၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အားကစားပြိုင်ပွဲ ပွဲစဉ်များ ဆက်လက်ယှဉ်ပြိုင်
နေပြည်တော် ဒီဇင်ဘာ ၇
၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အားကစားပြိုင်ပွဲ ပွဲစဉ်များကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ သတ်မှတ် ထားသော အားကစားကွင်း/ရုံများ၌ ဆက်လက် ယှဉ်ပြိုင်ကစား ကြသည်။
ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၂၃)နှစ်အောက် အမျိုးသားဘတ်စကက် ဘောပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်များကို ရွှေကြာပင်အားကစားရုံ၌ ကျင်းပရာ ရှမ်းပြည်နယ်အသင်းက စစ်ကိုင်းတိုင်းဒေသကြီးအသင်းကို ရမှတ်(၁၀၁-၆၀) မှတ်၊ ကချင်ပြည်နယ်အသင်းက ကရင်ပြည်နယ်အသင်းကို ရမှတ်(၆၅-၄၄) မှတ်၊ ရန်ကုန် တိုင်းဒေသကြီးအသင်းက ပဲခူးတိုင်းဒေသကြီးအသင်းကိုရမှတ် (၈၂-၅၇)မှတ်၊ မန္တလေး တိုင်းဒေသကြီးအသင်းက ကယားပြည်နယ်အသင်းကို ရမှတ် (၈၁-၄၂) မှတ်ဖြင့် အနိုင်ရရှိ ခဲ့ကြသည်။
ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၂၀)နှစ်အောက်ဘော်လီဘော ပြိုင်ပွဲ များကို ဝဏ္ဏသိဒ္ဓိအားကစားကွင်း(B)ရုံ၌ ကျင်းပရာ အမျိုးသားဘော်လီဘော ပြိုင်ပွဲ တွင် ရန်ကုန်တိုင်းဒေသကြီးအသင်းက ကယား
ပြည်နယ်အသင်းကို ၃ပွဲ ပြတ်၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းက မကွေးတိုင်းဒေသကြီးအသင်းကို ၃ ပွဲပြတ်၊ စစ်ကိုင်းတိုင်းဒေသကြီးအသင်းက မွန်ပြည်နယ်အသင်းကို ၃ပွဲပြတ်ဖြင့်လည်းကောင်း၊ အမျိုးသမီးဘော်လီဘောပြိုင်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီး အသင်းက ပဲခူးတိုင်း ဒေသကြီး အသင်းကို ၃ပွဲ ပြတ်၊ ကရင်ပြည်နယ်အသင်းက မွန်ပြည်နယ် အသင်းကို ၃ပွဲ ပြတ် ဖြင့် အနိုင်ရရှိခဲ့ကြသည်။
ပြည်နယ်နှင့်တိုင်းဒေသကြီးဖူဆယ်ပြိုင်ပွဲ ကွာတားဖိုင်နယ် ပွဲစဉ်များကို ဝဏ္ဏသိဒ္ဓိ အားကစားကွင်း ဖူဆယ်အားကစားရုံ၌ကျင်းပရာ အမျိုးသမီးဖူဆယ် ဘောလုံးပြိုင်ပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီးအသင်းက တနင်္သာရီ တိုင်းဒေသကြီး အသင်းကို ၄ ဂိုး ၃ ဂိုး၊ ရန်ကုန်တိုင်းဒေသကြီး အသင်းက ရှမ်းပြည်နယ်အသင်းကို ၈ ဂိုး ဂိုးမရှိ ၊ ဧရာဝတီတိုင်း ဒေသကြီး အသင်းက မွန်ပြည်နယ်အသင်းကို ၅ ဂိုး ၃ ဂိုး ၊ ကချင်ပြည်နယ် အသင်းက ပြည်ထောင်စုနယ်မြေနေပြည်တော်အသင်းကို ၄ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ကြ သည်။
ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၂၁)နှစ်အောက်အမျိုးသား ဘောလုံး ပြိုင်ပွဲများကို ဝဏ္ဏသိဒ္ဓိအားကစားကွင်း လေ့ကျင့်ရေးကွင်း(၃)/(၄) တို့တွင် ယှဉ်ပြိုင် ကစားကြရာ ကရင်ပြည်နယ်အသင်း နှင့် ရှမ်းပြည်နယ်အသင်း တို့က တစ်ဖက် ၁ ဂိုးစီဖြင့် သရေရလဒ်ထွက်ပေါ်ခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီးအသင်းက ရခိုင်ပြည် နယ် အသင်းကို ၁ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ကြသည်။
