အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

မြန်မာနိုင်ငံ တင်းနစ်အဖွဲ့ချုပ်ဥက္ကဋ္ဌဖလား တင်းနစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

‌ရန်ကုန်၊ အောက်တိုဘာလ ၁၆ ရက်။

၂၀၂၄ခုနှစ်၊ မြန်မာနိုင်ငံတင်းနစ်အဖွဲ့ချုပ်ဥက္ကဋ္ဌဖလား တင်းနစ်ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၈နာရီအချိန်က ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ် ၊ သိမ်ဖြူတင်းနစ်ကွင်း၌ကျင်းပရာ မြန်မာနိုင်ငံတင်းနစ်အဖွဲ့ချုပ်ဥက္ကဋ္ဌဦးမျိုးသူရ နှင့် ဒုတိယဥက္ကဋ္ဌများ၊ ရန်ကုန်တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးဦးကျော်ထူးအောင်၊ ဖိတ်ကြားထားသောဧည့်သည်တော်များနှင့်ပြိုင်ပွဲဝင် အားကစားသမားများတက်ရောက်ကြသည်။

ဦးစွာ မြန်မာနိုင်ငံတင်းနစ်အဖွဲ့ချုပ်ဥက္ကဋ္ဌဦးမျိုးသူရမှ အဖွင့်အမှာစကားပြောကြားပြီး ပြိုင်ပွဲဝင်အားကစားသမားများအားလိုက်လံနှုတ်ဆက်ခဲ့သည်။

ပြိုင်ပွဲတွင် အမျိုးသားအသင်းလိုက်ပြိုင်ပွဲ၊ အမျိုးသမီးအသင်းလိုက်ပြိုင်ပွဲ၊ ပထမတန်းအမျိုးသားနှစ်ယောက်တွဲပြိုင်ပွဲ၊ ဒုတိယတန်း အမျိုးသားနှစ်ယောက်တွဲပြိုင်ပွဲ၊ အမျိုးသမီးအလွတ်တန်းနှစ်ယောက်တွဲပြိုင်ပွဲ ၊ ၅၀နှစ်အထက်နှစ်ယောက်ပေါင်း အသက် ၁၁၀ပြိုင်ပွဲ ၊ ၆၀နှစ်အထက်နှစ်ယောက်ပေါင်း အသက် ၁၃၀ပြိုင်ပွဲ၊ U-12 အမျိုးသား ပြိုင်ပွဲ၊ U-12 အမျိုးသမီးပြိုင်ပွဲ၊ U-14 အမျိုးသားပြိုင်ပွဲ၊ U-14 အမျိုးသမီးပြိုင်ပွဲ၊ U-16 အမျိုးသားပြိုင်ပွဲ၊ U-16 အမျိုးသမီးပြိုင်ပွဲများ၊ ကလပ်အသင်းပေါင်း ၂၈သင်းဖြစ်ကြပြီး ပြိုင်ပွဲဝင်အားကစားသမားဦးရေ ၃၅၀ကျော် ပါဝင်၍ အောက်တိုဘာလ ၁၆ ရက်မှ ၁၉ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ရာ မည်သူမဆိုအခမဲ့ဝင်ရောက်ကြည့်ရှုအားပေးနိုင်ကြောင်းသိရှိရသည်။