အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်အကြို ရန်ကုန်တိုင်းဒေသကြီး အားကစားပွဲတော်ဖွင့်ပွဲအခမ်းအနားကျင်းပ

ရန်ကုန်၊ စက်တင်ဘာ ၁၈ ရက်။

၂၀၂၄ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီး အားကစားပွဲတော်ဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်၊ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁) သု၀ဏ္ဏ၌ ကျင်းပခဲ့သည်။

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီနာယက၊ တိုင်းဒေသကြီး၀န်ကြီးချုပ် ဦးစိုးသိန်း၊တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်ဇနီးများ၊ တိုင်းဒေသကြီးအားကစားနှင့်ကာယပညာကော်မတီမှ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ အားကစားဆပ်ကော်မတီများမှ အဖွဲ့ဝင်များ၊ အဖွဲ့ချုပ်များမှဥက္ကဋ္ဌများနှင့်အထူးဖိတ်ကြားထားသော ဧည့်သည်တော်များ၊ အုပ်ချုပ်သူ၊ နည်းပြများနှင့် အားကစားသမားများတက်‌ရောက်ကြသည်။

ဦးစွာ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီနာယက၊ တိုင်းဒေသကြီး၀န်ကြီးချုပ် ဦးစိုးသိန်းကအဖွင့်အမှာစကားပြောကြားပြီး ပြိုင်ပွဲ၀င်အသင်းများကို တိုင်းဒေသကြီး၀န်ကြီးချုပ်နှင့် တိုင်းဒေသကြီး၀န်ကြီးများက ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ကြသည်။

ထို့နောက် တိုင်း‌ဒေသကြီး၀န်ကြီးချုပ်နှင့် တိုင်းဒေသကြီးဝန်ကြီးများက မြန်မာ့သိုင်း၊ တိုက်ကွမ်ဒို၊ Fitness Dance၊ ကျွမ်းဘားအားကစားသမားများသရုပ်ပြမှုများကို ကြည့်ရှု့အားပေးကြပြီး ဂုဏ်ပြုဆု‌ငွေများအသီးသီး ‌ ပေးအပ်ချီးမြှင့်ကြသည်။

၂၀၂၄ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်အကြို ရန်ကုန်တိုင်းဒေသကြီးအားကစားပွဲတော်တွင် ကျင်းပပြုလုပ်သည့် အားကစားနည်းများဖြစ်သော ဘောလုံး၊ ဖူဆယ်၊ ဘတ်စကက်ဘော၊ ကြက်တောင်၊ ရိုးရာခြင်းလုံး၊ ဂေါက်သီး၊ ခရစ်ကက်၊ စားပွဲတင်တင်းနစ်၊ ဘော်လီဘော၊ တင်းနစ်၊ ရေကူး၊ ပြေးခုန်ပစ်၊ ကာယဗလနှင့်ကာယကြံ့ခိုင်မှု၊ ဘိလိယက်နှင့်စနူကာ၊ လက်ဝှေ့၊ ဂျူဒို၊ ကရာတေး၊ ပိုက်ကျော်ခြင်း၊ တိုက်ကွမ်ဒို၊ မြန်မာ့သိုင်း/ဗိုဗီနမ်၊ အလေးမ၊ ဝူရှူးနှင့် မသန်စွမ်း စုစုပေါင်း အားကစားနည်း ၂၄နည်းကို စက်တင်ဘာ၁၄ရက်မှ ၂၄ရက်အထိ ကျင်းပပြုလုပ်လျက်ရှိ‌ကြောင်းသိရသည်။

အဆိုပါပြိုင်ပွဲများတွင် ခရိုင်၁၄ ခရိုင်မှ ကစားသမား၂၄၁၇ ဦးနှင့် အုပ်ချုပ်သူနည်းပြ ၅၉၉ ဦး စုစုပေါင်း ၃၀၁၆ ဦးပါဝင်‌ယှဉ်ပြိုင်လျက်ရှိကြောင်း သိရှိရသည်။