၂၀၂၅ ခုနှစ် (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ ထုပ်ဆီးတိုး၊ လွန်ဆွဲ၊ ဘော်လီဘော နှင့်ဘောလုံးအုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များဆက်လက်ကျင်းပ
နေပြည်တော်၊ ဒီဇင်ဘာ ၃၀
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၅ ခုနှစ် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ ဘော်လီဘော(အမျိုးသား/အမျိုးသမီး)၊ ထုပ်ဆီးတိုး (အမျိုးသမီး) နှင့် လွန်ဆွဲ(အမျိုးသား/အမျိုးသမီး) အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များကို ယနေ့ နံနက်ပိုင်းမှ စတင်၍ နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိကွင်းနှင့် ဝဏ္ဏသိဒ္ဓိအားကစားရုံ(B) တို့၌ ကျင်းပခဲ့သည်။
၂၀၂၅ ခုနှစ် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ ထုပ်ဆီးတိုး (အမျိုးသမီး)ပြိုင်ပွဲ ပွဲစဉ်တွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်းရုံးအသင်းက သိပ္ပံနှင့်နည်း ပညာဝန်ကြီးဌာနအသင်းကိုရမှတ် (၃၃)မှတ် ရမှတ်မရှိဖြင့်လည်းကောင်း၊ ပြည်ထဲရေးဝန်ကြီးဌာန အသင်းက စွမ်းအင်ဝန်ကြီးဌာနအသင်းကို ရမှတ်(၇၅)မှတ် ရမှတ်မရှိဖြင့်လည်းကောင်း၊ နယ်စပ်ရေးရာ ဝန်ကြီးဌာနအသင်းက သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအသင်းကို ရမှတ် (၉၄)မှတ် ရမှတ်မရှိဖြင့်လည်းကောင်း၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအသင်းက စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာနအသင်းကို ရမှတ် (၄၉)မှတ် (၆)မှတ်ဖြင့်လည်းကောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနအသင်းက သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနအသင်းကို ရမှတ် (၇၂)မှတ် ရမှတ်မရှိဖြင့်လည်းကောင်း အသီးသီး ယှဉ်ပြိုင်အနိုင်ရရှိခဲ့သည်။
ဆက်လက်ပြီး ဝန်ကြီးဌာနပေါင်းစုံ လွန်ဆွဲ(အမျိုးသား) အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်တွင် ကာကွယ်ရေးဝန်ကြီး ဌာနအသင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီး ဌာနအသင်းကို (၂)ပွဲပြတ်ဖြင့်လည်းကောင်း၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနအသင်းက လျှပ်စစ် စွမ်းအားဝန်ကြီးဌာနအသင်းကို (၂)ပွဲပြတ်ဖြင့်လည်းကောင်း၊ လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာနအသင်းက အလုပ်သမားဝန်ကြီးဌာနအသင်းကို (၂)ပွဲပြတ်ဖြင့်လည်းကောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနအသင်းက သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနအသင်းကို (၂)ပွဲပြတ်ဖြင့်လည်းကောင်း၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနအသင်းက နိုင်ငံခြားရေးဝန်ကြီး ဌာနအသင်းကို (၂)ပွဲ (၁)ပွဲဖြင့်လည်းကောင်း၊ နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းက သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအသင်းကို (၂)ပွဲပြတ်ဖြင့်လည်းကောင်း၊ လွန်ဆွဲ(အမျိုးသမီး) အုပ်စု ပတ်လည်ပြိုင်ပွဲ ပွဲစဉ်တွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအသင်းက ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး အသင်းကို(၂)ပွဲပြတ်ဖြင့်လည်းကောင်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအသင်းက အလုပ်သမား ဝန်ကြီးဌာနအသင်းကို (၂)ပွဲပြတ်ဖြင့်လည်းကောင်း၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနအသင်းက လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအသင်းကို (၂)ပွဲပြတ်ဖြင့်လည်းကောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာနအသင်းက ပညာရေးဝန်ကြီးဌာနအသင်းကို (၂)ပွဲ (၁)ပွဲဖြင့်လည်းကောင်း၊ ပြည်ထဲရေး ဝန်ကြီးဌာနအသင်းက သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနအသင်းကို (၂)ပွဲပြတ်ဖြင့်လည်းကောင်း၊ သယံဇာတနှင့်သဘာဝပတ်ဝန်ကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအသင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအသင်းကို (၂)ပွဲပြတ်ဖြင့်လည်းကောင်း အသီးသီး ယှဉ်ပြိုင်အနိုင်ရရှိခဲ့သည်။
ထို့နောက် ဝန်ကြီးဌာနပေါင်းစုံ ဘော်လီဘော (အမျိုးသား) အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များတွင် ကာကွယ်ရေးဝန်ကြီးဌာနအသင်းက ပြည်ထဲရေးဝန်ကြီးဌာနအသင်းကို (၃)ပွဲ (၂)ပွဲဖြင့် လည်းကောင်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအသင်းက စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန အသင်းကို (၃)ပွဲပြတ်ဖြင့်လည်းကောင်း၊ ဘော်လီဘော(အမျိုးသမီး) အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်တွင် ကာကွယ်ရေးဝန်ကြီးဌာနအသင်းက အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအသင်းကို (၃)ပွဲပြတ်ဖြင့်လည်းကောင်း၊ ပြည်ထဲရေးဝန်ကြီးဌာနအသင်းက ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနအသင်းကို (၃)ပွဲ (၁)ပွဲဖြင့်လည်းကောင်း အသီးသီး ယှဉ်ပြိုင်အနိုင်ရရှိခဲ့သည်။
အဆိုပါပြိုင်ပွဲများသို့ ဌာနဆိုင်ရာများမှတာဝန်ရှိသူများနှင့်ဝန်ထမ်းများ၊ အားကစားဝါသနာရှင်များ လာရောက်ကြည့်ရှုအားပေးခဲ့သည်။
၂၀၂၅ ခုနှစ် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံအားကစား ပြိုင်ပွဲများအဖြစ် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် ဝန်ကြီးဌာနပေါင်းစုံ ဘော်လီဘော (အမျိုးသား/အမျိုးသမီး) အုပ်စု ပတ်လည်ပြိုင်ပွဲအား တစ်ရက်နားမည်ဖြစ်ပြီး နံနက် ၇ နာရီမှစတင်၍ လေ့ကျင့်ရေးကွင်း အမှတ်(၁)၊ (၂)နှင့်(၃)တို့တွင် ထုပ်ဆီးတိုး (အမျိုး သမီး)၊ လွန်ဆွဲ(အမျိုးသား/ အမျိုးသမီး)ပြိုင်ပွဲများ၊ မွန်းလွဲ ၁၅:၀၀ နာရီတွင် ပေါင်းလောင်းနှင့် ရွှေကြာပင်အားကစားကွင်းတို့၌ ဘောလုံး(အမျိုးသား) အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များကို ဆက်လက်ယှဉ်ပြိုင်ကစားသွားမည်ဖြစ်၍ အားကစားဝါသနာရှင် မိဘပြည်သူများအနေဖြင့် မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်း သိရသည်။