အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ငလျင်ဒဏ်သင့် ဝန်ထမ်းများအား ယာယီနေရာချထားရန်ကိစ္စများ၊ အထောက်အပံ့ပစ္စည်းများရရှိမှုနှင့် ဖြန့်ဝေသုံးစွဲမှု၊ ပျက်စီးဆုံးရှုံးမှုအပေါ် ရှင်းလင်းဖယ်ရှားမှုနှင့် ယာယီဘာရှာအဆောက်အဦများ ဆောက်လုပ်ပြီးစီးမှုအခြေအနေများအား ရှင်းလင်းဆွေးနွေးခြင်းအစည်းအဝေးကျင်းပ
နေပြည်တော်၊ မေ ၅
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ငလျင်ဒဏ်သင့် ဝန်ထမ်းများအား ယာယီ နေရာချထားရန်ကိစ္စများ၊ လှူဒါန်းငွေများ၊ အထောက်အပံ့ပစ္စည်းများရရှိမှုနှင့် ဖြန့်ဝေသုံးစွဲမှု၊ ရုံး အဆောက်အဦများ၊ ဝန်ထမ်းအိမ်ရာများ ပျက်စီးဆုံးရှုံးမှုအပေါ် ရှင်းလင်းဖယ်ရှားမှုနှင့် ယာယီ ဘာရှာအဆောက်အဦများ ဆောက်လုပ်ပြီးစီးမှုအခြေအနေများအား ရှင်းလင်းဆွေးနွေးခြင်း အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် ရုံးအမှတ်(၃၁)ရှိ စုပေါင်းအစည်းအဝေး ခန်းမ၌ ကျင်းပခဲ့သည်။
ဦးစွာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က အဖွင့်အမှာစကားပြောကြားရာတွင် မတ်လ ၂၈ ရက်နေ့တွင် လှုပ်ခတ်ခဲ့သည့် ငလျင်ဒဏ်ကြောင့် ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများနှင့် အားကစားသမားများ အသက်ဘေး အန္တရာယ် ထိခိုက်ဆုံးရှုံးမှုမရှိခဲ့သော်လည်း ရုံးခန်းများ၊ အားကစားကွင်း/ အားကစားရုံ အဆောက်အဦ များနှင့် ဝန်ထမ်းအိမ်ရာများစွာ ပျက်စီးဆုံးရှုံးခဲ့ရပါကြောင်း၊ သက်ဆိုင်ရာဌာနများမှ ကျွမ်းကျင် ပညာရှင်များ၏ စစ်ဆေးအတည်ပြုသည့် ဝန်ထမ်းအိမ်ရာများအား အရောင်သတ်မှတ်ချက် များအတိုင်း အသေးစားပြုပြင်မှုများကို မိမိတို့ဝန်ကြီးဌာန အစီအစဉ်ဖြင့် ပြုပြင်ဆောင်ရွက် သွားနိုင်ရေးအတွက် သက်ဆိုင်ရာကဏ္ဍများအလိုက် လုပ်ငန်းဆောင်ရွက်မည့် အစီအစဉ်များကို အသေးစိတ် ဆွေးနွေးတင်ပြပေးသွားရန်လိုကြောင်း၊ အလှူရှင်များမှ လှူဒါန်းထောက်ပံ့ပေး ထားသည့် ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများကို အရာထမ်း/ အမှုထမ်းများ၊ ဝန်ထမ်း မိသားစုဝင်များနှင့် အားကစားသမားများ၏ လက်ဝယ်သို့ ရောက်/ ဖြန့် စနစ်များဖြင့် တာဝန်ရှိသူများက စိစစ်ကြပ်မတ်၍ အတူတကွ ပူးပေါင်းဆောင်ရွက်ပေးခဲ့ပြီး အချိုးကျ ညီတူ ညီမျှ ခွဲဝေပေးခဲ့ပြီဖြစ်၍ မှတ်တမ်းမှတ်ရာများကိုလည်း စနစ်တကျ ပြုစုထားရှိရန်လိုကြောင်း၊ ထပ်မံထောက်ပံ့လှူဒါန်းပေးလိုသည့် အလှူရှင်များနှင့်လည်း ချိတ်ဆက်ဆောင်ရွက်လျက်ရှိ ကြောင်း၊ ငလျင်ဘေးဒဏ်သင့် ဝန်ထမ်းများနေထိုင်နိုင်ရန်အတွက် ယာယီဘာရှာ တည်ဆောက် နေမှု အခြေအနေများကိုလည်း တာဝန်ရှိသူများက သတ်မှတ်အရည်အသွေးနှင့်အညီ ဖြစ်စေ ရေးအတွက် ကြပ်မတ်ဆောင်ရွက်ပေးသွားရန်လိုကြောင်း ပြောကြားခဲ့သည်။
ဆက်လက်ပြီး အစည်းအဝေးတက်ရောက်လာကြသည့် ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများက သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေး ဦးစီးကော်မတီ(DMC)အစည်းအဝေး၏ ဆုံးဖြတ်ချက်များ၊ ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ ဆက်လက်ဆောင်ရွက်ရန်ကျန်ရှိသည့် လုပ်ငန်းအစီအမံများနှင့်ပတ်သက်ပြီး အသီးသီး တင်ပြ ဆွေးနွေးခဲ့ကြရာ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးထိန်လင်း၊ ဦးဇင်မင်းထက်နှင့် ပြည်ထောင်စု ဝန်ကြီးတို့က ဖြည့်စွက်ဆွေးနွေးပြောကြားခဲ့ပြီး သီးပင်စားပင်စိုက်ပျိုးရေး ကိစ္စများကိုလည်း တာဝန်ရှိသူများက စိစစ်ကြပ်မတ်ဆောင်ရွက်သွားရန် မှာကြားခဲ့ပြီး အစည်းအဝေးအား ရုပ်သိမ်း ခဲ့ကြောင်းသိရသည်။




