အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

မြန်မာ့အားကစား လက်ရွေးစင်ဟောင်းများအသင်း မြန်မာ့အားကစား လှုပ်ရှားမှုများပြခန်းသို့ လာရောက်ကြည့်ရှုလေ့လာ

နေပြည်တော်၊ ဒီဇင်ဘာ ၇

ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော် ဖွင့်ပွဲနှင့်ပိတ်ပွဲတွင် မီးရှူးတိုင်သယ်ယူရေးအပါအဝင် အခမ်းအနားအောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပါဝင်ကူညီဆောင်ရွက်ကြမည့် မြန်မာ့အားကစားလက်ရွေးစင်ဟောင်းများအသင်းဥက္ကဋ္ဌအပါအဝင် စုစုပေါင်း အဖွဲ့ဝင်(၉)ဦးတို့သည် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၊ Social Zone အတွင်း အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ဖွင့်လှစ်ထားရှိသည့် မြန်မာ့အားကစားလှုပ်ရှားမှုများပြခန်းအတွင်းရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအစိုးရလက်ထက် မြန်မာ့အားကစားလှုပ်ရှားမှုများပြခန်း၊ မြန်မာ့အားကစား မော်ကွန်းခန်းမအတွင်းရှိ မှတ်တမ်းတင်ထားသည့် နိုင်ငံ့ဂုဏ်ဆောင် မြန်မာ့လက်ရွေးစင် အားကစားသမားများ၏ ပုံတူရုပ်ထုများပြခန်းနှင့် အားကစားပြတိုက် (စိတ်ဓာတ်မြှင့်တင်ရေး ခန်းမ) တို့ကို လာရောက်ကြည့်ရှုလေ့လာရင်း ပြခန်းအတွင်းပြင်ဆင်ဆောင်ရွက်သင့်သည်များကို အကြံပြုဆွေးနွေးခဲ့ပြီးနောက် သတင်းနှင့်စာနယ်ဇင်းလုပ်ငန်းမှ သတင်းထောက်ချုပ် ဒေါ်ခင်ရတနာက အားကစားပွဲတော်ကာလအတွင်း ထုတ်ဝေမည့်သတင်းလွှာတွင်ထည့်သွင်း ဖော်ပြရန်အတွက် မေးမြန်းသည့်အချက် အလက်များကို ဖြေကြားခဲ့ပါကြောင်း သိရသည်။