နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ ၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် မသန်စွမ်းအားကစားပြိုင်ပွဲများယှဉ်ပြိုင်နေမှုကို ကြည့်ရှုအားပေးပြီး ဆုများပေးအပ်ချီးမြှင့်
နေပြည်တော်၊ ဒီဇင်ဘာလ(၅)ရက်။
၂၀၂၄ ခုနှစ် ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော် မသန်စွမ်းအားကစားပြိုင်ပွဲများကို ယနေ့ နံနက်ပိုင်းမှစတင်၍ နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိရေကူးကန်နှင့် လယ်ဝေး TC-2 အားကစားကွင်းတို့၌ ယှဉ်ပြိုင်ကစားကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ တက်ရောက်ကြည့်ရှုအားပေး ကြပြီး ဆုများပေးအပ်ချီးမြှင့်ကြသည်။
ဦးစွာ မသန်စွမ်းရေကူး(အမျိုးသား/အမျိုးသမီး) မီတာ(၅၀)အလွတ်ကူးပြိုင်ပွဲနှင့် ရင်ပေါင် တန်းကူးပြိုင်ပွဲတို့၏ ဗိုလ်လုပွဲ ပွဲစဉ်များကို ဝဏ္ဏသိဒ္ဓိရေကူးကန်၌ ယှဉ်ပြိုင်ကစားကြရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဒေါက်တာမှုထန်၊ ဒေါက်တာဘရွှေ၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံရေကူး အဖွဲ့ချုပ်မှတာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ၊ နည်းပြများနှင့် အားကစားသမားများ တက်ရောက်ကြည့်ရှုအားပေးကြသည်။
ပေးအပ်ချီးမြှင့်
ပြိုင်ပွဲယှဉ်ပြိုင်မှုများအပြီးတွင် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ဒုတိယဝန်ကြီး ဦးထိန်လင်းက မသန်စွမ်းရေကူးအမျိုးသမီး S6/10 မီတာ(၅၀)အလွတ်ကူးပြိုင်ပွဲတွင် ပထမဆုရရှိသည့် ဧရာဝတီတိုင်းဒေသကြီး၊ ဒုတိယဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီး၊ တတိယဆုရရှိသည့် ပဲခူးတိုင်း ဒေသကြီးအသင်းတို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက အမျိုးသား S9/10 မီတာ (၅၀) ရင်ပေါင်တန်းကူးပြိုင်ပွဲတွင် ပထမဆုရရှိသည့် ပဲခူးတိုင်းဒေသကြီး၊ ဒုတိယဆုရရှိသည့် မန္တလေးတိုင်းဒေသကြီးနှင့် တတိယဆုရရှိသည့် ပဲခူးတိုင်းဒေသကြီးအသင်းတို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း ဂုဏ်ပြုဆုတံဆိပ်နှင့် အမျိုးသားအားကစားပွဲတော် အထိမ်းအမှတ်အရုပ် အား ပေးအပ်ချီးမြှင့်ကြသည်။
အထိမ်းအမှတ်အရုပ်အားပေးအပ်
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက မသန်စွမ်းရေကူးအမျိုးသား S9/10 မီတာ(၅၀) အလွတ်ကူး ပြိုင်ပွဲတွင် ပထမဆုရရှိသည့် ပဲခူးတိုင်းဒေသကြီး၊ ဒုတိယနှင့်တတိယဆုရရှိကြသည့် ရန်ကုန်တိုင်းဒေသကြီးအသင်းတို့မှ ပြိုင်ပွဲဝင်များကို ဂုဏ်ပြုဆုတံဆိပ်နှင့် အမျိုးသားအားကစားပွဲတော် အထိမ်းအမှတ်အရုပ်အားပေးအပ်ချီးမြှင့်သည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာဘရွှေက မသန်စွမ်း ရေကူးအမျိုးသား S6/7 မီတာ (၅၀) အလွတ်ကူးပြိုင်ပွဲတွင် ပထမဆုရရှိသည့် ဧရာဝတီတိုင်းဒေသကြီး၊ ဒုတိယဆုရရှိသည့် ပဲခူးတိုင်းဒေသကြီးနှင့် တတိယဆုရရှိသည့် မန္တလေးတိုင်းဒေသကြီးအသင်းတို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း၊ အမျိုးသား S6/7 မီတာ (၅၀) ရင်ပေါင်တန်းကူးပြိုင်ပွဲတွင် ပထမဆု ရရှိသည့် ပဲခူးတိုင်းဒေသကြီး၊ ဒုတိယဆုရရှိသည့် ဧရာဝတီတိုင်းဒေသကြီးနှင့် တတိယဆုရရှိသည့် မန္တလေးတိုင်းဒေသကြီးအသင်းတို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း ဂုဏ်ပြုဆုတံဆိပ်နှင့် အမျိုးသား အားကစားပွဲတော် အထိမ်းအမှတ်အရုပ်အား ပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာမှုထန်က မသန်စွမ်း ရေကူးအမျိုးသား S4/5 မီတာ (၅၀) အလွတ်ကူးပြိုင်ပွဲတွင် ပထမဆုနှင့် ဒုတိယဆုရရှိသည့် ရန်ကုန်တိုင်း ဒေသကြီးနှင့် တတိယဆုရရှိသည့် ပြည်ထောင်စုနယ်မြေနေပြည်တော်အသင်းတို့မှ ပြိုင်ပွဲဝင်များကို လည်းကောင်း၊ အမျိုးသား S4/5 မီတာ(၅၀) ရင်ပေါင်တန်းကူးပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆုနှင့် တတိယဆုရရှိသည့် ပြည်ထောင်စုနယ်မြေနေပြည်တော်အသင်းမှ ပြိုင်ပွဲဝင်များကိုလည်းကောင်း ဂုဏ်ပြုဆုတံဆိပ်နှင့် အမျိုးသားအားကစားပွဲတော် အထိမ်းအမှတ်အရုပ်အား ပေးအပ်ချီးမြှင့်သည်။
အလားတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ခွန်စံလွင်၊ ဦးရွှေကြိမ်းနှင့် ဦးရန်ကျော်၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီး များနှင့် တာဝန်ရှိသူတို့သည် လယ်ဝေး TC-2 အားကစားကွင်း ဘော်လီဘောရုံ၌ မသန်စွမ်းအမျိုးသား ထိုင်လျက်ဘော်လီဘောပြိုင်ပွဲအဖြစ် ရန်ကုန်တိုင်းဒေသကြီး အသင်းနှင့် ပဲခူးတိုင်းဒေသကြီးအသင်းတို့မှ ပြိုင်ပွဲဝင်အားကစားသမားများ၏ အကြိတ်အနယ်ယှဉ်ပြိုင်နေမှုကို ကြည့်ရှုအားပေးကြပြီး ပြိုင်ပွဲဝင်များ အား ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ကာ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
ထို့နောက် မသန်စွမ်းပြေးခုန်ပစ်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို လယ်ဝေး TC-2 အားကစား ကွင်း၌ ဆက်လက်ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ်တို့မှ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ် သူ၊ နည်းပြများနှင့် အားကစားသမားများ တက်ရောက်ကြသည်။
ဦးစွာ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က အမျိုးသားသံလုံးပစ် F 64 ပြိုင်ပွဲတွင် ပထမဆုရရှိ သည့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဒုတိယဆုရရှိသည့် ပဲခူးတိုင်းဒေသကြီးနှင့် တတိယဆု ရရှိသည့် မန္တလေးတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း၊ ဒုတိယဝန်ကြီး ဦးဝင်းဖေက အမျိုးသမီးသံပြားပစ် F 54/55 ပြိုင်ပွဲတွင် ပထမဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီး၊ ဒုတိယနှင့် တတိယ ဆုရရှိသည့် မန္တလေးတိုင်းဒေသ ကြီးအသင်းတို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း ဂုဏ်ပြုဆုတံဆိပ်နှင့် အမျိုးသားအားကစားပွဲတော် အထိမ်းအမှတ်အရုပ်အား ပေးအပ်ချီးမြှင့်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က အမျိုးသားသံလုံးပစ် F 46 ပြိုင်ပွဲ တွင် ပထမဆုရရှိသည့် ဧရာဝတီတိုင်းဒေသကြီး၊ ဒုတိယနှင့် တတိယဆုရရှိသည့် မွန်ပြည်နယ်အသင်း တို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက အမျိုးသားတန်းမြင့်ခုန် F 42 