မြန်မာ-တရုတ်နှစ်နိုင်ငံမသန်စွမ်းသူများ ချစ်ကြည်ရေး အားကစားလှုပ်ရှားမှုအခမ်းအနားသို့တက်ရောက်ရန်ပြည်ပထွက်ခွာ
ရန်ကုန် ၊အောက်တိုဘာလ ၁၄ ရက်
၂၀၂၄ခုနှစ်၊ အောက်တိုဘာလ(၁၄)ရက်နေ့မှ (၁၆)ရက်နေ့အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ရွှေလီမြို့တွင် ကျင်းပပြုလုပ်မည့် မြန်မာ-တရုတ်နှစ်နိုင်ငံမသန်စွမ်းသူများ ချစ်ကြည်ရေး အားကစားလှုပ်ရှားမှုအခမ်းအနား(China-Myanmar Disabled Persons Rehabilitation Sports and Fitness exchange activities under the Belt and Road)သို့ တက်ရောက်ရန် အဖွဲ့ခေါင်းဆောင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းဦးနှင့် အဖွဲ့ဝင်(၈)ဦးတို့သည် ယနေ့နေ့လယ်(၁၂:၃၀)နာရီ အချိန်၌ လေယာဉ်အမှတ် UB- 811 ဖြင့်ရန်ကုန် အပြည်ပြည် ဆိုင်ရာလေဆိပ်မှ ထွက်ခွာရာ အားကစားနှင့်ကာယပညာဦးစီးဌာန မှတာဝန်ရှိသူများက လိုက်လံပို့ဆောင် နှုတ်ဆက် ခဲ့ကြောင်း သိရှိရသည်။