အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ပြည်ထောင်စုဝန်ကြီးဦးမင်းသိန်းဇံ မြန်မာအမျိုးသားလက်ရွေးစင်ဘောလုံးအသင်းနှင့် သီရိလင်္ကာလက်ရွေးစင် ဘောလုံးအသင်း နိုင်ငံတကာချစ်ကြည်ရေးခြေစမ်းပွဲ၊ ဒုတိယပွဲသို့ တက်ရောက်ကြည့်ရှုအားပေး

ရန်ကုန် ၊ အောက်တိုဘာ ၁၃ ရက်။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီးဦးမင်းသိန်းဇံသည် ရန်ကုန်တိုင်းဒေသကြီး ဝေဇယန္တာလမ်းရှိ လူငယ်အားကစားလေ့ကျင့်ရေးစခန်း(သုဝဏ္ဏ) ဘောလုံးကွင်းသို့ ရောက်ရှိရာ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် လက်ရွေးစင်ဘောလုံးအားကစားသမားများ၊ ဘောလုံးအဖွဲ့ချုပ် ဝန်ထမ်းမိသားစုများက သီတင်းကျွတ်ဂါရဝပြုကန်တော့ကြပြီးနောက် ပြည်ထောင်စုဝန်ကြီးသည် FIFA နိုင်ငံတကာချစ်ကြည်ရေးခြေစမ်းပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာအမျိုးသားလက်ရွေးစင်ဘောလုံးအသင်းနှင့် တွေ့ဆုံ၍ မိမိနိုင်ငံနှင့် မိမိလူမျိုးတို့၏ဂုဏ်သိက္ခာအတွက် ချစ်ကြည်ရေးခြေစမ်းပွဲကို တွန်းတွန်းတိုက်တိုက် အောင်မြင်အောင်ကြိုးစားကြရန် အားပေးစကားပြောကြားခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးဦးမင်းသိန်းဇံ ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း ၊ မြန်မာနိုင်ငံဆိုင်ရာသီရိလင်္ကာနိုင်ငံသံအမတ်ကြီး H.E Ms Prabashini Ponnamperuma ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ် ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော် နှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များသည် FIFA နိုင်ငံတကာချစ်ကြည်ရေးခြေစမ်းပွဲ၊ ဒုတိယပွဲသို့ တက်ရောက်ကြည့်ရှုအားပေးကြပါသည်။

ထို့နောက် မြန်မာအမျိုးသားလက်ရွေးစင်ဘောလုံးအသင်းနှင့် သီရိလင်္ကာလက်ရွေးစင် ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ပြိုင်ပွဲအပြီးတွင်ဂိုးမရှိသရေရလဒ်ဖြစ်ကြောင်းသိရှိရသည်။