အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အခမ်းအနားပြင်ဆင်ရေးဆပ်ကော်မတီဥက္ကဋ္ဌ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေ ဖွင့်ပွဲ/ပိတ်ပွဲအခမ်းအနား ပြင်ဆင်မည့်နေရာများနှင့် အိပ်ဆောင်များအား လိုက်လံကြည့်ရှုစစ်ဆေး

နေပြည်တော်၊ နိုဝင်ဘာလ(၁၉)ရက်။

၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အခမ်းအနားပြင်ဆင်ရေးဆပ်ကော်မတီဥက္ကဋ္ဌ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေနှင့် တာဝန်ရှိသူများသည် ယနေ့မွန်းလွဲပိုင်းတွင် ၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဖွင့်ပွဲ/ပိတ်ပွဲအခမ်းအနား ကျင်းပပြုလုပ်မည့် နေရာများအား ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုများနှင့် ဒိုင်/ဂျူရီများ တည်းခိုနေထိုင်မည့် အိပ်ဆောင် ပြုပြင်မွမ်းမံဆောင်ရွက်နေမှုအခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။

ဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဝဏ္ဏသိဒ္ဓိအားကစားကွင်း အမှတ်(၁)ဂိတ် ဝင်/ထွက်ပေါက်တွင် အမျိုးသားအားကစားပွဲတော် ဆိုင်းဘုတ် Vinyl တပ်ဆင်ထားရှိမှုများ၊ ဖွင့်ပွဲ/ပိတ်ပွဲအခမ်းအနားတွင် နိုင်ငံတော်အကြီးအကဲများ တက်ရောက်ကြည့်ရှုအားပေးမည့် နေရာထိုင်ခင်းပြင်ဆင်ဆောင်ရွက်ထားရှိမှုနှင့် စတိတ်စင်နောက်ခံပြင်ဆင်နိုင်ရေးကိစ္စရပ်များ၊ ရေကူးကန်အတွင်း ပြင်ဆင်ဆောင်ရွက်နေမှုများ၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ(C)တွင် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် နောက်ခံဆိုင်းဘုတ်၊ ဝန်ကြီးဌာနများနှင့် ပြည်နယ်နှင့်တိုင်းဒေသကြီး အလံများတပ်ဆင်ထားရှိမှုအခြေအနေများ၊ အားကစားလေ့ကျင့်ရေးစခန်း (Gold Camp) Cluster-5 ရှိ ဒိုင်/ဂျူရီများ တည်းခိုနေထိုင်မည့် အိပ်ဆောင်များ ပြုပြင်မွမ်းမံ ဆောင်ရွက် နေမှုအခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီးနောက် ၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဖွင့်ပွဲ/ ပိတ်ပွဲအခမ်းအနားအား ခမ်းခမ်းနားနားနှင့် စည်ကားသိုက်မြိုက်စွာဖြင့် အောင်မြင်စွာကျင်းပနိုင်ရေး၊ အခမ်းအနားပြင်ဆင်ရာတွင် လစ်ဟင်းမှုများ၊ လိုအပ်ချက်များမရှိစေရေးအတွက် သေသေချာချာ ဂရုတစိုက် စစ်ဆေးကြပ်မတ်သွားရန်နှင့် လိုအပ်ချက်များရှိပါက အချိန်နှင့် တပြေးညီ တင်ပြဆောင်ရွက်သွားရန် တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။