၂၀၂၅ ခုနှစ် (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ ထုပ်ဆီးတိုး၊ လွန်ဆွဲနှင့် ဘောလုံးအုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များကျင်းပ
နေပြည်တော်၊ ဒီဇင်ဘာ ၃၁
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၅ ခုနှစ် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံထုပ်ဆီးတိုး(အမျိုးသမီး)၊ လွန်ဆွဲ(အမျိုးသား/အမျိုးသမီး)နှင့် ဘောလုံး(အမျိုးသား) အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များကို ယနေ့ နံနက်ပိုင်းမှ စတင်၍ နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိကွင်းနှင့် ဝဏ္ဏသိဒ္ဓိအားကစားရုံ(B) တို့၌ ကျင်းပခဲ့သည်။
၂၀၂၅ ခုနှစ် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ ထုပ်ဆီးတိုး (အမျိုးသမီး)ပြိုင်ပွဲ ပွဲစဉ်တွင် လျှပ်စစ်စွမ်းအားဝန်ကြီး ဌာနအသင်းက ပညာရေးဝန်ကြီးဌာနအသင်း ကိုရမှတ် (၁၁)မှတ် (၃)မှတ်ဖြင့်လည်းကောင်း၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနအသင်းက နေပြည်တော်စည်ပင်သာယာရေးကော်မတီအသင်းကို ရမှတ်(၃၀)မှတ် (၅)မှတ်ဖြင့်လည်းကောင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်းက ပြန်ကြားရေးဝန်ကြီးဌာနအသင်းကို ရမှတ် (၁၈)မှတ် (၈)မှတ် ဖြင့်လည်းကောင်း၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနအသင်းက အလုပ်သမားဝန်ကြီးဌာန အသင်းကို ရမှတ် (၄၂)မှတ် (၁၆)မှတ်ဖြင့်လည်းကောင်း၊ ပြည်ထဲရေးဝန်ကြီးဌာနအသင်းက အဂတိ လိုက်စားမှုတိုက်ဖြတ်ရေးကော်မရှင်ရုံးအသင်းကို ရမှတ် (၃၈)မှတ် (၁)ရမှတ်ဖြင့်လည်းကောင်း အသီးသီး ယှဉ်ပြိုင်အနိုင်ရရှိခဲ့သည်။
ဆက်လက်ပြီး ဝန်ကြီးဌာနပေါင်းစုံ လွန်ဆွဲ(အမျိုးသား) အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်တွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနအသင်းက နေပြည်တော်စည်ပင်သာယာရေးကော်မတီ အသင်းကို (၂)ပွဲပြတ်ဖြင့်လည်းကောင်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအသင်းက ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်းကို (၂)ပွဲပြတ်ဖြင့်လည်းကောင်း၊ သယံဇာတနှင့်သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအသင်းက သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအသင်းကို (၂)ပွဲပြတ်ဖြင့် လည်းကောင်း၊ ပြည်ထဲရေးဝန်ကြီးဌာနအသင်းက ပညာရေးဝန်ကြီးဌာနအသင်းကို (၂)ပွဲပြတ်ဖြင့် လည်းကောင်း၊ အဂတိလိုက်စားမှုတိုက်ဖြတ်ရေးကော်မရှင်ရုံးအသင်းက ပြည်ထောင်စုရာထူးဝန်အဖွဲ့ အသင်းကို (၂)ပွဲ ပြတ်ဖြင့်လည်းကောင်း၊ လွန်ဆွဲ(အမျိုးသမီး) အုပ်စု ပတ်လည်ပြိုင်ပွဲ ပွဲစဉ်တွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့အသင်းက နိုင်ငံခြားရေးဝန်ကြီးဌာနအသင်းကို(၂)ပွဲပြတ်ဖြင့်လည်းကောင်း၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနအသင်းက ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်းကို (၂)ပွဲပြတ်ဖြင့် လည်းကောင်း၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအသင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအသင်းကို (၂)ပွဲပြတ်ဖြင့်လည်းကောင်း၊ ကာကွယ်ရေးဝန်ကြီးဌာနအသင်းက ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနအသင်းကို (၂)ပွဲပြတ်ဖြင့် လည်းကောင်း၊ နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းက နေပြည်တော်စည်ပင် သာယာရေးကော်မတီအသင်းကို (၂)ပွဲပြတ်ဖြင့်လည်းကောင်း အသီးသီး ယှဉ်ပြိုင်အနိုင်ရရှိခဲ့သည်။
ထို့နောက် ဝန်ကြီးဌာနပေါင်းစုံ ဘောလုံး (အမျိုး သား)ပြိုင်ပွဲ ပွဲစဉ်တွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနအသင်းက ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်းကို (၂)ဂိုး ဂိုးမရှိဖြင့်လည်းကောင်း၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအသင်းနှင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအသင်းတို့ယှဥ်ပြိုင်ကစားခဲ့ရာ တစ်ဖက် (၁)ဂိုးစီ သရေရလဒ်တို့ အသီးသီး ရရှိခဲ့သည်။
အဆိုပါပြိုင်ပွဲများသို့ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများမှဝန်ထမ်းများ၊ အားကစားဝါသနာရှင်များ လာရောက်ကြည့်ရှုအားပေးခဲ့သည်။
၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင်ဘောလုံး (အမျိုးသား)ပြိုင်ပွဲ ပွဲစဉ်အား တစ်ရက်နားမည်ဖြစ်ပြီး ၂၀၂၅ ခုနှစ် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံအားကစား ပြိုင်ပွဲများအဖြစ် ဇန်နဝါရီလ ၁ ရက်နေ့ နံနက် ၇ နာရီမှစတင်၍ လေ့ကျင့်ရေးကွင်း အမှတ်(၁)၊ (၂)နှင့်(၃)တို့၌ ထုပ်ဆီးတိုး (အမျိုး သမီး)၊ လွန်ဆွဲ(အမျိုးသား/ အမျိုးသမီး) ပြိုင်ပွဲ ပွဲစဉ်များအားလည်းကောင်း၊ နံနက် ၈ နာရီမှစတင်၍ ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ဝန်ကြီး ဌာနပေါင်းစုံ ဘော်လီဘော (အမျိုးသား/အမျိုးသမီး) တတိယလုပွဲ ပြိုင်ပွဲ ပွဲစဉ်အားလည်း ကောင်း ဆက်လက်ယှဉ်ပြိုင်ကစားသွားမည်ဖြစ်၍ အားကစားဝါသနာရှင် မိဘပြည်သူများအနေဖြင့် မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှုအားပေးနိုင် ကြောင်း သိရသည်။