ဝန်ကြီးဌာနပေါင်းစုံအလွတ်တန်း အမျိုးသားဘောလုံး ပြိုင်ပွဲများကို ပေါင်းလောင်း အားကစားကွင်း၊ ရွှေကြာပင်အားကစားကွင်းနှင့် လယ်ဝေး TC-2 အားကစားကွင်းတို့၌ ယှဉ်ပြိုင်ကစားကြရာ စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန အသင်းနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်းတို့က တစ်ဖက် ၁ ဂိုးစီ၊ စွမ်းအင် ဝန်ကြီး ဌာနအသင်းနှင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ဌာနအသင်းတို့က တစ်ဖက် ၁ ဂိုးစီဖြင့် သရေရလဒ်ထွက်ပေါ်ခဲ့ပြီး ပညာရေး ဝန်ကြီး ဌာနအသင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာနအသင်း ကို ၆ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ကြသည်။
ပြည်နယ်နှင့်တိုင်းဒေသကြီး ကြက်တောင်ပြိုင်ပွဲအုပ်စုပွဲစဉ်များကို ဝဏ္ဏသိဒ္ဓိ အားကစားကွင်း (C)ရုံ၌ကျင်းပရာ အမျိုးသားကြက်တောင်ပြိုင်ပွဲတွင် ရန်ကုန်တိုင်း ဒေသကြီးအသင်းက ကချင်ပြည်နယ်အသင်းကို ၃ ပွဲပြတ်၊ ဧရာဝတီတိုင်းဒေသကြီး အသင်းက စစ်ကိုင်းတိုင်းဒေသကြီးအသင်းကို ၃ ပွဲ ၂ ပွဲ၊ ရှမ်းပြည်နယ်အသင်းက မကွေးတိုင်းဒေသကြီးအသင်းကို ၃ ပွဲပြတ်၊ မန္တလေး တိုင်းဒေသကြီးအသင်းက ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းကို ၃ ပွဲပြတ်၊ ပဲခူးတိုင်းဒေသကြီး အသင်း က ကရင်ပြည်နယ်အသင်းကို ၃ ပွဲပြတ်၊ ကယားပြည်နယ်အသင်းက မွန်ပြည်နယ် အသင်းကို ၃ ပွဲ ၂ ပွဲဖြင့်လည်းကောင်း၊ အမျိုးသမီးကြက်တောင် ရိုက်ပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးအသင်းက မွန်ပြည်နယ်အသင်းကို ၃ ပွဲပြတ်၊ မန္တလေးတိုင်း ဒေသကြီးအသင်းက စစ်ကိုင်းတိုင်းဒေသကြီးအသင်းကို ၃ ပွဲပြတ်၊ ပဲခူးတိုင်းဒေသကြီး အသင်းက ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းကို ၃ ပွဲပြတ်၊ ရှမ်းပြည်နယ် အသင်းက တနင်္သာရီတိုင်းဒေသကြီးအသင်းကို ၃ ပွဲပြတ်ဖြင့်လည်းကောင်း အနိုင်ရရှိခဲ့ကြသည်။
ပြည်နယ်နှင့်တိုင်းဒေသကြီး ပိုက်ကျော်ခြင်းပြိုင်ပွဲများကို ဝဏ္ဏသိဒ္ဓိ အားကစား ကွင်း(A)ရုံ၌ ကျင်းပရာ အမျိုးသားနှစ်ယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲ ဆီမီးဖိုင်နယ် ပွဲစဉ်တွင် ကရင်ပြည်နယ်အသင်းက ပြည်ထောင်စုနယ်မြေနေပြည်တော် အသင်းကို ၂ ပွဲပြတ်၊ စစ်ကိုင်းတိုင်းဒေသကြီးအသင်းက မန္တလေးတိုင်းဒေသကြီးအသင်းကို ၂ ပွဲ ၁ ပွဲ၊ တတိယနေရာ လုပွဲတွင် မန္တလေးတိုင်းဒေသကြီးအသင်းက ပြည်ထောင်စုနယ်မြေ နေပြည်တော် အသင်းကို ၂ ပွဲပြတ်၊ ဗိုလ်လုပွဲစဉ်တွင် စစ်ကိုင်းတိုင်းဒေသကြီး အသင်းက ကရင်ပြည်နယ်အသင်းကို ၂ ပွဲ ၁ ပွဲဖြင့် အနိုင်ရရှိခဲ့ပြီး ပထမဆုကို စစ်ကိုင်းတိုင်းဒေသကြီး၊ ဒုတိယဆုကို ကရင်ပြည်နယ်အသင်း နှင့် တတိယဆုကို မန္တလေးတိုင်းဒေသကြီး အသင်းတို့က ရရှိခဲ့ကြသည်။
