၂၀၂၄ခုနှစ်၊ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော်ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့်စားပွဲတင် တင်းနစ်၊ ခြင်းလုံး၊ ဝူရှူးအားကစားနည်းများ၏ အားကစားပြိုင်ပွဲအားကစားအသင်းမန်နေဂျာများအစည်းအဝေးကျင်းပ
နေပြည်တော်၊ဒီဇင်ဘာ၁၄
ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော်တွင်ပါဝင်သည့်ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့် စားပွဲတင် တင်းနစ်၊ ခြင်းလုံး၊ ဝူရှူးအားကစားနည်းများ၏အသင်းမန်နေဂျာများအစည်းအဝေးကိုယနေ့နံနက်ပိုင်းတွင်အမှတ်(၃)၊စစ်ကြောရေးနှင့်တည်းခိုရေးစခန်း(ရွာတော်)၌ကျင်းပခဲ့သည်။ပြိုင်ပွဲတွင်ပါဝင်ယှဉ်ပြိုင်ကြသည့်အသင်းများမှအားကစားသမားများသည်ကြိုတင်ဖြန့်ဝေအသိပေးထားသောစည်းမျဉ်း/စည်းကမ်းများနှင့်ကိုက်ညီမှုရှိ/မရှိစိစစ်ပြီးနောက်ပြိုင်ပွဲကျင်းပရေးဆိုင်ရာကိစ္စရပ်များကိုညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့် စားပွဲတင်တင်းနစ်ပြိုင်ပွဲတွင်ကျား(၁၂)သင်း၊ မ(၁၁)သင်းပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီးပြိုင်ပွဲများကိုဒီဇင်ဘာလ (၁၅)ရက်နေ့မှ (၁၇)ရက်နေ့ထိဝဏ္ဏသိဒ္ဓိလက်ဝှေ့ရုံ၌ ကျင်းပသွားမည်ဖြစ်သည်။
ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့် ခြင်းလုံးပြိုင်ပွဲတွင်ကျား(၁၃)သင်း၊ မ(၇)သင်းပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီးပြိုင်ပွဲများကိုဒီဇင်ဘာလ (၁၅)ရက်နေ့မှ (၁၈)ရက်နေ့ထိဝဏ္ဏသိဒ္ဓိအားကစားရုံ(C)၌ ကျင်းပသွားမည်ဖြစ်သည်။
ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့် ဝူရှူးပြိုင်ပွဲတွင်ကျား(၁၅)သင်း၊ မ(၁၅)သင်းပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီးပြိုင်ပွဲများကိုဒီဇင်ဘာလ (၁၆)ရက်နေ့မှ (၁၉)ရက်နေ့ထိရွှေကြာပင်အားကစားရုံ၌ ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။