အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းအတွင်း ပြိုင်ပွဲများကျင်းပပြုလုပ်မည့် အားကစားကွင်း/ရုံများ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများ လိုက်လံကြည့်ရှုစစ်ဆေး

နေပြည်တော်၊ နိုဝင်ဘာ ၂၇

၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့် တာဝန်ရှိသူများသည် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းအတွင်းရှိ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် အားကစားပြိုင်ပွဲများကျင်းပပြုလုပ်မည့် အားကစားကွင်း/အားကစားရုံများ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ဝဏ္ဏသိဒ္ဓိအားကစားရုံ (A)၌ ပိုက်ကျော်ခြင်းပြိုင်ပွဲကွင်း ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ နောက်ခံဆိုင်းဘုတ်ဗီနိုင်း တပ်ဆင်ထားရှိမှုအခြေအနေများ၊ ပြည်နယ် နှင့်တိုင်းဒေသကြီးအလံများ တပ်ဆင်ပြီးစီးမှုအခြေအနေများနှင့် ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ လျှာထိုးကြမ်းခင်း ခင်းကျင်းပြီးစီးမှုအခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီးနောက် လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားခဲ့သည်။

ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးသည် အလေးမအားကစားရုံ၊ လက်ဝှေ့အားကစားရုံ၊ ဘိလိယက် နှင့်စနူကာအားကစားရုံ၊ တင်းနစ်ပြိုင်ပွဲကွင်း၊ အားကစားလေ့ကျင့်ရေးခန်းမ(၃)တွင် ကရာတေးဒို၊ တိုက်ကွမ်ဒိုပြိုင်ပွဲရုံများ၏ ပြိုင်ပွဲကွင်း/ ပြိုင်ပွဲရုံ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများကို လည်းကောင်း၊ ပိုက်ကျော်ခြင်းအားကစားသမားများ၏ လေ့ကျင့်နေမှုများကိုလည်းကောင်း လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီးနောက် သက်ဆိုင်ရာ ကဏ္ဍများအလိုက် လစ်ဟင်းမှုများမရှိစေရေး၊ အမျိုးသား အားကစားပွဲတော် အောင်အောင်မြင်မြင် ကျင်းပပြုလုပ်နိုင်ရေးအတွက် ကဏ္ဍအလိုက် လုပ်ငန်းတာဝန် များကို ပူးပေါင်းဆောင်ရွက်သွားကြရန်နှင့် လိုအပ်သည်များရှိပါက အချိန်နှင့်တပြေးညီ တင်ပြဆောင်ရွက်သွားရန် တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။

အဆိုပါ ၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် အားကစားနည်းအလိုက် အားကစားပြိုင်ပွဲများတွင် ဝန်ကြီးဌာနအဆင့် အားကစားနည်း ၆ နည်း၌ အုပ်ချုပ်/နည်းပြ၊ အားကစား သမား ၂၅၀၀ ကျော်၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့် အားကစားနည်း ၂၃ နည်း၌ အုပ်ချုပ်/နည်းပြ၊ အားကစားသမား ၆၆၀၀ ကျော်၊ မသန်စွမ်းအားကစားနည်း ၄ နည်း၌ အုပ်ချုပ်/နည်းပြ၊ အားကစားသမား ၁၄၀ ကျော် စုစုပေါင်းအင်းအား ၉၂၀၀ ကျော် ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။