အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော်၏ Website နှင့် Mobile Application တို့တွင် ဖော်ပြမည့်အချက်အလက်များအား ထည့်သွင်းနိုင်ရေးသင်တန်းပို့ချ

နေပြည်တော်၊ နိုဝင်ဘာ ၄။

၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော်၏ Website နှင့် Mobile Application တို့တွင် ဖော်ပြမည့်အချက်အလက်များအား ထည့်သွင်းနိုင်ရေးနှင့်စပ်လျဉ်း၍ သင်တန်းပို့ချခြင်းကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ အားကစားလေ့ကျင့်ရေးစခန်း (Gold Camp) ရှိ Multipurpose Hall ၌ ကျင်းပခဲ့ရာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ နည်းပညာဆိုင်ရာ အထောက်အကူပြုအဖွဲ့(ICT)မှ တာဝန်ရှိသူများက ၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အထောက်အကူပြုရုံးအဖွဲ့မှ Data Collection Team (DCT) အဖွဲ့နှင့် မြန်မာနိုင်ငံဘောလုံးအားကစားအဖွဲ့ချုပ်မှ ဘောလုံးတာဝန်ခံများနှင့် ဖူဆယ်တာဝန်ခံ ကိုယ်စားလှယ်များကို ၎င်း Website နှင့် Mobile Application တို့တွင် ဖော်ပြမည့်အချက်အလက်များ ထည့်သွင်းနိုင်ရေးနှင့်ပတ်သက်ပြီး မြေပြင်လက်တွေ့သင်ကြားပို့ချနေမှုများကို ၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကျင်းပရေးလုပ်ငန်းကော်မတီ အထောက်အကူပြုရုံးအဖွဲ့ ရုံးအဖွဲ့မှူး၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးက လာရောက်ကြည့်ရှုအားပေးခဲ့သည်။

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ နည်းပညာဆိုင်ရာ အထောက်အကူပြုအဖွဲ့ (ICT) မှ တာဝန်ရှိသူ များက အားကစားနည်းအလိုက် Website နှင့် Mobile Application တို့တွင် ဖော်ပြမည့် အချက်အလက်များ ထည့်သွင်းနိုင်ရေးနှင့်ပတ်သက်၍ ကျန်အားကစားအဖွဲ့ချုပ်များမှ တာဝန်ရှိသူများအား သင်တန်းပို့ချခြင်းများကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၅ ရက်နေ့မှ ၈ ရက်နေ့အထိ အားကစားလေ့ကျင့်ရေးစခန်း (Gold Camp) ရှိ Multipurpose Hall တွင် ဆက်လက်ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။