အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား (၆)ခရိုင် အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီးကြက်တောင်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

ပဲခူး၊ စက်တင်ဘာ(၁၈)ရက်။

ထူးချွန်ထက်မြက်သည့်လူငယ်သွေးသစ် ကြက်တောင်အားကစားသမားများ ပေါ်ထွက်လာစေရေးအတွက်ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် ၂၀၂၄ ခုနှစ်၊ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား (၆)ခရိုင် အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီးကြက်တောင်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ခြင်းအခမ်းအနားကို စက်တင်ဘာလ(၁၈)ရက်နေ့ နံနက်ပိုင်းက ပဲခူးမြို့၊ ရွှေမော်ဓောဘုရားလမ်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ပေးခဲ့သည်။

ရှေးဦးစွာ အမျိုးသမီးတစ်ဦးချင်းဗိုလ်လုပွဲအဖြစ် ပဲခူးခရိုင်အသင်းမှ မလင်းသီရိဟန်နှင့် သာယာဝတီခရိုင်အသင်းမှ မလဝန်းမိုမိုတို့၏ယှဉ်ပြိုင်ကစားနေမှု၊ အမျိုးသားတစ်ဦးချင်းဗိုလ်လုပွဲအဖြစ် နတ်တလင်းခရိုင်အသင်းမှ မောင်ကောင်းခန့်ကိုနှင့် သာယာဝတီခရိုင်အသင်းမှ မောင်အောင်ကောင်းမြတ်တို့၏ ယှဉ်ပြိုင်ကစားနေမှုအား ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ အစိုးရအဖွဲ့ဝန်ကြီးများနှင့် ဌာနဆိုင်ရာများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများ၊ အားကစားဝါသနာရှင်များက ကြည့်ရှု့အားခဲ့ပေးခဲ့ကြသည်။

ထို့နောက် ဆုချီးမြှင့်ခြင်းအခမ်းအနားဆက်လက်ကျင်းပပြုလုပ်ရာ အမျိုးသမီးကြက်တောင်ပြိုင်ပွဲတွင် ပူးတွဲတတိယဆုရရှိသော ပဲခူးခရိုင်အသင်းမှမကြယ်စင်လင်းအား ဆုတံဆိပ်နှင့်ငွေသားဆုကျပ်(၁)သိန်းကို ဥပဒေချုပ်ဦးခင်မောင်တင့်မှလည်းကောင်း၊ တတိယဆုရရှိသော ပြည်ခရိုင်အသင်းမှမမေမိုးခန့်တို့အားဆုတံဆိပ်နှင့်ငွေသားဆုကျပ်(၁)သိန်း၊ ဒုတိယဆုရရှိသော သာယာဝတီခရိုင်အသင်းမှမလဝန်းမိမိုအား ဆုတံဆိပ်နှင့်ငွေသားဆုကျပ်(၂)သိန်းကိုတိုင်းရင်းသားရေးရာဝန်ကြီးဦးစောလင်းအောင်တို့မှလည်းကောင်း၊ ပထမဆုရရှိသော ပဲခူးခရိုင်အသင်းမှမလင်းသီရိဟန်အား ဆုတံဆိပ်နှင့်ငွေသားဆုကျပ်(၃)သိန်း၊အမျိုးသားကြက်တောင်ပြိုင်ပွဲ ပူးတွဲတတိယဆုရရှိသော သာယာဝတီခရိုင်အသင်းမှမောင်သက်ထူးလွင်တို့အား ဆုတံဆိပ်နှင့်ငွေသားဆုကျပ်(၁)သိန်းကို လူမှုရေးရာဝန်ကြီးဦးမျိုးအောင်မှလည်းကောင်း၊ တတိယဆုရရှိသော တောင်ငူခရိုင်အသင်းမှမောင်ညီဇေယျတို့အား ဆုတံဆိပ်နှင့်ငွေသားဆုကျပ်(၁)သိန်း၊ ဒုတိယဆုရရှိသော နတ်တလင်းခရိုင်အသင်းမှမောင်ကောင်းခန့်ကိုအား ဆုတံဆိပ်နှင့်ငွေသားဆုကျပ်(၂)သိန်းကိုလမ်းပန်းဆက်သွယ်ရေးဝန်ကြီးဦးတင်ဆွေမှလည်းကောင်းအသီးသီးဆုများပေးအပ်ချီးမြှင့်ကြသည်။

ယင်းနောက် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းမှ ပထမဆုရရှိသော သာယာဝတီခရိုင်အသင်းမှ မောင်အောင်ကောင်းမြတ်အား ဆုတံဆိပ်နှင့်ငွေသားဆုကျပ်(၃)သိန်း၊ အမျိုးသား/အမျိုးသမီးတံခွန်စိုက်ဖလားရရှိသော သာယာဝတီခရိုင်အသင်းအား ငွေသားဆုကျပ်(၅)သိန်းနှင့်တံခွန်စိုက်ဆုဖလားတို့အား ပေးအပ်ချီးမြှင့်ပြီး မြန်မာနိုင်ကြက်တောင်အဖွဲ့ချုပ်မှ ဒိုင်အဖွဲ့အား ဂုဏ်ပြုလက်ဆောင်များပေးအပ်ကာ အမှတ်တရစုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူးကြသည်။

အဆိုပါ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား (၆)ခရိုင် အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီးကြက်တောင်ပြိုင်ပွဲအား စက်တင်ဘာလ(၁၇)ရက်နေ့မှ(၁၈)ရက်နေ့အထိကျင်းပပြုလုပ်ခြင်းဖြစ်ပြီး ပဲခူးတိုင်းဒေသကြီးအတွင်းရှိခရိုင်(၆)ခရိုင်မှ ခရိုင်ကိုယ်စားပြု အမျိုးသားအသင်း(၆)သင်း၊ အမျိုးသမီးအသင်း(၆)သင်း စုစုပေါင်း(၁၂)သင်း၊ အားကစားသမား(၆၀)ဦးပါဝင်ယှဉ်ပြိုင်ကစားကြခြင်းဖြစ်ကြောင်းသတင်းရရှိသည်။