစားသမားများ စခန်းဝင် လေ့ကျင့်နေမှုများကိုလည်းကောင်း ကြည့်ရှုအားပေးပြီး ဇွဲ၊ စိတ်ဓာတ်အပြည့်ဖြင့် ပြင်းပြင်းထန်ထန် ကြိုးစားလေ့ကျင့်ကြရန် နိုင်ငံတော်အတွက် ရွှေတံဆိပ်ဆုများ ရယူပြီး အားကစားဖြင့် နိုင်ငံ့ဂုဏ်မြှင့်တင်ကြရန် မှာကြားကာ တင်ပြချက်များ အပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ပဏာမလက်ရွေးစင်အားကစား သမား များ ထမင်းစားဆောင်၌ နေ့လယ်စာ စားသုံးနေမှုများကို ကြည့်ရှုစစ်ဆေးပြီး ရင်းရင်း နှီးနှီး လိုက်လံနှုတ်ဆက်၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။

ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီးသည် မင်္ဂလာတောင်ညွန့်မြို့နယ်၊ အောင်ဆန်း အားကစားပြိုင်ပွဲဝင်း မိုးလုံလေလုံအားကစားရုံသို့ရောက်ရှိပြီးရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးစိုးသိန်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ နှင့်အတူ ပဏာမလက်ရွေးစင်ဘော်လီဘော အားကစားသမားများ လေ့ကျင့်နေမှုများ ကို ကြည့်ရှုအားပေးပြီး ဘော်လီဘောအားကစားနည်းဖြင့် နိုင်ငံ့ဂုဏ်မြှင့်တင်နိုင်ရေး ၊ ပြင်းပြင်းထန်ထန်ကြိုးစားလေ့ကျင့်ကြရန် မှာကြားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်မှလည်း ရန်ကုန်မြို့တွင် စခန်းသွင်း လေ့ကျင့်လျက်ရှိသော ပဏာမလက်ရွေးစင်အားကစားသမားများ၏ နေထိုင် စားသောက်ရေး ၊ ရေလုံလောက်စွာရရှိရေး ၊ လျှပ်စစ်မီး အဆင်ပြေစေရေးအပါအဝင် လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ အားကစားသမားများ အနေဖြင့် (၃၃)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် နိုင်ငံတော် အတွက် ရွှေတံဆိပ်ဆု ရယူပြီး နိုင်ငံ့ဂုဏ်မြှင့်တင်ကြရန်လိုအပ်ကြောင်း ပြောကြားကာ လိုအပ်သည်များဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ပဏာမလက်ရွေးစင် ဘော်လီဘော အားကစားသမားများနှင့်အတူ နေ့လယ်စာစားသုံးပြီး ရင်းရင်းနှီးနှီး နှုတ်ဆက် အားပေး ခဲ့ကြောင်း သတင်းရရှိသည်။