ပြိုင်ပွဲတွင် ပထမဆုရရှိသည့် ပြည်ထောင်စုနယ်မြေ နေပြည်တော်နှင့် ဒုတိယဆုရရှိသည့် ပဲခူးတိုင်း ဒေသကြီးအသင်းတို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း၊ အမျိုးသားမီတာ(၁၅၀၀) T 46/47 အပြေးပြိုင်ပွဲ တွင် ပထမဆုရရှိသည့် မန္တလေးတိုင်းဒေသကြီး၊ ဒုတိယဆုရရှိသည့် ဧရာဝတီတိုင်းဒေသကြီးနှင့် တတိယဆုရရှိသည့် ပဲခူးတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း ဂုဏ်ပြုဆုတံဆိပ်နှင့် အမျိုးသားအားကစားပွဲတော် အထိမ်းအမှတ်အရုပ်အား ပေးအပ်ချီးမြှင့်သည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးရန်ကျော်က အမျိုးသားသံပြားပစ်
F 56/57 ပြိုင်ပွဲတွင် ပထမဆုရရှိသည့် ဧရာဝတီတိုင်းဒေသကြီး၊ ဒုတိယဆုရရှိသည့် မွန်ပြည်နယ်နှင့် တတိယဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း၊ အမျိုးသားမီတာ (၂၀၀) T 64 အပြေးပြိုင်ပွဲ တွင် ပထမဆုရရှိသည့် မွန်ပြည်နယ်၊ ဒုတိယဆုရရှိသည့် မန္တလေးတိုင်းဒေသကြီးနှင့် တတိယဆုရရှိသည့် ဧရာဝတီတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း ဂုဏ်ပြုဆုတံဆိပ်နှင့် အမျိုးသားအားကစားပွဲတော် အထိမ်းအမှတ်အရုပ်အား ပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးရွှေကြိမ်းက အမျိုးသမီးသံလုံးပစ်
F 44/62/63/64 ပြိုင်ပွဲတွင် ပထမဆုရရှိသည့် မွန်ပြည်နယ်၊ ဒုတိယဆုရရှိသည့် ပြည်ထောင်စုနယ်မြေ နေပြည်တော်နှင့် တတိယဆုရရှိသည့် ပဲခူးတိုင်းဒေသကြီးအသင်းတို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း၊ အမျိုးသမီးမီတာ (၂၀၀) T44/64 အပြေးပြိုင်ပွဲတွင် ပထမဆုရရှိသည့် ဧရာဝတီတိုင်းဒေသကြီး၊ ဒုတိယ ဆုရရှိသည့် မွန်ပြည်နယ်နှင့် တတိယဆုရရှိသည့် ဧရာဝတီတိုင်းဒေသကြီးအသင်းတို့မှ ပြိုင်ပွဲဝင်များကို လည်းကောင်း ဂုဏ်ပြုဆုတံဆိပ်နှင့် အမျိုးသားအားကစားပွဲတော် အထိမ်းအမှတ်အရုပ်အား ပေးအပ် ချီးမြှင့်သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ခွန်စံလွင်က အမျိုးသားလှံတံပစ် F 62/63 ပြိုင်ပွဲတွင် ပထမဆုရရှိသည့် မန္တလေးတိုင်းဒေသကြီး၊ ဒုတိယဆုရရှိသည့် ပဲခူးတိုင်းဒေသကြီး၊ တတိယ ဆုရရှိသည့် မွန်ပြည်နယ်အသင်းတို့မှ ပြိုင်ပွဲဝင်များကို လည်းကောင်း၊ အမျိုးသား မီတာ(၂၀၀) T 46/47 အပြေးပြိုင်ပွဲတွင် ပထမဆုရရှိသည့် ပဲခူးတိုင်းဒေသကြီး၊ ဒုတိယဆုနှင့် တတိယဆုရရှိသည့် မန္တလေး တိုင်းဒေသကြီးအသင်းတို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း ဂုဏ်ပြုဆုတံဆိပ်နှင့် အမျိုးသားအားကစား ပွဲတော်အထိမ်း အမှတ်အရုပ်အား ပေးအပ်ချီးမြှင့်သည်။
၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် မသန်စွမ်းအားကစား ပြိုင်ပွဲများဖြစ်သည့် အမျိုးသား/အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲ၊ အမျိုးသား/ အမျိုးသမီးရေကူးပြိုင်ပွဲ၊ အမျိုးသားထိုင်လျက် ဘော်လီဘောပြိုင်ပွဲနှင့် အမျိုးသား/ အမျိုးသမီးမျက်မမြင် စစ်တုရင်ပြိုင်ပွဲများကိုလည်း ဒီဇင်ဘာ ၆ ရက် နှင့် ၈ ရက်နေ့များတွင် သက်ဆိုင်ရာ အားကစားကွင်းများ၌ ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။