အမျိုးသမီး နှစ်ယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်တွင် မွန်ပြည်နယ်အသင်းက ရန်ကုန်တိုင်းဒေသကြီးအသင်းကို ၂ပွဲ ၁ ပွဲ၊ ရခိုင်ပြည်နယ် အသင်းက ပဲခူးတိုင်းဒေသကြီးအသင်းကို ၂ ပွဲ ၁ ပွဲ၊ တတိယနေရာလုပွဲတွင် ရန်ကုန် တိုင်း ဒေသကြီးအသင်းက ပဲခူးတိုင်းဒေသကြီး အသင်းကို ၂ ပွဲပြတ်၊ ဗိုလ်လုပွဲစဉ်တွင် မွန်ပြည်နယ်အသင်းက ရခိုင်ပြည်နယ်အသင်းကို ၂ ပွဲ ၁ ပွဲဖြင့် အနိုင်ရရှိခဲ့ပြီး ပထမဆုကို မွန်ပြည်နယ်အသင်း၊ ဒုတိယဆုကို ရခိုင်ပြည်နယ်အသင်းနှင့် တတိယဆု ကို ရန်ကုန်တိုင်းဒေသကြီး အသင်း တို့က ရရှိခဲ့ကြသည်။
ပြည်နယ်နှင့်တိုင်းဒေသကြီးအသက်(၂၅)နှစ်အောက် ခရစ်ကတ်ပြိုင်ပွဲကို ဝဏ္ဏသိဒ္ဓိ အားကစားကွင်း မြားပစ်ကွင်း (၁/၂)၌ ကျင်းပရာ အမျိုးသားခရစ်ကက် ပြိုင်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီးအသင်းက ပဲခူးတိုင်းဒေသကြီးအသင်းကို ၇ ယောက် အသာဖြင့် လည်းကောင်း၊ ရှမ်းပြည်နယ်အသင်း က မွန်ပြည်နယ်အသင်းကို ၇ ယောက်အသာဖြင့် လည်းကောင်း၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်း က မကွေးတိုင်းဒေသကြီးအသင်းကို ၂၅ မှတ်အသာ ဖြင့်လည်းကောင်း၊ ရခိုင်ပြည်နယ် အသင်း က ရန်ကုန်တိုင်းဒေသကြီးအသင်းကို ၃ ယောက်အသာဖြင့်လည်းကောင်း၊ အမျိုးသမီး ခရစ်ကက် ပြိုင်ပွဲတွင် ကရင်ပြည်နယ်အသင်း က မွန်ပြည်နယ်အသင်းကို ၇ ယောက်အသာဖြင့်လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအသင်းက မန္တလေး တိုင်းဒေသကြီးအသင်းကို ၈၉ မှတ်အသာ ဖြင့်လည်းကောင်း၊ ဧရာဝတီတိုင်း ဒေသကြီး အသင်းက မကွေးတိုင်း ဒေသကြီးအသင်းကို ၅၁ မှတ်အသာဖြင့် လည်း ကောင်း၊ ရှမ်းပြည်နယ်အသင်း က ပဲခူးတိုင်းဒေသကြီးအသင်းကို ၇၆ မှတ်အသာဖြင့် လည်းကောင်း အနိုင် ရရှိခဲ့ကြသည်။
ပြည်နယ်နှင့်တိုင်းဒေသကြီး အမျိုးသား၊အမျိုးသမီး လက်ဝှေ့ပြိုင်ပွဲကို ဝဏ္ဏသိဒ္ဓိအားကစားကွင်း လက်ဝှေ့ရုံ၌ကျင်းပရာ အမျိုးသား(၅၁)ကီလိုတန်း လက်ဝှေ့ ပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးက ခန့်ဖြိုးကျော် က မွန်ပြည်နယ်မှ ထွန်းထွန်းအောင် ကိုလည်းကောင်း၊ ချင်းပြည်နယ်မှ ရဲရင့်ထွေး က ပြည်ထောင်စု နယ်မြေ နေပြည်တော်မှ လင်းလင်းထွန်း ကိုလည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးမှ သူရ က တနင်္သာရီတိုင်းဒေသကြီမှ မျိုးဇာနည်ထက် ကိုလည်းကောင်း၊ ကရင် ပြည်နယ်မှ စောရွှေဝင်း က ဧရာဝတီတိုင်းဒေသကြီးမှ ဖြိုးကျော်ကျော် ကိုလည်းကောင်း၊ ရခိုင်ပြည်နယ်မှ အာကာထက်ဝင်း က မကွေးတိုင်းဒေသကြီးမှ စွမ်းထက် ကိုလည်းကောင်း အနိုင်ရရှိခဲ့ကြသည်။
