အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၄ ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်အလိုက် အခြေခံပညာပေါင်းစုံအမျိုးသား / အမျိုးသမီး ခရစ်ကက်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုများနှင့်အတူ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ခရစ်ကက်အားကစားနည်းအဆင့်အတန်း တိုးတက်မြင့်မားလာစေရန်နှင့် မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ၂၀၂၄ ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်အလိုက် အခြေခံပညာပေါင်းစုံ အမျိုးသား / အမျိုးသမီး ခရစ်ကက်ပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်များကို ၃၀.၉.၂၀၂၄ ရက်နေ့ ညနေ(၁၅:၀၀)နာရီအချိန်မှစတင်ကာ ပြည်နယ်အားကစားကွင်း၌ ကျင်းပခဲ့ပြီး ညနေ(၁၆:၀၀)နာရီအချိန်တွင် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဆက်လက်ကျင်းပခဲ့ရာ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင် ၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်း ၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင် ၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးစိုင်းလိတ်၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင် ၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးရာဝန်ကြီး ဦးနေဝင်းအောင် ၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း ၊ ပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံ ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးကျော်ကျော်ထွန်း ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့်တာဝန်ရှိသူများ ၊ ပြည်နယ်ခရစ်ကက်ဆပ်ကော်မတီအဖွဲ့ဝင်များ ၊ အားကစားနည်းအလိုက်ဆပ်ကော်မတီအဖွဲ့ဝင်များ၊ ပြည်နယ်/ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာအကြီးအကဲများ ၊ ပညာရေးဒီဂရီကောလိပ်မှ သင်တန်းသား / သင်တန်းသူများ ၊ သားဖွားသင်တန်းကျောင်းမှ သင်တန်းသား / သင်တန်းသူများနှင့် တောင်ကြီးမြို့ပေါ်ရှိ ခရစ်ကက်အားကစားဝါသနာရှင် မိဘပြည်သူများတက်ရောက်ကြည့်ရှုအားပေးခဲ့ကြပါသည်။

ဆက်လက်ပြီး ယနေ့ပြိုင်ပွဲ အမျိုးသမီးဗိုလ်လုပွဲ ပွဲစဉ်များနှင့် အမျိုးသား ဗိုလ်လုပွဲ ပွဲစဉ်များအဖြစ်ပြိုင်ပွဲများကိုလည်းကောင်း အသီးသီး ယှဉ်ပြိုင်ကစားခဲ့ကြရာ ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ခြင်းအခမ်းအနားအား ဆက်လက်ကျင်းပခဲ့ရာ ပထမဦးစွာ SPIRIT OF CRICKET ဆုရရှိသွားသော အ.ထ.က(ဟိုပုံးမြို့နယ်) အမျိုးသမီးအသင်းအား ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ကလည်းကောင်း ၊ SPIRIT OF CRICKET ဆုရရှိသွားသော အ.ထ.က(ရွှေညောင်မြို့) အမျိုးသားအသင်းအား ပြည်နယ်ဥပဒေချုပ် ကလည်းကောင်း ၊ ဆက်လက်ပြီး အမျိုးသမီးပြိုင်ပွဲတွင် တတိယဆုရရှိခဲ့သော အ.ထ.က(၃) တောင်ကြီးမြို့နယ် အမျိုးသမီးအသင်းအား တစ်ဦးချင်းဆုတံဆိပ် ၊ ငွေသားဆု(၂)သိန်းကျပ်နှင့်အတူဆုဖလားအား ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ကလည်းကောင်း ၊ အမျိုးသားပြိုင်ပွဲတွင် တတိယဆုရရှိခဲ့သော အ.ထ.က (ပင်းတယမြို့နယ်) အမျိုးသားအသင်းအား တစ်ဦးချင်းဆုတံဆိပ် ၊ ငွေသားဆု(၂)သိန်းကျပ်နှင့်အတူဆုဖလားအား ပြည်နယ်လမ်းပန်းဆက်သွယ်ရေးရာဝန်ကြီး ကလည်းကောင်း ၊ ဒုတိယဆုရရှိခဲ့သော အ.ထ.က (၂) တောင်ကြီးမြို့နယ် အမျိုးသမီးအသင်းအား တစ်ဦးချင်းဆုတံဆိပ် ၊ ငွေသားဆု(၃)သိန်းကျပ်နှင့်အတူဆုဖလားအား ပြည်နယ်လူမှုရေးရာဝန်ကြီး ကလည်းကောင်း ၊ ဒုတိယဆုရရှိခဲ့သော အ.ထ.က (မြင်းကျဒိုး) အမျိုးသားအသင်းအား တစ်ဦးချင်းဆုတံဆိပ် ၊ ငွေသားဆု(၃)သိန်းကျပ်နှင့်အတူဆုဖလားအား ပြည်နယ်သယံဇာတရေးရာဝန်ကြီး ကလည်းကောင်း ၊ ပထမဆုရရှိခဲ့သော အ.ထ.က (ပင်းတယမြို့နယ်) အမျိုးသမီးအသင်းကို တစ်ဦးချင်းဆုတံဆိပ်များအား ပြည်နယ်စီးပွားရေးရာဝန်ကြီး ကလည်းကောင်း ၊ ပထမဆုရရှိခဲ့သော အ.ထ.က(၂) တောင်ကြီးမြို့နယ် အမျိုးသားအသင်းကို တစ်ဦးချင်းဆုတံဆိပ်များအား ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ကလည်းကောင်း ၊ ပထမဆုရရှိသွားကြသော အ.ထ.က (ပင်းတယမြို့နယ်) အမျိုးသမီးအသင်း နှင့် အ.ထ.က (၂) တောင်ကြီးမြို့နယ် အမျိုးသားအသင်းတို့ကို ငွေသားဆု (၅)သိန်းကျပ်ဆီနှင့်အတူ ပထမဆုဖလားများအား ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ကလည်းကောင်း ဆုများအသီးသီးပေးအပ်ချီးမြှင့်သွားခဲ့ကြကြောင်းသိရှိခဲ့ရပြီး ပြိုင်ပွဲဝင်ဆုရအားကစားသမားများနှင့်အတူအမှတ်တရစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြကြောင်းသိရှိခဲ့ရပါသည်။