အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဝန်ကြီးဌာနပေါင်းစုံ အားကစားအသင်းမန်နေဂျာများ အစည်းအဝေးဆက်လက်ကျင်းပ

နေပြည်တော်၊ ဒီဇင်ဘာ ၁၂

ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင်ပါဝင်သည့် ဝန်ကြီးဌာနပေါင်းစုံ (အမျိုးသား/ အမျိုး သမီး)ပြေးခုန်ပစ်ပြိုင်ပွဲနှင့် ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့် တင်းနစ်၊ ရေကူး၊ အလေးမ အားကစားနည်းများ၏ အသင်းမန်နေဂျာများ အစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် အမှတ်(၃)၊ စစ်ကြောရေးနှင့် တည်းခိုရေးစခန်း(ရွာတော်)နှင့် Squash ရုံ၌ကျင်းပခဲ့သည်။

ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြသည့် အသင်းများမှ အားကစားသမားများသည် ကြိုတင်ဖြန့်ဝေအသိပေးထားသော စည်းမျဉ်း/စည်းကမ်း များနှင့် ကိုက်ညီမှုရှိ/မရှိစိစစ်ပြီးနောက် ပြိုင်ပွဲကျင်းပရေးဆိုင်ရာ ကိစ္စရပ်များကို ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

ဝန်ကြီးဌာနပေါင်းစုံ ပြေးခုန်ပစ်ပြိုင်ပွဲများတွင် ကျား(၂၂)သင်း၊ မ(၂၀)သင်း ပါဝင်ယှဉ်ပြိုင်ကြမည် ဖြစ်ပြီး ပြိုင်ပွဲများကို ဒီဇင်ဘာလ (၁၄)ရက်နေ့မှ (၁၆)ရက်နေ့ ဝဏ္ဏသိဒ္ဓိအားကစားကွင်းနှင့် လေ့ကျင့်ရေးကွင်း(၁)တို့၌ ကျင်းပသွားမည်ဖြစ်သည်။

ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့် ရေကူးပြိုင်ပွဲတွင် ကျား (၁၂)သင်း၊ မ(၁၀)သင်းပါဝင် ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ပြိုင်ပွဲများကို ဒီဇင်ဘာလ (၁၃)ရက်နေ့မှ (၁၄)ရက်နေ့ထိ ဝဏ္ဏသိဒ္ဓိရေကူးကန်၌ ကျင်းပသွားမည်ဖြစ်သည်။

ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့် တင်းနစ်ပြိုင်ပွဲတွင် ကျား (၁၄)သင်း၊ မ(၉)သင်းပါဝင် ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ပြိုင်ပွဲများကို ဒီဇင်ဘာလ (၁၃)ရက်နေ့မှ (၁၇)ရက်နေ့ထိ ဝဏ္ဏသိဒ္ဓိ အားကစားကွင်းရှိ တင်းနစ်ကွင်း၌ ကျင်းပသွားမည်ဖြစ်သည်။

ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့် အလေးမပြိုင်ပွဲတွင် ကျား (၁၂)သင်း၊ မ(၁၂)သင်းပါဝင် ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ပြိုင်ပွဲများကို ဒီဇင်ဘာလ (၁၃)ရက်နေ့မှ (၁၇)ရက်နေ့ထိ ဝဏ္ဏသိဒ္ဓိ အားကစားကွင်းရှိ အလေးမရုံ၌ ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။