အမျိုးသား (၅၄) ကီလိုတန်း လက်ဝှေ့ပြိုင်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီးမှ စောလင်းအောင် က ရန်ကုန်တိုင်းဒေသကြီးမှ ကျော်စွာဝင်း ကိုလည်းကောင်း၊ ရှမ်းပြည်နယ်မှ ရှိုင်းငယ် က မွန်ပြည်နယ်မှ အောင်စည်သူ ကိုလည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးမှ ကိုကိုထွန်း က ကချင်ပြည်နယ်က ဇော်ထွယ်အောင် ကိုလည်းကောင်း၊ ပြည်ထောင်စုနယ်မြေနေပြည်တော်မှ ဝင်းထိုက် က ရခိုင်ပြည်နယ်မှ အောင်ထွန်းလွင် ကိုလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးမှ တူးမောင် က ကရင်ပြည်နယ်မှ ဖြိုးညီညီ ကိုလည်းကောင်း အနိုင်ရရှိခဲ့ကြသည်။
အမျိုးသား (၆၃ ဒသမ ၅) ကီလိုတန်း လက်ဝှေ့ပြိုင်ပွဲတွင် ပဲခူးတိုင်းဒေသကြီးမှ ဘုန်းမြင့်မောင် က ရှမ်းပြည်နယ်မှ ဝေယံနိုင် ကိုလည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီးမှ လင်းထက် က ရန်ကုန်တိုင်းဒေသကြီးမှ လွှမ်းမိုးအောင် ကိုလည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးမှ စိုင်းနောင် က ချင်းပြည်နယ်မှ ဟိန်းထွဋ်အောင် ကိုလည်းကောင်း၊ ကရင်ပြည်နယ်မှ စောဟဲဒိုစေး က မွန်ပြည်နယ်မှ စောမျိုးသက်ပိုင် ကိုလည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးမှ ကျော်မျိုးဟန် က တနင်္သာရီတိုင်းဒေသကြီးမှ သန့်စင်ဝင်း ကိုလည်းကောင်း၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်မှ ရာဇာနေဝင်း က မကွေးတိုင်းဒေသကြီးမှ အာကာထက်မြတ်ကျော် ကိုလည်းကောင်း အနိုင်ရရှိခဲ့ကြသည်။
အမျိုးသမီး ကီလို (၅၀) တန်း လက်ဝှေ့ပြိုင်ပွဲ တွင် မန္တလေးတိုင်း ဒေသကြီးမှ ခိုင်သဇင်ထွန်း က ကရင်ပြည်နယ် မှ အေးမြသီတာ ဝင်း ကိုလည်းကောင်း၊ ရှမ်းပြည်နယ်မှ သဲမြတ်မွန် က ဧရာဝတီတိုင်းဒေသကြီးမှ သင်းသင်းအောင် ကိုလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးမှ မြမိုးသူ က မွန်ပြည်နယ်မှ လဲ့လဲ့ဖြူ ကိုလည်းကောင်း အနိုင်ရရှိခဲ့ကြသည်။
မသန်စွမ်းအမျိုးသားထိုင်လျက်ဘော်လီဘောပြိုင်ပွဲ အုပ်စုပတ်လည် ပြိုင်ပွဲ များကို လယ်ဝေး TC-2 အားကစားရုံ၌ ကျင်းပရာ ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းက ပဲခူးတိုင်းဒေသကြီးအသင်းကို ၃ ပွဲပြတ်၊ ရန်ကုန်တိုင်း ဒေသကြီးအသင်းက မန္တလေးတိုင်းဒေသကြီးအသင်းကို ၃ ပွဲပြတ်၊ ပဲခူးတိုင်း ဒေသကြီး အသင်းက ဧရာဝတီတိုင်း ဒေသကြီးအသင်းကို ၃ ပွဲပြတ်၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းက ရန်ကုန်တိုင်းဒေသကြီးအသင်းကို ၃ ပွဲ ၁ ပွဲ၊ ဧရာဝတီ တိုင်းဒေသကြီးအသင်းက မန္တလေးတိုင်းဒေသကြီးအသင်းကို ၃ ပွဲ ၁ ပွဲ ဖြင့် အနိုင် ရရှိခဲ့ကြသည်။
ယနေ့ကျင်းပသည့် အားကစားပြိုင်ပွဲများသို့ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ၊ ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးများ၊ ဌာနဆိုင်ရာ များ၊ အားကစားနည်းအလိုက်အဖွဲ့ချုပ်များမှ တာဝန်ရှိသူများ၊ ဝန်ထမ်းများ၊ ကျောင်းသားကျောင်း သူများနှင့် အားကစားဝါသနာရှင် ပြည်သူများ စိတ်ပါ ဝင်စားစွာ လာရောက်ကြည့်ရှု အားပေးခဲ့ကြသည်။