(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် စခန်းသွင်း လေ့ကျင့်လျက်ရှိသော ကစားနည်းများ၏အုပ်ချုပ်မှု၊ လေ့ကျင့်မှုဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ သက်ဆိုင်ရာ မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ်များနှင့် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ
နေပြည်တော်၊ မေ ၁၂
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးထိန်လင်းသည် ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဆန်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးတို့လိုက်ပါ၍ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့သို့သွားရောက်ကာ တောင်ငူအားကစားခန်းမအား ကြည့်ရှုစစ်ဆေးခဲ့ပြီး တောင်ငူအားကစားခန်းမမီးရရှိစေရေး အမြန်ဆုံး ဆောင်ရွက်သွားရန်၊ အားကစားခန်းမအတွင်း နွေရာသီသင်တန်းများ၊ အထိမ်းအမှတ်အားကစားပြိုင်ပွဲများ အဆက်မပြတ်ကျင်းပနိုင်ရေး ဆောင်ရွက်သွားရန်၊ အားကစားရုံပတ်လည်တွင် ခြုံနွယ်များနှင့် အုတ်တံတိုင်းပေါ်တွင် နွယ်ပင်များမရှိစေရေး ရှင်းလင်းဆောင်ရွက်ရန်၊ အားကစားကွင်းအား အမြဲတမ်းစိမ်းလန်းမှုရှိစေရေး ဂရုစိုက်ဆောင်ရွက်ရန်၊ ဂိုးတိုင်များနှင့် Inner Fencing များအား ထုံးဖြူများသုတ်ထားရန်၊ အားကစားခန်းမအား တစ်ခုပျက်ပါက တစ်ခုချက်ချင်း ပြင်ဆင်သွားရန် လိုကြောင်း၊ ခရိုင်အားကစားကွင်း ဖြစ်သည့်အတွက် Score ဘုတ်အား ခရိုင်အဆင့်နှင့်ညီအောင် ပြင်ဆင်ထားရန်လိုကြောင်းနှင့် ရုံးဘေးရှိ Outdoor Fitness အား အသစ်လဲလှယ်နိုင်ရေး တင်ပြတောင်းခံဆောင်ရွက်သွားရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် တောင်ငူခရိုင်နှင့် တောင်ငူမြို့နယ်၊ ဖြူးမြို့နယ်၊ အုတ်တွင်း မြို့နယ်၊ ထန်းတပင်မြို့နယ်၊ ရေတာရှည်မြို့နယ်နှင့် ကျောက်ကြီးမြို့နယ်တို့မှ အရာထမ်း၊ အမှုထမ်းများအားတွေ့ဆုံ၍ ဝန်ထမ်းများအနေဖြင့် မိမိတို့၏ လုပ်ငန်းတာဝန်များကို သိရှိရန် လိုအပ်ပြီး တာဝန်ကျေပွန်အောင်ဆောင်ရွက်ကြရန်လိုကြောင်း၊ မိမိတာဝန်ကျသည့် ဒေသတွင် အားကစားဖွံ့ဖြိုးတိုးတက်ရန်အတွက် စိတ်ပါဝင်စားပြီးပျော်ရွှင်ရန်လိုကြောင်း၊ စည်းကမ်းသည် လူ၏တန်ဖိုးဖြစ်သည့်အတွက် ဝန်ထမ်းများအနေဖြင့် စည်းကမ်းရှိစွာ နေထိုင်ရန်လိုကြောင်းနှင့် ဝန်ထမ်းကျင့်ဝတ်များနှင့်အညီ လိုက်နာကျင့်သုံးနေထိုင်ရန်လိုကြောင်း၊ နိုင်ငံတော်နှင့် မိမိတို့၏ ဌာနအပေါ် သစ္စာရှိရန်လိုကြောင်း၊ လုံခြုံရေးအသိ၊ လုံခြုံရေးသတိရှိရန်လိုကြောင်း၊ ပူပြင်း ခြောက်သွေ့သည့် ရာသီဥတုဖြစ်သည့်အတွက် ကျန်းမာရေးကို အထူးဂရုစိုက်ကြရန်လိုကြောင်း၊ မိမိတို့အနေဖြင့် လူငယ်ကဏ္ဍမှာလည်းအရေးကြီးသည့်အတွက် ပါဝင်ဆောင်ရွက်ပေးသွားရန် မှာကြားခဲ့သည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဒိုက်ဦးမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန သို့ရောက်ရှိကာ အားကစားကွင်း/ အားကစားရုံများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး ဒိုက်ဦး မြို့နယ်ရှိ အရာထမ်း၊ အမှုထမ်းများနှင့်တွေ့ဆုံ၍ မိမိတို့၏ ပင်မလုပ်ငန်းတာဝန်ကို ဂရုစိုက် ဆောင်ရွက်ရန်လိုကြောင်း၊ ဝန်ထမ်းများအနေဖြင့် လုပ်ငန်းများဆောင်ရွက်ရာတွင် လုပ်ဆောင်မှု အပြင် စေတနာပါထည့်၍ လုပ်ဆောင်ကြရန်နှင့် ဝန်ထမ်းကျင့်ဝတ်နှင့်အညီ နေထိုင်ကြရန် လိုကြောင်း၊ ရာသီဥတုပူပြင်းသည့်အတွက် အပူ/ အအေးမမျှတ၍ ဖျားနာမှုများရှိနိုင်သဖြင့် အထူး ဂရုစိုက်နေထိုင်ကြရန်လိုကြောင်း၊ မိမိတို့ရရှိထားသည့် ရာထူးအဆင့်အလိုက် စည်းစည်းလုံးလုံး နှင့် လုပ်ငန်းများကို အောင်မြင်အောင်ဆောင်ရွက်ကြစေလိုကြောင်း၊ ပြဿနာတစ်စုံတစ်ရာ ဖြစ်ပေါ်လာပါက အဆင့်ဆင့်သတင်းပို့ရန်လိုကြောင်းနှင့် ဝန်ထမ်းများအနေဖြင့် အခြားဌာန ဆိုင်ရာများနှင့်လည်း အဆင်ပြေအောင် ပေါင်းသင်းဆက်ဆံကြရန်လိုကြောင်း မှာကြားခဲ့သည်။
ဒုတိယဝန်ကြီးသည် ပဲခူးမြို့သို့ ဆက်လက်ထွက်ခွာခဲ့ပြီး ပဲခူးတိုင်းဒေသကြီး၊ တိုင်းရုံးနှင့် ခရိုင်/မြို့နယ်များမှ အရာထမ်း/ အမှုထမ်းများနှင့်တွေ့ဆုံ၍ ဌာနလုပ်ငန်းတာဝန်များနှင့် ပတ်သက်၍ လိုအပ်သည်များမှာကြားခဲ့ပြီးနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် သနပ်ပင်မြို့နယ် ရှိ အားကစားကွင်း/ အားကစားရုံများ၊ ပဲခူးတိုင်းဒေသကြီးအားကစားဥယျာဉ်ရှိ အားကစားကွင်း/ အားကစားရုံများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး အားကစားကွင်း/ အားကစားရုံများ သန့်ရှင်းသပ်ရပ်မှုရှိစေရေး အမြဲတမ်းဆောင်ရွက်ကြရန် တာဝန်ရှိသူများကို လိုအပ်သည်များအား မှာကြားခဲ့ကြောင်းသိရသည်။


