အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

စခန်းဝင်လေ့ကျင့်လျက်ရှိသည့် မြားပစ်အားကစားသမားများ၏ လက်ရည်ဆန်းစစ်မြားပစ်ပြိုင်ပွဲကျင်းပ

နေပြည်တော်၊ မတ် ၁၀ ။

(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် စခန်းဝင် လေ့ကျင့်လျက်ရှိသည့် မြားပစ်အားကစားသမားများ၏ လက်ရည်ဆန်းစစ် မြားပစ်ပြိုင်ပွဲကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော် မြားပစ်လေ့ကျင့်ရေးကွင်း၌ ကျင်းပခဲ့သည်။

ယနေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ် (အမျိုးသား/အမျိုးသမီး) Recurve/Compound မြား (၇၂) ချောင်း Ranking Round ပြိုင်ပွဲအား ယှဉ်ပြိုင်ပစ်ခတ်ခဲ့ကြပြီးနောက် မွန်းလွဲပိုင်းတွင် (အမျိုးသား/ အမျိုးသမီး) Recurve/Compound တစ်ဦးချင်း ရှုံးထွက်ပွဲစဉ်များ၊ ကွာတားဖိုင်နယ် ပွဲစဉ်များနှင့် အကြိုဗိုလ်လုပွဲ ပွဲစဉ်များကို ဆက်လက်ယှဉ်ပြိုင်ပစ်ခတ်ခဲ့ကြသည်။

၂၀၂၅ ခုနှစ်၊ မတ်လ ၁၁ ရက်နေ့ နံနက် ၈ နာရီခွဲမှစတင်၍ (အမျိုးသား/အမျိုးသမီး) Recurve/Compound တတိယလုပွဲ ပွဲစဉ်နှင့် ဗိုလ်လုပွဲ ပွဲစဉ်များကို ယှဉ်ပြိုင်ပစ်ခတ်သွားမည်ဖြစ်ပြီး ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ခြင်းအခမ်းအနားအား ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။