၂၀၂၅ခုနှစ်၊ ဒုတိယအကြိမ် မုတ်သုန်ရာသီ ကလပ်ပေါင်းစုံ (အလွတ်တန်းနှင့် U-16) 3×3 ဘတ်စကက်ဘောပြိုင်ပွဲကျင်းပ
တောင်ကြီး၊မေလ ၁၈
ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုနှင့်အတူ ပြည်နယ်ဘတ်စကက်ဘောမျိုးဆက်သစ်အားကစားသမားများပေါ်ထွက်လာစေရေးကိုရည်ရွယ်ကာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပြည်နယ်ဘတ်စကက်ဘောဆပ်ကော်မတီတို့ ပူးပေါင်းကျင်းပပြုလုပ်သည့် ၂၀၂၅ခုနှစ်၊ ဒုတိယအကြိမ် မုတ်သုန်ရာသီ ကလပ်ပေါင်းစုံ (အလွတ်တန်း)အမျိုးသား / အမျိုးသမီး 3×3 နှင့် (U-16) အမျိုးသား 3×3 ဘတ်စကက်ဘောပြိုင်ပွဲများအား (၁၇.၅.၂၀၂၅)ရက်နေ့ နံနက်(၀၉း၀၀)နာရီအချိန်တွင် တောင်ကြီးမြို့ ၊ ပြည်နယ်ဘတ်စကက်ဘောအားကစားရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။
အဆိုပါ ပြိုင်ပွဲကို (၁၇.၅.၂၀၂၅)ရက်နေ့မှ (၁၈.၅.၂၀၂၅)ရက်နေ့ထိ အလွတ်တန်း အမျိုးသား (၁၅) သင်း ၊ အမျိုးသမီး (၅)သင်း ၊ U-16 အမျိုးသား (၁၉)သင်း ၊ စုစုပေါင်း (၃၉)သင်း ပြိုင်ပွဲဝင်အားကစားသမားစုစုပေါင်း(၁၅၆)ဦးဖြင့် ပြည်နယ်ဘတ်စကက်ဘောအားကစားရုံအတွင်း၌ ယှဥ်ပြိုင်ကစားလျက်ကြောင်းသိရှိရကာ တောင်ကြီးမြို့နယ်အတွင်းရှိ ဘတ်စကက်ဘောအားကစားဝါသနာရှင်များ မည်သူမဆိုအခမဲ့လာရောက်ကြည့်ရှုအားပေးနိုင်ပါကြောင်း သိရှိခဲ့ရပါသည်။


