အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

လန်ချန်း – မဲခေါင်ပူးပေါင်းဆောင်ရွက်မှုပိုက်ကျော်ခြင်းပြိုင်ပွဲတွင်မြန်မာလက်ရွေးစင်အသင်း ငွေနှစ်ခု၊ ကြေးနှစ်ခုရရှိ

န်ကုန် ၊ အောက်တိုဘာ၂၈ရက်

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ၊ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၊ နန်နင်းမြို့တွင်အောက်တိုဘာ၂၃ရက်မှ၂၇ရက်နေ့အထိ ကျင်းပခဲ့သည့် လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှုတရုတ် ပိုက်ကျော်ခြင်းပြိုင်ပွဲသို့မြန်မာ့လက်ရွေးစင်ပိုက်ကျော်ခြင်းအားကစားသမားများသွားရောက်ယှဉ်ပြိုင်ခဲ့ရာ ငွေနှစ်ခု၊ ကြေးနှစ်ခုရရှိခဲ့‌သည်။

မြန်မာပိုက်‌ကျော်ခြင်းအားကစားအဖွဲ့တွင် အဖွဲ့‌ခေါင်းဆောင် ဦးစိုင်း‌ဇော်ထွန်းလင်း ၊ နည်းပြများ ၊ အုပ်ချုပ်သူများ ၊ ဒိုင်များနှင့် အားကစားသမားများသည် ယနေ့ညနေပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ပြန်လည်‌ရောက်ရှိလာရာမြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်ဒုတိယဥက္ကဋ္ဌဦးအောင်မြင့်မြတ်နှင့်အမှုဆောင်များ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာ၀န်ရှိသူများက ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။

အဆိုပါပြိုင်ပွဲတွင် အမျိုးသားလေးယောက်တွဲပြိုင်ပွဲတွင် ဗီယက်နမ်(A)အသင်းက ပထမ၊ မြန်မာအသင်းက ဒုတိယ၊ လာအိုအသင်း နှင့်ဗီယက်နမ်(B)အသင်းတို့ကပူးတွဲတတိယဖြင့်လည်း‌ကောင်း ၊ အမျိုးသမီး လေးယောက်တွဲပြိုင်ပွဲတွင် ဗီယက်နမ်(A)အသင်းကပထမ ၊ မြန်မာအသင်းက ဒုတိယ ၊ တရုတ်အသင်းနှင့် ဗီယက်နမ်(B)အသင်းတို့က ပူးတွဲတတိယ ၊ အမျိုးသားသုံးယောက်တွဲပြိုင်ပွဲတွင် ထိုင်းအသင်းကပထမ၊ ဗီယက်နမ်(A)အသင်းကဒုတိယ၊ မြန်မာအသင်းနှင့်လာအိုအသင်းတို့က ပူးတွဲတတိယဖြင့်လည်း‌ကောင်း၊ အမျိုးသမီး သုံးယောက်တွဲပြိုင်ပွဲတွင် ထိုင်းအသင်းက ပထမ၊ဗီယက်နမ်(A)အသင်းကဒုတိယ ၊ မြန်မာအသင်းနှင့်တရုတ်အသင်းတို့က ပူးတွဲတတိယ ရရှိခဲ့ကြသည်။

ယင်းပြိုင်ပွဲတွင် မြန်မာနိုင်ငံအပါအ၀င် တရုတ်၊ ထိုင်း၊ ကမ္ဘောဒီးယား၊ လာအိုနှင့် ဗီယမ်နမ်နိုင်ငံတို့ ပါ၀င်ယှဉ်ပြိုင်ခဲ့ကြကြောင်းသိရှိရသည်။