အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

Asian Equestrian Federation (A.E.F) U-21 Regional Group III Show Jumping ပြိုင်ပွဲ ဝင်ရောက်ယှဥ်ပြိုင်ရန်အတွက် ဒုတိယအကြိမ် အပြီးသတ် ပဏာမလက်ရွေးစင်ရွေးချယ်သည့် အရည်အချင်းစစ် ပြိုင်ပွဲဆက်လက်ကျင်းပ

နေပြည်တော်၊ စက်တင်ဘာ ၈။

မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်သည် အိန္ဒိယနိုင်ငံ မြင်းစီးအားကစားအဖွဲ့ချုပ်၏ ဖိတ်ကြားချက်အရ ၂၀၂၄ ခုနှစ် အောက်တိုဘာလတွင် အိန္ဒိယနိုင်ငံ၌ ကျင်းပမည့် အာရှမြင်းစီးအားကစားအဖွဲ့ချုပ် ဒေသန္တရအုပ်စု(၃)ဆိုင်ရာ အသက် ၂၁ နှစ်အောက် မြင်းစီးတန်းခုန် Asian Equestrian Federation(A.E.F) U-21 Regional Group III Show Jumping ပြိုင်ပွဲသို့ ဝင်ရောက်ယှဥ်ပြိုင်ရန်အတွက် ဒုတိယအကြိမ် အပြီးသတ် ပဏာမလက်ရွေးစင်ရွေးချယ်သည့် အရည်အချင်းစစ် ဒုတိယနေ့ ပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်ရှိ မြင်းစီးအားကစားကွင်း၌ ကျင်းပခဲ့သည်။

ဦးစွာ ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့မှ ၈ ရက်နေ့အထိ အိန္ဒိယနိုင်ငံတွင် ဖွင့်လှစ်မည့်Tent Pegging သင်တန်းသို့ တက်ရောက်ရန်အတွက် လူရွေးချယ်ခြင်းကို ပြိုင်ပွဲဝင်အာကစားသမား ၇ ဦးတို့က ၃ ကျော့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။

ထို့နောက် မွန်းလွဲပိုင်းတွင် Show Jumping U-21 Qualifier (2nd Round)September 2024 အတွက် ပဏာမလက်ရွေးစင် ရွေးချယ်သည့် အရည်အချင်းစစ် ဒုတိယနေ့ ပြိုင်ပွဲကို ဆက်လက်ကျင်းခဲ့သည်။

ဆက်လက်ပြီး ပထမနေ့နှင့် ဒုတိယနေ့တို့တွင် ရမှတ်အများဆုံးနှင့် စံချိန်ကောင်းသူ အားကစားသမား၂ ဦးတို့အား ဆက်လက်ယှဉ်ပြိုင်စေခဲ့ရာမောင်‌ကျော်ဝဏ္ဏ‌အောင်က ပထမအကြိမ် စံချိန် ၈.၉၀၊ ဇီးရိုးပင်နယ်တီနှင့် ဒုတိယအကြိမ် စံချိန် ၈.၇၂၊ ဇီးရိုး ပင်နယ်တီဖြင့်လည်းကောင်းမောင်ကောင်းမြတ်သူက ပထမအကြိမ် စံချိန် ၇.၆ ၊ ၈ ပင်နယ်တီနှင့် ဒုတိယအကြိမ် စံချိန် ၈.၀၇၊ ဇီးရိုး ပင်နယ်တီတို့ရရှိခဲသည့်အတွက် မြန်မာ့လက်ရွေးစင် အဖြစ် မောင်‌ကျော်ဝဏ္ဏ‌အောင်က ရွေးချယ်ခြင်းခံခဲ့ရသည်။

ယင်းနောက် ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်းအခမ်းအနားကိုဆက်လက်ကျင်းပခဲ့ရာ အိန္ဒိယနိုင်ငံတွင် ဖွင့်လှစ်မည့် Tent Pegging သင်တန်းသို့ တက်ရောက်ရန်အတွက် လူရွေးချယ်ခြင်း ပြိုင်ပွဲကို ဝင်‌ရောက်ယှဥ်ပြိုင်ခဲ့သည့် အားကစားသမား ၇ ဦး၊ Show Jumping ပြိုင်ပွဲသို့ ဝင်ရောက်ယှဥ်ပြိုင်ခဲ့သည့် အားကစားသမား ၄ ဦးနှင့် မြင်းစီးအားကစားနည်းဖွံ့ဖြိုးတိုးတက်စေရေးအတွက် စွမ်းစွမ်းတမံ ကြိုးစားဆောင်ရွက်ပေးခဲ့ကြသည့် အဖွဲ့ချုပ်မှ ဂုဏ်ထူးဆောင် အလုပ်အမှုဆောင်တို့အား မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးပြုံးမောင်မောင်နှင့် တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာများနှင့် ဂုဏ်ထူးဆောင် အလုပ်အမှုဆောင်ကတ်ပြားများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။

မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်သည်မြင်းစီးတန်းခုန် Asian Equestrian Federation(A.E.F) U-21 Regional Group III Show Jumping ပြိုင်ပွဲသို့ ဝင်ရောက်ယှဥ်ပြိုင်ရန်အတွက် ပဏာမ‌ရွေးချယ်ထားသည့် ပြိုင်ပွဲဝင် (၄)ဦးမှ အပြီးသတ် လက်ရွေးစင်အားကစားသမား(၁)ဦးအား ရွေးချယ်ရန်အတွက် ယခုဒုတိယအကြိမ် U-21 Show Jumping အပြီးသတ်အရည်အချင်းစစ်ပြိုင်ပွဲကို ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၇ ရက်နေ့နှင့် ၈ ရက်နေ့တို့တွင် ကျင်းပခဲ့ခြင်းဖြစ်ကြောင်းသိရသည်။