အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဂေါက်သီးရိုက်အားကစားပြိုင်ပွဲ အားကစားအသင်းမန်နေဂျာများ အစည်းအဝေးဆက်လက်ကျင်းပ

နေပြည်တော်၊ ဒီဇင်ဘာ ၅

ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင်ပါဝင်သည့် ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့်နှင့် ဝန်ကြီးဌာနအဆင့် ဂေါက်သီးရိုက်အားကစားနည်း အသင်းမန်နေဂျာများ အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ဝဏ္ဏသိဒ္ဓိအားကစားရုံ(C)၌ ကျင်းပခဲ့သည်။ ပြိုင်ပွဲတွင်ပါဝင်ယှဉ်ပြိုင်ကြသည့် အသင်းများမှ အားကစားသမားများသည် ကြိုတင်ဖြန့်ဝေအသိပေးထားသော စည်းမျဉ်း/စည်းကမ်းများနှင့်ကိုက်ညီမှု ရှိ/ မရှိ စိစစ်ပြီးနောက်ပြိုင်ပွဲကျင်းပရေးဆိုင်ရာကိစ္စရပ်များကို ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့် ဂေါက်သီးရိုက်ပြိုင်ပွဲတွင် အသင်း(၁၄)သင်းနှင့်ဝန်ကြီးဌာနအဆင့် ဂေါက်သီးရိုက်ပြိုင်ပွဲတွင် အသင်း(၂၇)သင်း ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့်ပြိုင်ပွဲများကို ဒီဇင်ဘာလ(၇) ရက်နေ့မှ (၈) ရက်နေ့အထိ နံနက် ၇နာရီအချိန်မှစတင်၍လည်းကောင်း၊ ဝန်ကြီးဌာနအဆင့်ပြိုင်ပွဲများကို ဒီဇင်ဘာလ (၁၀) ရက်နေ့မှ (၁၁)ရက်နေ့အထိ နံနက် ၇နာရီအချိန်မှစတင်၍ မြို့တော်ဂေါက်ကွင်း(နေပြည်တော်)၌ ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။