Wushu Rule & Regulations Update workshop တက်ရောက်နေသည့် အသင်းအုပ်ချုပ်သူ/နည်းပြချုပ်များ မြန်မာ့အားကစားလှုပ်ရှားမှုများပြခန်းသို့ လာရောက်ကြည့်ရှုလေ့လာ
နေပြည်တော်၊ အောက်တိုဘာ ၁၁ ။
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့က ပူးပေါင်း ဖွင့်လှစ်သည့် Wushu Rules & Regulations Update Workshop တွင် တက်ရောက် လျက်ရှိသော ပြည်ထောင်စုဝန်ကြီးဌာနများနှင့် ပြည်နယ်နှင့်တိုင်းဒေသကြီးအသင်းများမှ အုပ်ချုပ်သူ/နည်းပြချုပ် စုစုပေါင်း(၃၃)ဦးတို့သည် ဝဏ္ဏသိဒ္ဓိအားကစားကွင်း Social Zone ၌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ဖွင့်လှစ်ထားရှိသည့် မြန်မာ့အားကစားလှုပ်ရှားမှုများ ပြခန်းအတွင်းရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက် မြန်မာ့အားကစားလှုပ်ရှားမှုများ ပြခန်း၊ မြန်မာ့အားကစားမော်ကွန်းခန်းမအတွင်းရှိ မှတ်တမ်းတင်ထားသည့် နိုင်ငံ့ဂုဏ်ဆောင် မြန်မာ့လက်ရွေးစင်အားကစားသမားများ၏ ပုံတူရုပ်တုများပြခန်း၊ (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် နိုင်ငံ့ဂုဏ်ဆောင်ရွှေတံဆိပ်ရရှိခဲ့ကြသူများနှင့် အားကစားနည်း အလိုက် ပြိုင်ပွဲမှတ်တမ်းဓာတ်ပုံများပြခန်း၊ (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှအားကစား ပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် အောင်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်မှုများ၊ အားကစားရွာနှင့် Social Zone ဖွင့်ပွဲ မှတ်တမ်းဓာတ်ပုံများပြခန်းနှင့် အားကစားပြတိုက်(စိတ်ဓာတ်မြှင့်တင်ရေးခန်းမ)တို့ကို လာရောက်ကြည့်ရှုလေ့လာခဲ့ပြီး တာဝန်ရှိသူများက လိုက်လံရှင်းလင်းဖြေကြားခဲ့ကြောင်းသိရသည်။