၂၀၂၅ခုနှစ်၊ အပြည်ပြည်ဆိုင်ရာအိုလံပစ်နေ့အကြို (ဝူရှူး)ပြိုင်ပွဲကျင်းပ
တောင်ကြီး၊မေလ ၁၉
ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုနှင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် Aung Myat Company & Shake Shake Group တို့ ပူးပေါင်းကျင်းပပြုလုပ်သည့် ၂၀၂၅ခုနှစ်၊ အပြည်ပြည်ဆိုင်ရာအိုလံပစ်နေ့အကြို ဝူရှူးပြိုင်ပွဲအား (၁၉.၅.၂၀၂၅)ရက်နေ့ နံနက်(၀၉း၀၀)နာရီအချိန်တွင် တောင်ကြီးမြို့၊ ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးကျော်သူဆွေ၊ လူငယ်ရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းဌေး၊ မြန်မာနိုင်ငံဝူရှူးအဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် ပြည်နယ်ဝူရှူးဆပ်ကော်မတီအဖွဲ့ဝင်များ၊ ဝူရှူးအားကစားဝါသနာရှင် မိဘပြည်သူများက တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။
အဆိုပါ ပြိုင်ပွဲကို (၁၉.၅.၂၀၂၅)ရက်နေ့မှ (၂၀.၅.၂၀၂၅)ရက်နေ့ထိ ပြိုင်ပွဲဝင်အားကစားသမားစုစုပေါင်း(၇၀)ဦးဖြင့် ပြည်နယ်လေ့ကျင့်ရေးအားကစားရုံအတွင်း၌ ယှဥ်ပြိုင်ကစားလျက်ကြောင်းသိရှိရကာ တောင်ကြီးမြို့နယ်အတွင်းရှိ ဝူရှူး အားကစားဝါသနာရှင်များ မည်သူမဆိုအခမဲ့လာရောက်ကြည့်ရှုအားပေးနိုင်ပါကြောင်း သိရှိခဲ့ရပါသည်။


