(၃၃)ကြိမ်မြောက် ပဲရစ်အိုလံပစ်အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာအားကစားအဖွဲ့ထွက်ခွာ
ရန်ကုန် ၊ ဇူလိုင် ၂၂ ရက်။
ပြင်သစ်နိုင်ငံ ၊ ပဲရစ်မြို့တွင် ၂၇.၇.၂၀၂၄ ရက်နေ့ မှ ၁၁.၈.၂၀၂၄ ရက်နေ့အထိကျင်းပပြုလုပ်မည့် (၃၃)ကြိမ်မြောက် ပဲရစ်အိုလံပစ်အားကစားပြိုင်ပွဲသို့ ရေကူးအားကစားနည်းမှ အုပ်ချုပ်သူ (၁)ဦး ၊ နည်းပြ (၁)ဦး ၊ အားကစားသမား (၁)ဦးနှင့် ကြက်တောင်အားကစားနည်းမှ အုပ်ချုပ်သူ(၁)ဦး၊ အားကစားသမား (၁)ဦး၊ စုစုပေါင်း (၅)ဦးတို့သည် ယနေ့ နံနက် (၁၁:၂၀) အချိန်က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာသွားရာ မြန်မာနိုင်ငံလှေလှော်အဖွဲချုပ်နှင့် မြန်မာနိုင်ငံရေကူးအဖွဲ့ချုပ်ဥက္ကဌ ဦးသောင်းထိုက်မင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် မိဘဆွေမျိုးများက ပို့ဆောင်နူတ်ဆက်ခဲ့ကြောင်း သိရှိရသည်။